Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်ငြိမ်းချမ်းရေးကောင်စီက ဗျုဟာမှူးနဲ့ တပ်ရင်းမှူးကို အဖွဲ့ကနေ ထုတ်ပယ်

မြေပြင်သတင်းရင်းမြစ်တွေရဲ့အဆိုအရ စစ်ကောင်စီ နဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးမှုတွေရှိနေတဲ့အတွက် အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုတွေရှိနေတယ်လို့ သိရပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA − PC) က လက်အောက်ခံ ဗျုဟာမှူးနဲ့ တပ်ရင်းမှူး တို့ကို ထုတ်ပယ်လိုက်တယ်လို့ ဒီနေ့မှာ ကြေညာချက်ထုတ်လာပါတယ်။

ထုတ်ပယ်ခံရသူ ၂ ဦးဟာ ကရင်ငြိမ်းချမ်းရေးကောင်စီ စစ်ဗျုဟာ (၂) ဗျုဟာမှူး ဗိုလ်မှူးကြီးစောလက်ကိုင်နဲ့ တပ်ရင်း (၇၀၈) ရဲ့တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောကျော်ဂရောင်းတို့ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေတဲ့ ကရင့်ပူးပေါင်းတပ်တွေနဲ့ အတူတကွလက်မှတ်ထိုးပြီး မြဝတီ − ကော့ကရိတ် လမ်းပိုင်းကို ၂ ပတ်ကြာ ဖြတ်သန်းသွားလာတာမလုပ်ကြဖို့ သတိပေးစာ ထုတ်ပြီး နောက်မှာ အဖွဲ့ကနေ ထုတ်ပယ်ခံရတာပါ။

ကရင်ငြိမ်းချမ်းရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ဗျုဟာမှူး ဗိုလ်မှူးကြီးစောလက်ကိုင်နဲ့တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်းတို့ဟာ အဖွဲ့ အစည်းဗဟိုကော်မတီက ချထားတဲ့ စည်ကမ်းတွေနဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာပဲ ချိုးဖောက်တယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

ဒါကြောင့် ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်တယ်လို့လည်းကရင်ငြိမ်းချမ်းရေးကောင်စီက ဆိုပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီ ဟာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

တကျော့ပြန်စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိနေတဲ့အဖွဲ့တစ်ဖွဲ့ပါ။

မြေပြင်သတင်းရင်းမြစ်တွေရဲ့အဆိုအရ စစ်ကောင်စီ နဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးမှုတွေရှိနေတဲ့အတွက် အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုတွေရှိနေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို ကရင့်ပူးပေါင်းတပ်တွေ ၊PDF တွေနဲ့အတူ တိုက်ခိုက်ရာမှာ ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်အချို့ ပါဝင်ပူးပေါင်းကြတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့ရဲ့ပြောပြချက်အရသိရပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC) အဖွဲ့ဟာ ၂၀၀၇ ခုနှစ်မှာ KNU ကနေ ခွဲထွက်လာတဲ့အဖွဲ့ဖြစ်ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၊ထို့ကော်ကိုးဒေသမှာ အခြေစိုက်တာပါ။

ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

မူဆယ်မြို့ဆင်ဖြူအိမ်ရာ နှင့် စွမ်စော်ရပ်ကွက်မှကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို မတ်လ ၂၇ ရက် ညတွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

ကျောက်ဖြူကို ဖေဖော်ဝါရီ ၂၁ရက်နေ့ တွင် ရောက်ရှိရာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ဗိုလ်မှူး တစ်ဦး အပါအဝင် အရာရှိ ၄ဦးကို ကျောက်ဖြူ ဗျူဟာမှူး ဗိုလ်မှူးကြီး၀ဏ္ဏအောင်က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

သတင်း

AAယခင်ကလည်း စစ်ကောင်စီ စစ်သင်္ဘော ၅စီးထက်မနည်းကို တိုက်ခိုက်နှစ်မြှုပ်ထားနိုင်ခဲ့ပြီး စစ်သင်္ဘောများ ထိခိုက်အောင် ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။