Connect with us

Hi, what are you looking for?

သတင်း

ရေစကြို မအူရဲကင်းစခန်းကို PDF များတိုက်ခိုက်မီးရှို့

မအူရဲစခန်းကို ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာလ ၁၈ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့​သေးသည်။သို့​သော်စခန်းကို ပြန်ပြုပြင်၍ တပ်စွဲ​နေရာ PDF များကဒုတိယအကြိမ်တိုက်ခိုက် မီးရှို့ခဲ့ခြင်းဖြစ်သည်။

(၂၀၂၂ နိုဝင်ဘာ ၁၈ရက်တွင် မအူရဲစခန်းကိုPDF များ တိုက်ခိုက်ခဲ့စဥ်။ဓါတ်ပုံ-CJ)
(၂၀၂၂ နိုဝင်ဘာ ၁၈ရက်တွင် မအူရဲစခန်းကိုPDF များ တိုက်ခိုက်ခဲ့စဥ်။ဓါတ်ပုံ-CJ)

ရေစကြိုမြို့နယ် မအူရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(ဧပြီလ ၃ရက်)နံနက်အစောပိုင်းတွင် တိုက်ခိုက်၍ မီးရှို့ခဲ့​ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက​ပြောသည်။

ရေစကြိုမအူစခန်းကို သိမ်းတာ။ မနက် ၃နာရီကတည်းက ချတာ။ အခုက စစ်ကောင်စီဘက်ကနေ လေကြောင်းကနေ လာပစ်နေတယ်”ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

မအူရဲကင်းစခန်းအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက မနက် ၃ နာရီတွင် မြေပြင်မှ ထိုးစစ်ဆင်သလို ဒရုန်းဖြင့်လည်း တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။ထို​နောက် နံနက် ၇နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက်ခိုက်ကြောင်း PDFများက​ပြောသည်။

“ကိုယ့်ဘက်က အင်အားများတယ်။ ကုန်ကျစရိတ်က ကိုယ့်ဘက်ကလည်း များတယ်။ ကျည်တန်ဖိုးတွက်ရင်ကို မနည်းဘူး။ စခန်းကို မီးရှို့နိုင်ခဲ့ပြီး ပြန်ဆုတ်လာခဲ့တယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်နှင့် ရဲများထိခိုက်မှုအ‌ခြေအနေကိုမသိရ​သေး​ပေ။

စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ လာ​ရောက်တိုက်ခိုက်​သော်လည်း ကနဦးရရှိသည့် သတင်းအရ မအူစခန်းကိုတိုက်ခိုက်မီးရှို့ ပြီး ပြန်ဆုတ်ပြီးမှ လာ​ရောက်ပစ်ခတ်ခြင်းဖြစ်၍ပူး​ပေါင်းတပ်မှ ရဲ​ဘော်များ ထိခိုက်မှုမရှိ​ကြောင်း PDF အချို့က​ပြောသည်။

မအူရဲစခန်းကို ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာလ ၁၈ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့​သေးသည်။သို့​သော်စခန်းကို ပြန်ပြုပြင်၍ တပ်စွဲ​နေရာ PDF များကဒုတိယအကြိမ်တိုက်ခိုက် မီးရှို့ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။