Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

‘ဒေါတမကြီး’တိုက်ပွဲအောင်မြင်မှုတော်လှန်​ရေးအင်အားစုများအတွက်ခွန်အား​ရော၊ သင်ယူစာရများပါ ရ​​စေ

​ဒေါတမာကြီးတိုက်ပွဲတွင် KA ၊KNDF တပ်ရင်းများနေပြည်​​တော်PDF ၊​ဘော်လခဲ PDF တို့က ဗျူဟာကျကျ ခုခံတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

(​ဒေါတမာကြီးတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)
(​ဒေါတမာကြီးတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)

▪︎အမိန့်နာခံတတ်ခြင်းနှင့် ဗျူဟာကျကျ တိုက်ခိုက်နိုင်ခြင်း၊စည်းလုံခြင်းကြောင့်ဟုတော်လှန်ရေးအင်အားစုများသုံးသပ်

ကရင်နီ(ကယား)ဒေသရှိ ‘ဒေါတမကြီး’ရွာတွင် ဆင်နွှဲခဲ့သော တိုက်ပွဲအောင်မြင်မှုသည် တော်လှန်ရဲဘော်များ အမိန့်နာခံတတ်ခြင်းနှင့် စစ်တပ်ကို ဗျူဟာကျကျ ပြန်လည်တိုက်ခိုက်နိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ကြသည်။

မတ် ၈ ရက်မှ ၂၃ ရက်အထိ ရက်ရှည်ဆင်နွှဲခဲ့သော ‘ဒေါတမကြီး’တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ရှမ်းပြည်အ ခြေစိုက် ခလရ (၁၂)၊ ခမရ (၅၁၆)နှင့် ခမရ (၅၁၅)တို့ကို စေလွှတ်ကာ စစ်ကြောင်းသုံးကြောင်း အင်အား (၃၀၀) ကျော်ဖြင့် ထိုးစစ်ဆင်လာခြင်းကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)နှင့် PDF တပ်ဖွဲ့များပူး ပေါင်းပြီး ဗျူဟာမြောက် ခုခံတိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ် သည်။

(​ဒေါတမာကြီးတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)
(​ဒေါတမာကြီးတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)

ထို့ကြောင့် ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ခမရ (၅၁၅)စစ်ကြောင်းတစ်ခုလုံး တိုက်ပွဲကျရှုံးခဲ့ရာ အရာရှိအပါအဝင် (၉၀)ကျော်သေပြီး (၅၀)ကျော်ဒဏ်ရာရသွားကာ လက်နက်အလက် (၄၀)ကျော်နှင့် ခဲယမ်းများ သိမ်းရရှိခဲ့ကြောင်း KNDF က အသိပေးထားသည်။

“(PDF ပူးပေါင်းတပ်) ဗျူဟာကျကျပြန်လည် တိုက် ခိုက်နိုင်တယ်။ စနစ်တကျ လုပ်ပြသွားတယ်။ အဓိက အကြောင်းရင်းကတော့ အမိန့်နာခံမှုကောင်းတာလည်း ပါတယ်”ဟု အထက်ပါ ‘ဒေါတမကြီး’တိုက်ပွဲအောင်မြင်မှုအပေါ်တပ်မ (၆၆)မှ CDM ပြုလုပ်လာသည့် အနောက်ပိုင်း တပ်ရင်း ၇၀၃ PDF တပ်သားမှ မှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

(​ဒေါတမာကြီးတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)
(​ဒေါတမာကြီးတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)

ထို့အပြင် ယခုတိုက်ပွဲတွင် စစ်ကောင်စီက အင်အားသုံးကာ ဗျူဟာမြောက် စစ်ကြောင်းထိုးလာခြင်းအား ပြန် လည်ခုခံ၍ အသာစီးပြန်လည်ရယူကာ ရန်သူ့တပ်ကို အပြုတ်ဖြုတ်နိုင်ခဲ့ခြင်းမှာ ၎င်းတို့လို တော်လှန်ရေးရဲဘော်များအတွက် ခွန်အားဖြစ်စေကြောင်း တပ်ရင်း ၇၀၃ မှ PDF တပ်သားက ဆက်ပြောသည်။

