Connect with us

Hi, what are you looking for?

သတင်း

တာမွေမှာ ယာဉ်ထိန်းရဲအဖွဲ့ ဗုံးပစ်ခံရပြီး ရဲမေ ၁ ဦးထိမှန်ဒဏ်ရာရ

စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ အရှေ့မြင်းပြိုင်ကွင်းလမ်း ၊ ဝင်းဘရားသား မှန်အလူမီနီယံဆိုင်ရှေ့မှာ ယာဉ်ထိန်းရဲတွေ တိုက်ခိုက်ခံရတာလို့ဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်
FILE PHOTO: Soldiers stand next to military vehicles as people gather to protest against the military coup, in Yangon, Myanmar, February 15, 2021. REUTERS/Stringer/File Photo

ဒီနေ့မနက်ပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ထဲမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေ လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံလိုက်ရပြီး အမျိုးသမီးတပ်ဖွဲ့ဝင် ၁ ဦး ထိမှန်သွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်က တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းမှာ ယာဉ်ထိန်းရဲတွေ တိုက်ခိုက်ခံလိုက်ရတာပါ။

စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ အရှေ့မြင်းပြိုင်ကွင်းလမ်း ၊ ဝင်းဘရားသား မှန်အလူမီနီယံဆိုင်ရှေ့မှာ ယာဉ်ထိန်းရဲတွေ တိုက်ခိုက်ခံရတာလို့ဆိုထားပါတယ်။

Public Service Announcement
Public Service Announcement

ကားပေါ်ကနေလက်ပစ်ဗုံးနဲ့ပစ်ပေါက်သွားတဲ့အတွက် ယာဉ်ထိန်းရဲမေ ရဲ့ ပခုံးထိမှန်သွားတယ်လို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ ကားတွေ ကို စစ်ဆေးရာမှာ ယာဉ်ထိန်းရဲတွေ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူပေးတာတွေ့ရပါတယ်။

ဓာတ်ပုံ − ရိုက်တာ

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပြင်က ကျေးရွာတွေမှာ ​ယာဉ်ထိန်းအပါအဝင် အဖွဲ့စုံက ကား၊ဆိုင်ကယ်တွေကို စစ်ဆေးပြီး ယာဉ်လိုင်စင်မပါရင် ဖမ်းဆီးပြီး ဒဏ်ငွေဆောင်ခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း

ရဲခေါင်၊ က​ဖေး /People’s Spring ရန်ကုန်မြို့၊ တာမွေမြို့နယ်၊မေတ္တာညွန့်ရပ်ကွက်ရှိ ဝဏ္ဏသိင်္ဂီလမ်းရှိ တိုက်ခန်းတစ်ခန်းတွင် အမျိုးသမီး အား လူတစ်စုကကြိုးတုပ်ပြီး ဓားဖြင့်ထိုးကာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့သည်။ ယနေ့(မတ်လ ၁၀ ရက်) မွန်းလွဲ ၃ နာရီခန့်ကဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဥ်ကြောင့် အဆိုပါလမ်း နေထိုင်သူများ တုန်လှုပ်ခဲ့ရသည်ဟု...

သတင်း

မန္တလေးမြို့တွင် သေနတ်ဖြင့်အနီးကပ်ပစ်ခတ်ခံရသည့် ယာဥ်ထိန်းရဲမေ အသက်သေဆုံးခြင်းမရှိဘဲ အမှတ်(၁)စစ်မြေပြင် ဆေးတပ်ရင်း၌ ဆေးရုံတက်ကုသနေရကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးမြို့တွင် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးငွေညှစ်နေသော ယာဥ်ထိန်းရဲမေတစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။