Connect with us

Hi, what are you looking for?

သတင်း

မတူပီ – ပလက်ဝ၌ ရိက္ခာပို့ယာဉ်တန်းကို ချင်းတပ်ဖွဲ့ ထပ်မံ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးသေဆုံး

မတ်လ ၂၀ရက်တွင် မတူပီအခြေစိုက် ခမရ(၃၀၄)မှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါ ယာဉ်တန်းကို မတူပီ-ပလက်ဝ လမ်းမပေါ် တွင်မတူပီ CDF၊ချင်းအမျိုးသားတပ်မတော်(CNA)တို့ကဆက်တိုက်ကြားဖြတ်တိုက်ခိုက်​နေခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ် ယာဥ်တန်းကိုCDF မတူပီတပ်ဖွဲ့ဝင်များကတိုက်ခိုက်​နေမှု။ ။ဓါတ်ပုံ-CDF)
(စစ်​ကောင်စီတပ် ယာဥ်တန်းကိုCDF မတူပီတပ်ဖွဲ့ဝင်များကတိုက်ခိုက်​နေမှု။ ။ဓါတ်ပုံ-CDF)

▪︎မိုင်းဆွဲတိုက်ခိုက်မှု၊ ခြုံခိုပစ်ခတ်မှု ရုပ်သံမှတ်တမ်းနှင့် စစ်ကောင်စီအလောင်းများ ပြန့်ကျဲနေပုံများထုတ်ပြန်

ချင်းပြည်နယ် မတူပီ – ပလက်၀လမ်းရှိ ထယ်ဘွေးတပ်စခန်းသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ယာဉ် ၃စီးကို ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦး သေဆုံးခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)မှတာဝန်ရှိသူက​ပြောသည်။

မတ်လ ၂၀ရက်တွင် မတူပီအခြေစိုက် ခမရ(၃၀၄)မှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါ ယာဉ်တန်းကို မတူပီ-ပလက်ဝ လမ်းမပေါ် တွင်မတူပီ CDF၊ချင်းအမျိုးသားတပ်မတော်(CNA)တို့ကဆက်တိုက်ကြားဖြတ်တိုက်ခိုက်​နေခြင်းဖြစ်သည်။

“မိုင်းဆွဲတိုက်ခိုက်တာရယ်၊ ထိတွေ့တိုက်ခိုက်တာရှိပြီး စကစဘက်မှ ၁၃ဦး ကျပြီး ဒဏ်ရာရ ၇ဦး ထိရှိလာတယ်။

ကျွန်တော်တို CDF-မတူပီဘက်က တစ်ဦးဒဏ်ရာရရှိပါတယ်။”ဟု CDF-မတူပီ တာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ(၂၄)ရက်နေ့တွင် မတူပီ-ပလက်ဝလမ်းမိုင်တိုင် ၁၄/၁၅ အကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦး သေဆုံးခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်သည်။ ထို့နောက် ကြားဖြတ်တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ရာ စစ်သား၆ ဦးသေဆုံးပြီး ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း​ဖော်ပြသည်။

CDF မတူပီထုတ်ပြန်ချက်တွင် မတ်လ ၂၄ရက် မတူပီ -ပလက်၀လမ်း မိုင်တိုင် ၁၅ ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့မှု၊ မတ်လ ၂၃ရက်နှင့် ၂၄ရက်က မိုင်တိုင် ၁၂နှင့် ၁၃ အကြားတိုက်ပွဲများ၏ ရုပ်သံမှတ်တမ်းများကို ဖော်ပြခဲ့သည်။ ထို့အပြင် ဝေဟင်မှ ရိုက်ကူးထားရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများကားလမ်း​ပေါ်တွင် ပြန့်ကျဲနေသည်ကိုလည်း​တွေ့ရသည်။

“အခုလဲ တောက်လျှောက်တိုက်ပွဲတော့ရှိဦးမှာ။ စကစ ကားကို ဖြိုနိုင်အောင်ကြိုစားထားကြတာ၊နည်းနည်းတော့အခက်အခဲတွေ့တာပေါ့။ အတတ်နိုင်ဆုံး ခုခံကာကွယ်ကြပါတယ်” ဟု CDF-မတူပီတာဝန်ရှိသူကဆက်​ပြောသည်။