အလားတူ စစ်တပ်မှ ဗိုလ်မှူးအဆင့်ဖြင့် CDM ပြုလုပ်ထားသူ ဗိုလ်မှူးဟောင်း ကိုထက်မြက်ကလည်း ‘ဒေါတမကြီး’တိုက်ပွဲတွင် စစ်ကောင်စီတပ်သား တစ်အုပ်တစ်မကြီးကို အပြုတ်ဖြုတ်နိုင်ခဲ့ခြင်းသည် ပြည်သူတို့အတွက် သတင်းကောင်းတစ်ခုဖြစ်ပြီး တပ်ထောက်ခံသည့်အ သိုင်းအဝိုင်း၌မူ ၎င်းတို့၏ခေါင်းဆောင်ဆိုသူကိုပါ ဆဲရေးပြစ်တင်ကြသည်ကိုတွေ့ရကြောင်း ပြောသည်။

“အခုလိုတိုက်ပွဲကြီးတစ်ခု အောင်မြင်တာ၊ အကျိုး အ မြတ် ကြီးကြီးမားမားရလိုက်တာဟာ အာဏာရှင်ကိုဆန့်ကျင်သူတိုင်းအတွက် အရမ်းခွန်အားဖြစ်စေမှာ အသေ အချာပါပဲ”ဟု ၎င်းက မှတ်ချက်ပေးသည်။

(​ဒေါတမာကြီးတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)
(​ဒေါတမာကြီးတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)

ထို့ကြောင့် အထိနာသွားသော စစ်တပ်က ၎င်းတို့တွင်ရှိနေသည့် အင်အားအကုန်သုံးကာ ပိုမိုဖိနှိပ်လာမည်ဟုယူဆရ၍ တော်လှန်ရေးအင်အားစုများအနေဖြင့် ကြို တင်ပြင်ဆက်ထားကြရန်လိုအပ်ပြီး ပြည်သူများအနေဖြင့်လည်း ကရင်နီဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များအား ပိုမိုထောက်ပံ့ကူညီပေးကြရန် ဗိုလ်မှူးဟောင်း ထက်မြက်က တိုက်တွန်းသည်။

“ကရင်နီပြည်နယ်က တကယ်ကို ကြံ့ကြံ့ခံပြီး ခုခံနိုင်တယ် ၊ တွန်းလှန်နိုင်တယ်။ အင်မတန်မှလေးစားဖို့ကောင်းပါတယ်။ဒါဟာလည်း နောက်တစ်ခုပြောချင်တာက သူတို့ရဲ့စည်းလုံးညီညွှတ်မှုကြောင့်ဗျ။ KNDF ရော KAရော KGZ ရော သူတို့ရဲ့ ကူးလူးဆက်ဆံမှု စည်းလုံးညီညွှတ်မှုကြောင့်လို့ပဲ သုံးသပ်ပါတယ်။ ဒါကတကယ်ကို အတုယူရမယ့်ကိစ္စရပ်မျိုးပါ။ နောက်တစ်ခုက စိတ်ဓာတ်ပေါ့။ စိတ်ဓာတ်ပိုင်းဆိုင်ရာရော တစ်ယောက်နဲ့တစ်ယောက်ကြားမှာညီညွှတ်စွာနဲ့သွားနေတဲ့ Teamwork ပေါ့။ ဒါလေးတွေက တော်တော်လေးကို အတုယူရမယ့်ကိစ္စတွေပါဗျ”ဟု Yangon UG Association မှ ဆရာကျောင်းက မှတ်ချက် ပေးသည်။

​ဒေါတမာကြီးတိုက်ပွဲတွင် KA ၊KNDF တပ်ရင်းများနေပြည်​​တော်PDF ၊​ဘော်လခဲ PDF တို့က ဗျူဟာကျကျ ခုခံတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

