Connect with us

Hi, what are you looking for?

သတင်း

ကရင်ငြိမ်းချမ်းရေးကောင်စီက ဗျုဟာမှူးနဲ့ တပ်ရင်းမှူးကို အဖွဲ့ကနေ ထုတ်ပယ်

မြေပြင်သတင်းရင်းမြစ်တွေရဲ့အဆိုအရ စစ်ကောင်စီ နဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးမှုတွေရှိနေတဲ့အတွက် အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုတွေရှိနေတယ်လို့ သိရပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA − PC) က လက်အောက်ခံ ဗျုဟာမှူးနဲ့ တပ်ရင်းမှူး တို့ကို ထုတ်ပယ်လိုက်တယ်လို့ ဒီနေ့မှာ ကြေညာချက်ထုတ်လာပါတယ်။

ထုတ်ပယ်ခံရသူ ၂ ဦးဟာ ကရင်ငြိမ်းချမ်းရေးကောင်စီ စစ်ဗျုဟာ (၂) ဗျုဟာမှူး ဗိုလ်မှူးကြီးစောလက်ကိုင်နဲ့ တပ်ရင်း (၇၀၈) ရဲ့တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောကျော်ဂရောင်းတို့ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေတဲ့ ကရင့်ပူးပေါင်းတပ်တွေနဲ့ အတူတကွလက်မှတ်ထိုးပြီး မြဝတီ − ကော့ကရိတ် လမ်းပိုင်းကို ၂ ပတ်ကြာ ဖြတ်သန်းသွားလာတာမလုပ်ကြဖို့ သတိပေးစာ ထုတ်ပြီး နောက်မှာ အဖွဲ့ကနေ ထုတ်ပယ်ခံရတာပါ။

ကရင်ငြိမ်းချမ်းရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ဗျုဟာမှူး ဗိုလ်မှူးကြီးစောလက်ကိုင်နဲ့တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်းတို့ဟာ အဖွဲ့ အစည်းဗဟိုကော်မတီက ချထားတဲ့ စည်ကမ်းတွေနဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာပဲ ချိုးဖောက်တယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

ဒါကြောင့် ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်တယ်လို့လည်းကရင်ငြိမ်းချမ်းရေးကောင်စီက ဆိုပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီ ဟာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

တကျော့ပြန်စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိနေတဲ့အဖွဲ့တစ်ဖွဲ့ပါ။

မြေပြင်သတင်းရင်းမြစ်တွေရဲ့အဆိုအရ စစ်ကောင်စီ နဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးမှုတွေရှိနေတဲ့အတွက် အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုတွေရှိနေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို ကရင့်ပူးပေါင်းတပ်တွေ ၊PDF တွေနဲ့အတူ တိုက်ခိုက်ရာမှာ ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်အချို့ ပါဝင်ပူးပေါင်းကြတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့ရဲ့ပြောပြချက်အရသိရပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC) အဖွဲ့ဟာ ၂၀၀၇ ခုနှစ်မှာ KNU ကနေ ခွဲထွက်လာတဲ့အဖွဲ့ဖြစ်ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၊ထို့ကော်ကိုးဒေသမှာ အခြေစိုက်တာပါ။

ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ် ဥကရစ်ထစစ်တပ်စခန်းသိမ်းတိုက်ပွဲက ထိုင်းနိုင်ငံထဲထွက်ပြေးတဲ့ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား လေးဦးခန့်ဟာ သောင်ရင်းမြစ်အတွင်း မျှောပါသွားတယ်လို့ ကရင်းစစ်ရေးသတင်းရင်းက ပြောပါတယ်။

သတင်း

တပ်ရင်းမှူးအပါအဝင် ဥကရစ်ထတပ်စခန်းက တပ်သား ၈၉ဦး ထိုင်းဘက်ထွက်ပြေး

သတင်း

မြန်မာ−ထိုင်းနယ်စပ်အနီး ထိကပလယ်တပ်စခန်းကနေ ထွက်ပြေးသွားတဲ့ တပ်ရင်းမှူးအပါအဝင် စစ်သား ၆၀ကို တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံတိုက်ခိုက်ရာ ၁၄ ဦးသေဆုံးပြီး လေးဦးအရှင်ဖမ်းမိခဲ့တယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြန်မာ−ထိုင်းနယ်စပ်အနီးကထီးကပလယ်တပ်စခန်းကနေ ထွက်ပြေးသွားတဲ့ တပ်ရင်းမှူးအပါအဝင်စစ်သား ၆၀ ခန့်ဟာ ထိုင်းနိုင်ငံကိုမရောက်သေးဘဲ နယ်စပ်တနေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီး​နေတယ်လို့လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။