Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်မြို့အဝင်ဆိုင်းဘုတ်၌ ချိတ်ဆွဲထားသောစာတန်းလာဖြုတ်သည့် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရ

တိုက်ခိုက်မှုအတွင်း PPDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးဝေးနေထိုင်ကြရန်နှင့် အိမ်စီးကားများဖြင့် စစ်ကောင်စီ၏ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများ သယ်ဆောင်ခြင်းမပြုကြရန် သတိပေးထုတ်ပြန်ထားသည်။

(ပေါင်းတည်မြို့နယ် ရန်ကုန် - ပြည်ကားလမ်းဘေးရှိ မြို့အဝင်ဆိုင်းဘုတ်၌ ချိတ်ဆွဲထားသော စာတန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - PPDF)
(ပေါင်းတည်မြို့နယ် ရန်ကုန် - ပြည်ကားလမ်းဘေးရှိ မြို့အဝင်ဆိုင်းဘုတ်၌ ချိတ်ဆွဲထားသော စာတန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - PPDF)

ပဲခူးတိုင်း ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ရန်ကုန် – ပြည်ကားလမ်းဘေးရှိ မြို့အဝင်ဆိုင်းဘုတ်၌ ချိတ်ဆွဲထားသော စာတန်းလာဖြုတ်သည့် စစ်ကောင်စီတပ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၅)ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)မှ ရဲဘော်တစ်ဦးက ပြောသည်။

ပေါင်းတည်မြို့အဝင်ဆိုင်းဘုတ်၌ချိတ်ဆွဲထားသော “တစ်တိုင်းလုံးညီ တစ်ပြည်လုံးရဲ မင်းအောင်လှိုင်ခေါင်း ဒေါင်းနင်းတဲ့ပွဲ”ဟု ရေးသားထားသည့်စာတန်းအား လာဖြုတ်သည့် စစ်‌‌ကောင်စီတပ်ဖွဲ့ဝင်ငါးဦးကို ဇူလိုင် ၃ရက် နံနက် ၈ နာရီကျော်တွင် PPDF မှ နွေဦးအဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မြို့အဝင်ဆိုင်းဘုတ်မှာ စာတန်းချိတ်ပြီး ဒီကောင်တွေကို မျှားခေါ်လိုက်တာ”ဟု ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၅)PPDF မှ ရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျမသိရသေးဘဲ စုံစမ်းဆဲဖြစ်ကြောင်း ၎င်းရဲဘော်က ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း PPDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးဝေးနေထိုင်ကြရန်နှင့် အိမ်စီးကားများဖြင့် စစ်ကောင်စီ၏ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများ သယ်ဆောင်ခြင်းမပြုကြရန် သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။