ရေစကြိုမြို့နယ် မအူရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(ဧပြီလ ၃ရက်)နံနက်အစောပိုင်းတွင် တိုက်ခိုက်၍ မီးရှို့ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
” ရေစကြိုမအူစခန်းကို သိမ်းတာ။ မနက် ၃နာရီကတည်းက ချတာ။ အခုက စစ်ကောင်စီဘက်ကနေ လေကြောင်းကနေ လာပစ်နေတယ်”ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
မအူရဲကင်းစခန်းအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက မနက် ၃ နာရီတွင် မြေပြင်မှ ထိုးစစ်ဆင်သလို ဒရုန်းဖြင့်လည်း တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။ထိုနောက် နံနက် ၇နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက်ခိုက်ကြောင်း PDFများကပြောသည်။
“ကိုယ့်ဘက်က အင်အားများတယ်။ ကုန်ကျစရိတ်က ကိုယ့်ဘက်ကလည်း များတယ်။ ကျည်တန်ဖိုးတွက်ရင်ကို မနည်းဘူး။ စခန်းကို မီးရှို့နိုင်ခဲ့ပြီး ပြန်ဆုတ်လာခဲ့တယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ရဲများထိခိုက်မှုအခြေအနေကိုမသိရသေးပေ။

Public Service Announcement
စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်တိုက်ခိုက်သော်လည်း ကနဦးရရှိသည့် သတင်းအရ မအူစခန်းကိုတိုက်ခိုက်မီးရှို့ ပြီး ပြန်ဆုတ်ပြီးမှ လာရောက်ပစ်ခတ်ခြင်းဖြစ်၍ပူးပေါင်းတပ်မှ ရဲဘော်များ ထိခိုက်မှုမရှိကြောင်း PDF အချို့ကပြောသည်။
မအူရဲစခန်းကို ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာလ ၁၈ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သေးသည်။သို့သော်စခန်းကို ပြန်ပြုပြင်၍ တပ်စွဲနေရာ PDF များကဒုတိယအကြိမ်တိုက်ခိုက် မီးရှို့ခဲ့ခြင်းဖြစ်သည်။
