Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသက တက္ကသိုလ်ဝင်တန်းစာမေးပွဲPDF ရဲဘော်၊ ရဲမေများနှင့် ဒေသခံပြည်သူများ ဝင်ရောက်ဖြေဆို

အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်၊ ရဲမေများနှင့် ဒေသခံပြည်သူများမှ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - ရဲဘော်ဗိုလ်ချုပ်
ဓာတ်ပုံ - ရဲဘော်ဗိုလ်ချုပ်

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြုလုပ်ခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးဌာန စစ်ဒေသခွဲအမှတ်(၃)က ယနေ့ (မတ်လ ၂၈) တွင် အသိပေး ဖော်ပြသည်။

အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်၊ ရဲမေများနှင့် ဒေသခံပြည်သူများမှ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

စာမေးပွဲဖြေဆိုသည့် ကာလအတွင်းတွင်လည်း ဝင်ရောက်ဖြေဆိုသည့် ရဲဘော်၊ ရဲမေများနှင့် ဒေသခံပြည်သူများအတွက် လုံခြုံရေးနှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများကို စနစ်တကျစုဖွဲ့ပြင်ဆင်ထားရှိခဲ့ပြီး နယ်မြေခံ စစ်ကြောင်းမှ PDF ရဲဘော်များက တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်းလည် စစ်ဒေသခွဲအမှတ်(၃) က ဖော်ပြထားသည်။

ထို့အပြင် PDF ရဲဘော်၊ ရဲမေများနှင့် ဒေသခံပြည်သူများမှ စာမေးပွဲဖြေဆိုပြီးနောက်နေ့တွင် စာသင်ကြားပေးသည့် ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများကို ဦးညွှတ်ကန်တော့ခဲ့ကြသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် PDF ရဲဘော်များ၏ ပညာသင်ယူမှု အခွင့်အရေးကို မဆုံးရှုံးစေရန်နှင့် လူငယ်များ၏ ပညာသင်ယူလိုစိတ် မပျောက်စေရန်အတွက် တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း NUG က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