Connect with us

Hi, what are you looking for?

သတင်း

တာမွေမြို့နယ်တွင် ယာဥ်စစ်ဆေးနေသည့် စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရ

ယနေ့(မတ်လ ၂၈ ရက်)နံနက် ၁၀နာရီခွဲခန့်က အရှေ့မြင်းပြိုင်ကွင်းလမ်း၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်သူ နှစ်ဦးရှိကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

(ရန်ကုန်မြို့တစ်နေရာတွင် စစ်ကောင်စီအုပ်စု (ယာဥ်ထိန်းရဲ၊ရဲနှင့် စစ်သား) အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့တစ်နေရာတွင် စစ်ကောင်စီအုပ်စု (ယာဥ်ထိန်းရဲ၊ရဲနှင့် စစ်သား) အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ယာဥ်စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားနှင့် ယာဉ်ထိန်းရဲများ ဗုံးပစ်တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မတ်လ ၂၈ ရက်)နံနက် ၁၀နာရီခွဲခန့်က အရှေ့မြင်းပြိုင်ကွင်းလမ်း၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်သူ နှစ်ဦးရှိကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

“ယာဥ်ထိန်းလေးဦး နဲ့ စစ်သားတစ်ဦးပါတယ်။ ခုံးတံတားပေါ်ကနေ လက်ပစ်ဗုံးနဲ့ ဆော်သွားတာ။ယာဥ်ထိန်း နှစ်ယောက်သွေးတွေနဲ့အရေးပေါ်ကားနဲ့ လာခေါ်သွားရတယ်”ဟု အခင်းဖြစ်စဥ် အနီးနေထိုင်သူက ရှင်းပြ သည်။

ယခုနောက်ပိုင်း ရန်ကုန်မြို့၏ နေရာအများစုတွင် စစ်ကောင်စီ၏ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များမှာ ငွေကြေး အဓမ္မတောင်းခံလေ့ရှိသည့်အတွက် ယခု တိုက်ခိုက်မှုကို ကြိုဆိုကြောင်းလည်း ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

“မီးဝါ ဖြတ်မိလို့ ရုံးမှာဒဏ်မသွားဆောင်ချင်ရင် သူတို့က အနည်းဆုံးနှစ်သောင်းတောင်းတယ်။ဒီကောင်တွေက စခ တွေနဲ့ပေါင်းပြီး လူမိုက်ဆန်ဆန်တောင်းနေတာ ပိုအတင့်ရဲလာတယ်”ဟု ၎င်းက ပြောသည်။

ယခုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ဆောင်ရွက်ခဲ့သာ်ကို လူထုနွေဦးအနေဖြင့် စုံစမ်းဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။