Connect with us

Hi, what are you looking for?

သတင်း

စင်ကာပူမှထင်ရှားတဲ့Surbana International Consultants ကုမ္ပဏီမြန်မာမှထွက်ခွာ​မယ်

ဟံသာဝတီလေဆိပ်၊ကျောက်ဖြူစက်မှုဇုန် နဲ့ ဆိပ်ကမ်း၊ ပဲခူးစက်မှုဇုန်၊ကန်​တော်ကြီးငါးပြတိုက်စတဲ့စီမံကိန်း​တွေ​ဆောင်ရွက်ခဲ့

နို၀င်ဘာ-၁၂၊၂၀၂၆။ဇော်၀င်း/People’s Spring

စင်ကာပူအစိုးရလက်အောက်ခံ မြို့ပြစီမံ

ကိန်း၊ အင်ဂျင်နီယာနဲ့ အတိုင်ပင်ခံ Surbana International Consultants ကုမ္ပဏီက မြန်မာနိုင်ငံကထွက်ခွာ​တော့မယ်လို့ ဒီက​နေ့ကြေညာလိုက်ပါတယ်။

နို၀င်ဘာ ၁၂ ရက်ထုတ် စစ်​ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာပါဖော်ပြချက်အရ ဒေဝါလီခံခြင်းဆိုင်ရာဥပဒေနဲ့ နည်းဥပဒေတွေနဲ့အညီ ကုမ္ပဏီရဲ့ ဆန္ဒအလျောက် လုပ်ငန်းရပ်စဲဖျက်သိမ်းခြင်း (voluntary winding-up)ကိစ္စရပ်တွေကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ၁၀ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အထွေထွေအစည်းအဝေး အတည်ပြုခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကုမ္ပဏီရဲ့ကြွေးရှင်တွေအားလုံးဟာမိမိတို့ရဲ့ ကြွေးမြီ ဒါမှမဟုတ်ငွေတောင်းခံပိုင်ခွင့် သက်သေခံချက်တွေကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီးတင်ပြဖို့လည်း အသိပေးထားပါတယ်။

“ဒဂုံဆိပ်ကမ်းမြို့ပြအိမ်ရာ၊ကန်တော်ကြီးငါး ပြတိုက်၊ပြည်လမ်းမြေအောက် လူကူးလမ်း၊ ဟံသာဝတီလေဆိပ်၊ကျောက်ဖြူစက်မှုဇုန် နဲ့ ဆိပ်ကမ်း၊ ပဲခူးစက်မှုဇုန် စသဖြင့် စီမံကိန်း များစွာမှာ မာစတာပလန်ကစလို့ စီမံကိန်း စီမံခန့်ခွဲ မှုအထိ ပါဝင် ဆောင်ရွက်ခဲ့တဲ့ ကု မ္ပဏီ”လို့ Surbana International Consultants ကုမ္ပဏီအကြောင်းကို စီးပွားရေးလုပ်ငန်းရှင်ကပြောပါတယ်။

Surbana International Consultants ကုမ္ပဏီလုပ်ငန်းရပ်နားခဲ့ရမှုနဲ့ပတ်သက်လို့လူထုနွေဦးကသက်ဆိုင်ရာကုမ္ပဏီထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

Surbana International Consultants (Myanmar) Co., Ltd. ဟာ စင်ကာပူနိုင်ငံပိုင် Temasek Holdings လက်အောက်ကကမ္ဘာ့အဆင့်မီမြို့ပြစီမံကိန်း၊အင်ဂျင်နီယာနဲ့ အတိုင်ပင်ခံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Surbana Jurong (SJ Group)ရဲ့ကုမ္ပဏီခွဲတစ်ခုဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ Surbana International Consultants နှင့် Jurong International Holdings တို့ ပူးပေါင်းပြီး Surbana Jurong (SJ Group)အဖြစ်ဖွဲ့စည်းပြီး မြန်မာနိုင်ငံမှာ လုပ်ငန်းတွေအကောင်အထည်ဖော်ခဲ့ပါတယ်။