စမ်းချောင်း PDF မှ ရဲဘော်ပီတာကြီးကလည်း ‘ဒေါတမကြီး’တိုက်ပွဲမှ စစ်သားရုပ်အလောင်းများစုပုံနေသည်ကို တွေ့ရသည်မှာ တော်လှန်ရေးကာလအစောပိုင်းက ရန်ကုန်၊ မန္တလေး၊ ပဲခူးအပါအဝင် ဒေသအဝှမ်း၌ စစ်တပ်ကမတရား ပစ်ခတ်သတ်ဖြတ်၍ ပြည်သူများအသက်ဆုံးရှုံးခဲ့ရသည်ကို မြင်ရောင်မိသကဲ့သို့ ယခုတိုက်ပွဲတွင် ၎င်းတို့ဝဋ်ပြန်လည်ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုသည်။

“လှည်းသုံးစီးတိုက် လေးစီးတိုက်ပုံတွေ‌ တွေ့ရတော့ ကျေနပ်တယ်။ဒါတွေက ငါတို့တော်လှန်ရေးကြီးက စစ်တပ်က အထိနာနေပြီ။ ဒါကိုရှေ့ဆက်ရမယ်။ဒီကောင်တွေကို အပြုတ်ဖြုတ်ဖို့အတွက် ရှေ့ဆက်လုပ်ရမယ့်ဟာတွေပိုတွေးဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

(​ဒေါတမာကြီးတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)
(​ဒေါတမာကြီးတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)

ကရင်နီဒေသသည် တော်လှန်ရေးအင်အားစုများ စည်း လုံးမှုရှိခြင်း၊ ပြည်သူနှင့် နိုင်ငံတကာရောက်အလှူရှင်များအား လှူံ့ဆော်နိုင်ခြင်း၊ လက်နက်တပ်ဆင်နိုင်မှုအား ကောင်းခြင်းနှင့် အချိတ်အဆက်ကောင်းခြင်းအပါအဝင် အတုယူစရာများစွာရှိကြောင်း ရဲဘော်ပီတာကြီးက သုံးသပ်သည်။

အထက်ပါ ကရင်နီဒေသကဲ့သို့ စစ်ကောင်စီတပ်၏ အ ကြမ်းဖက် ဖိနှိပ်ထိုးစစ်ဆင်မှုကို ရင်ဆိုင်နေကြရသော ဒေသများအနက် စစ်ကိုင်းတိုင်းအားလည်း ပစ်မထားဘဲ လက်နက်ခဲယမ်းလိုအပ်ချက်အား အမြန်ဆုံးဖြည့်ဆည်းပေးရန် တော်လှန်ရေးတပ်ဖွဲ့များက လိုလားလျှက်ရှိသည်။

“ကရင်နီမှာ လက်နက်က ပေါတယ်လေ။ NUG က အဲ ဒီဘက်တွေ လက်နက်ဆင်တာများတယ်။ ကျွန်တော် စစ်ကိုင်းတိုင်းမှာလည်း အဲလို့အပြည့်အစုံရှိချင်တယ်။အဓိက လက်နက် ပြည့်စုံရင် ဘယ်စစ်ကြောင်းလာလာရှောင်စရာ မလိုဘူး။ အခုက လက်နက်မပြည့်စုံ ကျည်မပြည့်စုံနဲ့ အသက်တွေ ပေးဆပ်နေတဲ့ စစ်ကိုင်းတိုင်းက PDF တွေလည် ပြန်ကြည့်စေချင်တယ်”ဟု မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း ၂၊ တပ်ရင်း ၃ နှင့် တပ် ရင်း ၄ တို့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

