Connect with us

Hi, what are you looking for?

သတင်း

အင်းတော် – ကသာလမ်း လုံခြုံရေးစစ်ကြောင်းအား KIAနှင့် PDF တိုက်ခိုက်

စစ်ကောင်စီတပ် ယာဉ်တန်းလုံခြုံရေးယူရန်လာသည့်စစ်ကောင်စီတပ်များနှင့်စစ်ကောင်စီယာဉ်တန်းအား KIAနှင့်KPDFတပ်ဖွဲ့များမှ မတ်လ၂၀ရက်နှင့်၂၁ရက် တို့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

(အင်းတော်မြို့ ဘောလုံးကွင်းအတွင်း နေရာယူထားသော စစ်ကောင်စီတပ်သားများအား မတ်လ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - IR)
(အင်းတော်မြို့ ဘောလုံးကွင်းအတွင်း နေရာယူထားသော စစ်ကောင်စီတပ်သားများအား မတ်လ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - IR)

▪️နှစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၁၀ဦး ကျော်သေ

စစ်ကိုင်းတိုင်း အင်းတော် – ကသာလမ်းပိုင်းလမ်းလုံခြုံရေးယူရန်လာသည့် စစ်ကောင်စီတပ်သားများနှင့် ယာဉ်တန်းအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF)ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ကြောင်း အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

“၂၀ရက်နေ့မှာ KIA က အကိုတွေပြောတာပေါ့နော်။ ၅ယောက်လောက် ပစ်လဲသွားကြတာတဲ့။ နောက်ထပ် ၂၁ရက်နေ့မှာကျတော့ သူတို့ရှေ့မှာ မြင်တာ လေးယောက်လောက်ပစ်လဲသွားတာ နောက်ပြီး ဒဏ်ရာနဲ့ သူတို့လူတွေကို အကူအညီလှမ်းတောင်းနေတာ ကယ်ပါအုံးလှမ်းပြောနေတာတွေကို ကြားနေရတယ်တဲ့”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ် ယာဉ်တန်းလုံခြုံရေးယူရန်လာသည့်စစ်ကောင်စီတပ်များနှင့်စစ်ကောင်စီယာဉ်တန်းအား KIAနှင့်KPDFတပ်ဖွဲ့များမှ မတ်လ၂၀ရက်နှင့်၂၁ရက် တို့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

“အင်းတော် – ကသာလမ်းပိုင်းက ၁၈မိုင်ပဲရှိတာ။ ခဏပဲသွားရတာ။ သူတို့ ပထမရက်က ယာဉ်တန်းမလာခင် လမ်းပိုင်းတွေမှာ သူတို့အရင်ဦးဆုံး လုံခြုံရေးချတာ။ အဲဒီ လုံခြုံရေးချတဲ့ဟာတွေကိုမှ ကြားဖြတ်တိုက်ခိုက်တာ။ နောက်ထပ် ၂၁ရက်နေ့ကျတော့ ယာဉ်တန်းလာတဲ့အခါ ပြန်တိုက်ခိုက်ပြန်တာပေါ့”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က သေဆုံးသူ ၁၀ဦးကျော်ရှိပြီး သေဆုံး၊ ဒဏ်ရာရခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကသာ အခြေစိုက် (၃၀၉)တပ်သို့ ခေါ်ဆောင်သွားကြောင်း Indaw Revolution က ဖော်ပြသည်။ KIA၊ KPDF ရဲဘော်များဘက်က ထိခိုက်မှုမရှိ ပြတ်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။