ကုမ္ပဏီရဲ့အချက်အလက်တွေအရမြန်မာရေနေသတ္တဝါပြတိုက် (Yangon Ecological Aquarium)လိုခရီးသွားဆွဲဆောင်ရာ စီမံကိန်းတွေပါဝင် ဆောင်ရွက်ခဲ့ပြီး မြို့ပြမာစတာပလန်ရေးဆွဲတာ၊အင်ဂျင်နီယာဒီဇိုင်း၊ဗိသုကာလက်ရာ၊ စီမံကိန်းစီမံခန့်ခွဲမှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်းတွေကို အဓိကထား လုပ်ကိုင်ခဲ့ပါတယ်။

ဒါ့အပြင် Surbana Jurong Private Limited (SJ)ကအာရှအခြေစိုက်အကြီးဆုံးမြို့ပြ၊စက်မှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီကြီးတွေထဲကတစ်ခုဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာရုံးချုပ်ရှိပြီးအာရှ၊ ဩစတြေးလျ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အမေရိကတိုက်က နိုင်ငံပေါင်း ၄၄ နိုင်ငံမှာ ရုံးခွဲပေါင်း ၁၁၃ ခု ဖွင့်လှစ်ထားကာ နိုင်ငံတကာ ဝန်ထမ်းအင်အား ၁၃,၀၀၀ ရှိပြီး နှစ်စဉ် ဝင်ငွေလည်ပတ်မှု စင်ကာပူဒေါ်လာ ၁.၃ ဘီလီယံခန့် ရှိတယ်လို့ ကုမ္ပဏီရဲ့စာရင်းရှင်းတမ်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း ကမ္ဘာ့အကြီးဆုံး စာရင်းကိုင်နဲ့ စီးပွားရေးအကြံ ပေး ဝန်ဆောင်မှုလုပ်ငန်းကွန်ရက်ကြီး Price waterhouse Coopers (PwC)က မြန်မာက ထွက်ခွာမယ်လို့ ကြေညာထားပါတယ်။

အလားတူမြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှယ်ယာတွေကိုရောင်းချသွားပြီး မြန်မာ့စျေးကွက်ကနေ ထွက်ခွာတော့မယ်လို့ လူသုံးကုန်နဲ့ စားသောက်ကုန် လုပ်ငန်းစုကြီး Unilever ကလည်း မကြာသေးမီရက်ပိုင်းကကြေညာခဲ့ပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အပြင်ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေပါ လုပ်ငန်းရပ်ဆိုင်းတာ၊ ကုမ္ပဏီဖျက်သိမ်းတာတွေ ဆက်တိုက်ဖြစ်နေပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ခရီးသွားကုမ္ပဏီတွေ၊ထုတ်ကုန်လုပ်ငန်းတွေ၊အိပ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတွေစတဲ့ လုပ်ငန်း​တွေဟာ ရပ်နားပြီလို့ အခုလပိုင်း သတင်းစာတွေထဲမှာ မကြာခဏ​ဖော်ပြ​နေပါတယ်။

ဒေါ်လာငွေထိန်းချုပ်ထားတဲ့ စစ်ကောင်စီရဲ့ သွင်းကုန်ထုတ်ကုန် ကန့်သတ်ချက်တွေ၊ငွေကြေးဖောင်းပွမှု နဲ့ အ​ထွေ​ထွေကုန်ဈေးနှုန်းမြင့်တက်မှု၊ လျှပ်စစ်မီးပြတ်မှု ၊စစ်တပ်ရဲ့စစ်မှုထမ်းဥပဒေကြောင့် အဓမ္မစစ်သားသစ်စု​ဆောင်းတာ ၊​ပေါ်တာဆွဲတာ​တွေ​

ကြောင့်လုပ်သားရှားပါးလာတာတွေ က စီးပွား​ရေးလုပ်ငန်း​တွေရပ်တည်ီဖို့ ၊လည်ပတ်ဖို့ အဓိကအခက်အခဲဖြစ်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

Facebook