မတူပီ-ပလက်ဝလမ်း မိုင်တိုင် (၁၆) ဝါပုန်းလမ်းခွဲအနီးအနားတစ်လျှောက်တွင် စစ်ကောင်စီတပ်မှ နင်းမိုင်းများ ထောင်ထားကြောင်း မတူပီ CDFက အသိပေးထားပြီး မိုင်းရှင်းလင်းရေး ပြုလုပ်နိုင်ပြီးမှသာ သွားလာကြရန် ပြည်သူများအားတိုက်တွန်းထားသည်။ ထို့ပြင်မတူပီ CDF၏ ထုတ်ပြန်ချက်များကို အထူးအလေးထားစေလိုသည်ဟု အသိပေးထားသည်။

အဆိုပါ စစ်ယာဉ် ၃စီးကို မတ်လ ၂၂ရက်ကလည်း မတူပီ -ပလက်၀လမ်း မိုင်တိုင်အမှတ် ၁၂ တွီရှစ်ရွာအထွက် နေရာ နှင့် ပန်တွီးလ်းခွဲ၌ မတူပီ CDFက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၆ဦးသေဆုံးခဲ့​သေး​သည်။ ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်က အင်အား ၃၀ ဖြည့်တင်းခဲ့ပြီး ဒဏ်ရာရသူများအား ရဟတ်ယာဉ်ဖြင့် သယ်ဆောင်သွားသည်ဟုCDFကထုတ်ပြန်သည်။

စစ်​ကောင်စီတပ်သည်မတ်လတွင်မတူပီ-ပလက်၀လမ်းရှိထယ်ဘွေးစစ်တပ်စခန်းသို့ရိက္ခာဖြည့်၊စစ်ကူပို့ရန်နှင့် ဟားခါးသို့ ရိက္ခာနှင့် အင်အားဖြည့်ရန် က​လေး၊ဖလမ်း တို့မှတစ်ဆင့် စစ်ကားတန်းများ​စေလွှတ်ထားခြင်းဖြစ်သည်။အဆိုပါကားတန်း ၂ တန်းစလုံးကို ချင်းကာကွယ်​ရေးတပ်ဖွဲ့များကလမ်းတစ်​လျှောက်တိုက်ခိုက်​နေရာ စစ်သားများ​သေဆုံးထိခိုက်မှုများဆက်တိုက်ကြုံ​နေပြီး ကားတန်းမှာလည်းခရီးမတွင်ဘဲဖြစ်​နေသည်။

“ပွင့်လင်းရာသီမှာ ရိက္ခာတွေ အင်အားတွေဖြည့်လေ့ရှိတယ်။ သူတို့ အင်အားတွေဖြည့်မလာတာ ရိက္ခာတွေဖြည့်မလာတာဟာ ကြာလည်းကြာပြီ။ ဒီနှစ်ထဲမှာ ဒီတခါ ပထမဆုံးအကြိမ်ပေါ့။ အခု ဟားခါးဗျူဟာ ဂွင်ထဲကိုသော်လည်းကောင်း ပြီးတော့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ် – မတူပီ ဘက်ကိုသော်လည်းကောင်း ယာဉ်တန်းနဲ့ တက်လာတာရှိတယ်။ သူတို့က ဒီနှစ် ဇန်နဝါရီက စပြီး ဒီနေ့အထိ လေယာဉ်တိုက်ခိုက်မှု တွေကိုလုပ်တယ်။ ကျနော်တို့ကို ချေမှုန်းဖို့ ဖြစ်တယ်။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုကတော့ ကျနော်တို့ ချင်းတောင် ပထဝီအနေအထားအရ တခြား ဒေသနဲ့စာရင် ကျနော်တို့ဘက်မှာ ထိရောက်မှုမရှိပါဘူး။ အသေအပျောက်တွေဘာတွေ ကျနော်တို့ တော်တော်လေးနည်းခဲ့တယ်။ အဲဒီလို ရှိတယ်။ ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး ခုခံသွားမှာပဲ။”ဟုချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်

(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက People’s Spring နှင့်အင်တာဗျူးတွင်​ဖြေကြားထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်မှာ အဓိက တာဝန်ယူတဲ့ စစ်တပ်ရဲ့ တပ်မ(၇၇)တပ်ဖွဲ့တွေကို ပြန်လည်ရုတ်သိမ်းကာ ရဲတပ်ရင်းတွေနဲ့ အစားထိုးနေရာချထားတယ်လို့ သတင်းရရှိထားကြောင်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။