Connect with us

Hi, what are you looking for?

သတင်း

မိုးညှင်းမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုး၊ ပစ်ခတ်တာတွေလုပ်နေလို့ ဒေသခံတွေကို KIA သတိပေး

ကချင်-စစ်ကိုင်းအစပ် မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာအခြေစိုက် စစ်တပ်က အနီးပတ်ဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ နိုဝင်ဘာ ၁၁ရက် သတင်းမှာ ဖော်ပြပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung La N)

နိုဝင်ဘာ-၁၂၊ ၂၀၂၆။ထားမြတ်/People’s Spring

ကချင်-စစ်ကိုင်းအစပ် မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာအခြေစိုက် စစ်တပ်က အနီးပတ်ဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ နိုဝင်ဘာ ၁၁ရက် သတင်းမှာ ဖော်ပြပါတယ်။

KIA တပ်မဟာ(၈) တပ်ရင်း(၃၅) နယ်မြေဖြစ်တဲ့ နမ့်စီးအောင်ရွာအခြေစိုက် စစ်တပ်က ဒေသတွင်းက ရွာတွေဖြစ်တဲ့ ပင်လုံကျေးရွာ၊ မာန်ဟဲရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ နန့်စီးအောင်စစ်တပ်စခန်း ပတ်ဝန်းကျင်ရွာတွေဘက်ကို အခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုး လှုပ်ရှားနေလို့ ဒေသခံ ပြည်သူတွေ အနေနဲ့ သတိထားနေထိုင်ဖို့ တာဝန်ရှိသူတွေက အသိပေးနှိုးဆော်ထားကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၇ရက်က နန့်စီးအောင် စစ်တပ်စခန်းကို KIAနဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားတာ၊ လက်နက်ကြီး ရမ်းပစ်တာတွေလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

KIA တပ်ရင်း(၃၅) တပ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကိုင်း-ကချင်အစပ် ဒေသတွေမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိပါတယ်။

နိုဝင်ဘာ ၄ရက်ကနေ ၈ရက်အတွင်း KIAနဲ့ PDF ပူးပေါင်းတပ်တွေက အင်းတော်-မော်လူးကြားရှိ စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စီပိန်း၊ ဖားပန်နဲ့ ပင်ဝယ်စတဲ့ ကျေးရွာတွေမှာ အခြေစိုက် ထားတဲ့ စစ်တပ်စခန်းသုံးခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း စစ်ကိုင်း-ကချင်အစပ် ဒေသတွေကို စစ်အင်အား ဖြည့်တင်းပြီး လမ်းပိုင်းထိန်းချုပ်နိုင်ဖို့၊ နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးပမ်းနေပေမဲ့ KIA ပူးပေါင်းတပ်ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် အောက်တိုဘာလနဲ့ နိုဝင်ဘာလ တိုက်ပွဲတွေမှာ စစ်တပ်အထိနာလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

Facebook