Connect with us

Hi, what are you looking for?

သတင်း

ရေးတံတားရှိ ကင်းစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ဟု ရေးဘီလူးအဖွဲ့ပြော

ရေးဘီလူးအဖွဲ့အနေဖြင့် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာနေရာနှင့် စစ်ကောင်စီလက်နက်ကိုင်များ ၏ ကားများ၊ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့နေရာများကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အဖွဲ့ဖြစ်သည်။

(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ရေးဘီလူး)
(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ရေးဘီလူး)

စစ်ကောင်စီတပ် သေဆုံးမှုရှိ၊ ဒရုန်းတစ်စီး ဆုံးရှုံးဟု အသိပေး

မွန်ပြည်နယ် ရေးမြို့နယ် တံတားကြီးရှိ ကင်းစခန်းတစ်ခုကို ယနေ့(မတ်လ ၂၇ရက်)နံနက်တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“ဒရုန်းဗုံးသီးကျတယ်။ ထိခိုက်မှုလည်း ရှိတယ် ။ သေဆုံးမှုလည်း ရှိနိုင်မယ်လို့တော့ ထင်တယ်” ဟု ၎င်းက People’s Spring သို့ ဖြေကြားသည်။

အဆိုပါတိုက်ခိုက်မှုတွင် ဒရုန်းကို ပြန်ခေါ်၍ မရ၍ ဒရုန်းတစ်စီးဆုံးရှုံးခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်က ကြိုတင်ပြင်ဆင်မှုများ ယခင်ထက်ပြုလုပ်ထားကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။ အင်အားဖြည့်တင်းခြင်းအပြင် တပ်စခန်းအနီးနား မိုင်းထောင်ထားခြင်းများ ပြုလုပ်ထားသည်ဟု ဆိုသည်။

“သတင်းစကား ပါးချင်တာက အရင်ကလို ပွဲသေးသေးလေးတွေလုပ်လို့ အဆင်မပြေလောက်တော့ဘူး။ ပွဲကြီးတွေကရတော့မယ့်အတွက်ကြောင့် ကျနော်တို့မှာလည်း ပြည်သူလူထုတွေ ထောက်ပံ့မှု လိုအပ်တယ်။ နောက်တစ်ခုက စစ်ကောင်စီက ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ လုပ်လို့မရဘူး ဝင်တိုက်ခိုက်လို့ မရဘူးဆိုတဲ့ အဘိဓာန်မျိုးမရှိစေရဘူး။ ကျနော်တို့ ရအောင်ဖောက်ထွင်းမယ်။ ကျနော်တို့လိုချင်တဲ့ ပန်းတန်း ၊ ကျနော်တို့ လိုချင်တဲ့ အနာဂတ်ကို ရောက်အောင်သွားမယ်။အဲဒီအတွက်လည်း ပြည်သူလူထုကို အားပေးစကား ပြောချင်တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

Public Service Announcement

Public Service Announcement

ရေးဘီလူးအဖွဲ့အနေဖြင့် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာနေရာနှင့် စစ်ကောင်စီလက်နက်ကိုင်များ ၏ ကားများ၊ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့နေရာများကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။