Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ပိုင်းစစ်ဒေသက တက္ကသိုလ်ဝင်တန်းစာမေးပွဲPDF ရဲဘော်၊ ရဲမေများနှင့် ဒေသခံပြည်သူများ ဝင်ရောက်ဖြေဆို

အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်၊ ရဲမေများနှင့် ဒေသခံပြည်သူများမှ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - ရဲဘော်ဗိုလ်ချုပ်
ဓာတ်ပုံ - ရဲဘော်ဗိုလ်ချုပ်

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြုလုပ်ခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးဌာန စစ်ဒေသခွဲအမှတ်(၃)က ယနေ့ (မတ်လ ၂၈) တွင် အသိပေး ဖော်ပြသည်။

အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်၊ ရဲမေများနှင့် ဒေသခံပြည်သူများမှ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

စာမေးပွဲဖြေဆိုသည့် ကာလအတွင်းတွင်လည်း ဝင်ရောက်ဖြေဆိုသည့် ရဲဘော်၊ ရဲမေများနှင့် ဒေသခံပြည်သူများအတွက် လုံခြုံရေးနှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများကို စနစ်တကျစုဖွဲ့ပြင်ဆင်ထားရှိခဲ့ပြီး နယ်မြေခံ စစ်ကြောင်းမှ PDF ရဲဘော်များက တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်းလည် စစ်ဒေသခွဲအမှတ်(၃) က ဖော်ပြထားသည်။

ထို့အပြင် PDF ရဲဘော်၊ ရဲမေများနှင့် ဒေသခံပြည်သူများမှ စာမေးပွဲဖြေဆိုပြီးနောက်နေ့တွင် စာသင်ကြားပေးသည့် ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများကို ဦးညွှတ်ကန်တော့ခဲ့ကြသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် PDF ရဲဘော်များ၏ ပညာသင်ယူမှု အခွင့်အရေးကို မဆုံးရှုံးစေရန်နှင့် လူငယ်များ၏ ပညာသင်ယူလိုစိတ် မပျောက်စေရန်အတွက် တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း NUG က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။