‘ဒေါတမကြီး’တိုက်ပွဲအောင်မြင်မှုသည် PDF ရဲဘော်များအတွက် ခွန်အားဖြစ်စေသည်မှန်သော်လည်း ၎င်းတို့တပ်ရင်းများမှာ လက်နက်မပြည့်စုံခြင်း၊ ကျည်မလုံ လောက်ခြင်းတို့ရှိနေခြင်းကြောင့် အားရကျေနပ်လောက်သည့်အောင်ပွဲများ မရရှိသေးဟု မုံရွာခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“တော်လှန်ရေးအဖွဲ့တွေကို ပြောချင်တာကတော့ စနစ်တကျနဲ့ အမိန့်နာခံမှုရှိအောင်လုပ်ကြပါ။ ဒါဆိုရင်စစ်ကောင်စီ စစ်ကြောင်းတိုင်းကို အသာစီးနဲ့ တိုက်ခိုက်နိုင်မယ်လို့ ပြောချင်ပါတယ်။ NUGကတော့ လက်နက်ချပေးရမယ်ပေါ့။” ဟု အနောက်ပိုင်း တပ်ရင်း ၇၀၃ ၏ PDF တပ်ဖွဲ့ဝင်ကလည်းပြောသည်။

ရဲဘော်ပီတာကြီးက “နောက်ထပ်တစ်ခုက ကရင်နီဒေသမှာ အဓိကဦးဆောင်နေတာက လူငယ်တွေ ။ လူငယ်တွေဦးဆောင်နေတဲ့အတွက် အိုင်ဒီယာအသစ်အဆန်းတွေနဲ့ တိုက်ပွဲတွေဖော်ဆောင်တယ်။ ဒီနောက်မှာ လိုအပ်တာတွေကို ကောင်းကောင်းပြင်ဆင်ထားတာတွေ့ရတယ်။ ဒါကြောင့် ကရင်နီတော်လှန်ရေး အဖွဲ့အစည်းတွေကို ကြိုက်တယ်။ သူတို့ဆီမှာ လွတ်လပ်တယ်။ ပွင့်လင်းတယ်။ အဲဒါတွေအတုယူရတယ်။ နောက်ထပ် နားလည်တာက ဒီတော်လှန်ရေးကြီးမှာ စုဖွဲ့မှုကောင်းဖို့လိုမယ်။ ပြည်တွင်းရော နိုင်ငံတကာက ပြည်သူတွေကိုရော လှူံ့ဆော်နိုင်ပြီး သူတို့ဆီကနေ အကူအညီရဖို့ ကြိုးစားရမယ်။ ဒါနဲ့ လက်နက်တပ်ဆင်ရမယ်။ နောက်ထပ် ဒီလိုတိုက်ပွဲ‌ တွေဖော်ဆောင်ပြီး သတင်းတွေနဲ့ ပြည်သူတွေကို Motivation ပေးတယ်။ သွေးအေး‌

နေတဲ့ပြည်သူတွေကို သတင်းတွေနဲ့ တော်လှန်ရေးမှာ တတ်ကြွအောင် တော်လှန်ရေး အငွေ့အသက်တွေ ပြန်ရအောင်လုပ်‌ ပေးရမယ်ဆိုတဲ့ အတုယူစရာတွေရှိတယ်။” ဟုသုံးသပ်​ပြောကြားသည်။

၎င်းကပင်ဆက်၍ “အခု သုံးလပိုင်းထဲမှာဆို တိုက်ပွဲတွေ အများကြီး ဖြစ်တယ်။ စစ်တပ်က ကရင်နီဒေသမှာ တပ်ရင်းလိုက်ပြုတ်သလို အခြားသောဒေသတွေမှာလည်း အထိနာတာတွေ့ရတယ်။ PDF တွေ EAO တွေကလည်း အစွမ်းကုန်လုပ်နေသလို မြို့ပြအဖွဲ့တွေအနေနဲ့လည်း နိုင်တဲ့ဘက်ကနေ တော်လှန်နေမှာဖြစ်တယ်။ သူတို့ဆီကလည်း ခွန်အားတွေရတယ်။ ဒီခွန်အားတွေနဲ့ရှေ့ဆက်အလုပ်လုပ်ဖို့ကြိုးစားနေတာကို ပြည်သူတွေကိုလည်းသိစေချင်ပါတယ်။”ဟု​ပြည်သူများသို့သတင်းစကားပါးသည်။

(​ဒေါတမာကြီးတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။