Connect with us

Hi, what are you looking for?

သတင်း

မြန်မာမိတ်ဆွေများအတွက် အရေးကြီးအကြံပေးစကား

ဒါတွေက ဘယ်လောက်ရက်စက်ပြီး နာကျင်စေသလဲဆိုတာ ၊ ဘာတွေဖြစ်ခဲ့လဲဆိုတဲ့ သတင်းအချက်အလက်တွေကို မင်းမြင်နေ၊ သိနေပြီး ဖြစ်ပါတယ်။

မြန်မာမိတ်ဆွေများအတွက် အရေးကြီးအကြံပေးစကား
မြန်မာမိတ်ဆွေများအတွက် အရေးကြီးအကြံပေးစကား

အခုနောက်ဆုံးတွေ့ရတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုရဲ့ ကြောက်စရာကောင်းတဲ့ဓာတ်ပုံတွေကို မကြည့်ပါနဲ့။

ဒါတွေက ဘယ်လောက်ရက်စက်ပြီး နာကျင်စေသလဲဆိုတာ ၊ ဘာတွေဖြစ်ခဲ့လဲဆိုတဲ့ သတင်းအချက်အလက်တွေကို မင်းမြင်နေ၊ သိနေပြီး ဖြစ်ပါတယ်။

ဒါဆို လုံလောက်ပြီ။ အကြမ်းဖက်စစ်တပ်ဟာ အ ပြစ်မဲ့တဲ့အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်တာတွေ ကျူးလွန်တာကို မင်းသိပြီးသားပါ။

ဒါကြောင့် ဒီပုံတွေကို ထပ်ခါ ထပ်ခါ မကြည့်ပါနဲ့။ ကလေးတွေရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကိုကြည့်ပြီးတော့လည်း အရမ်းထိတ်လန့် မသွားပါနဲ့နော် ။ ဆိုရှယ်မီဒီယာအပေါ်လည်း ထပ် မဖြန့်ဝေပါနဲ့။ ဒီပုံတွေက သတင်းမီဒီယာတွေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရှိပြီးသားပါ။

Public Service Announcement

Public Service Announcement

ဒါကို ထပ်ပြီး ဖြန့်ဝေမယ်၊ ဆက်ကြည့်နေမယ်ဆို မင်းရဲ့စိတ်ကို မင်းကိုမင်း ပြန်အဆိပ်ခတ်နေသလိုပါပဲ။

ဒီလိုရက်စက်မှုတွေရဲ့ရည်ရွယ်ချက်က မင်းရဲ့ စိတ်ကို သတ်ပြီး စွမ်းအင်ကုန်အောင် လုပ်တာပါ။

ဒါကြောင့် မင်းအောင်လှိုင်က ဒါတွေကို လုပ်နေတာ။

မသိစိတ်ကနေ လူတွေရဲ့ ခံနိုင်ရည်စွမ်းအားကို တိုက်ခိုက်တာပါ။လူတွေရဲ့ စိတ်နဲ့ခံယူချက်တွေကို အဆိတ်ခတ်နေတာပါ။

ဒါကြောင့် ဒီအဆိပ်တွေကို မင်း ငြင်းပယ်ရမယ်။ ပြန်ကာကွယ်ရမယ်။ မင်းတို့အားလုံး စုစည်းရမယ်။ မင်းတို့ ပြန်လည်ခုခံရမယ်။

ဒါကြောင့် ကလဲစားဖို့ တွေးပါ။ မင်းအောင်လှိုင်ကို ဂဒါဖီနဲ့ ဆမ်ဒန်ဟူစိန်လို အဆုံးသတ်နိုင်မယ့်နေ့ကို တွေးမြင်ပါ။

(အီဂေါဘလာဇီဗစ် – ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း Igor Blazevic ဟာ Educational Initiatives ရဲ့ ဦးဆောင်ဆရာတစ်ဦး ဖြစ်ခဲ့ပြီး Comparative experiences of successful and failed transitions to Democracy “ဒီမိုကရေစီ အသွင် ကူးပြောင်းမှုများ အောင်မြင်ခဲ့ခြင်းနှင့် ကျဆုံးခဲ့ခြင်း အတွေ့အကြုံများ“ သင်တန်းတွေကို သင်ကြားပို့ချခဲ့ပါတယ်။လက်ရှိမှာ ချက်နိုင်ငံ Prague Civil Society Centre နဲ့ အရှေ့ဥရောပ၊ ကော့ကေးဆပ်ဒေသနဲ့ အာရှအလယ်ပိုင်း နိုင်ငံတွေက အရပ်ဘက်လူထုကို ပံ့ပိုးအားပေးတဲ့ စီမံချက်တွေကို လုပ်ဆောင်နေပါတယ်။ Igor Blazevic ဟာ မြန်မာနိုင်ငံမှာ “လူ့အခွင့်အရေးနဲ့လူ့သိက္ခာ ရုပ်ရှင်ပွဲတော်” လုပ်ရာမှာ အဓိကပူးပေါင်းပံ့ပိုးတဲ့ “One World Human Rights Film Festival” ကိုတည်ထောင်သူလည်း ဖြစ်ပါတယ်။ မြန်မာ့​နွေဦး​တော်လှန်​ရေးကိုအနီးကပ်​စောင့်ကြည့်ပြီး မြန်မာပြည်သူ​တွေအတွက်အကြံဥာဏ်​ကောင်း​တွေအမြဲ​ရေးသားအကြံပြု​နေတဲ့နိုင်ငံ​ရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်ပါတယ်)

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာဂျီနိုဆိုက်မှာ ကြံရာပါဖြစ်နေတာကြောင့် (သူ့ကိုဂုဏ်တင်သင့်သလား) ဆိုတဲ့ ဝေဖန်မေးခွန်းထုတ်တဲ့ စာတွေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရိုဟင်ဂျာအရေးကို မကြာခင်က ချက်နိုင်ငံက နိုင်ငံရေးနဲ့ ယဉ်ကျေးမှု မဂ္ဂဇင်းမှာဖြေခဲ့တာရှိပါတယ်။ အဲဒါကို ပြန်ဖေါ်ပြလိုပါတယ်။

ဆောင်းပါး

တုန့်ပြန်မှု အနည်းအပါးလောက်နဲ့ ရွာမီးရှို့တာတွေ ရပ်အောင်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ သို့ပေမဲ့ ပေါင်းစု အချိန်ကိုက်တာဝန်ခွဲဝေပြီး လုပ်ရမှာတွေရှိပါတယ်။ လုပ်ဖို့လည်း လိုပါတယ်။ အဖွဲ့တွေ မတူပေမဲ့ ဘုံဦးတည်ချက်နဲ့ အလုပ်တွေ ခွဲဝေလုပ်ကြဖို့ပါ။

အတွေးအမြင်

“မြန်မာပြည်တွင် နိုင်ငံကြီးများ၏ အကျိုးအတွက် အသုံးချခံ စစ်ပွဲကို တားဆီးခြင်း“ ဆိုတဲ့ ကဗီချောင်ကစ်တဗွန်(Kavi Chongkittavorn) ရဲ့ ဘန်ကောက်ပို့စ်က ဆောင်းပါးကို တုန့်ပြန်မှတ်ချက်ပြုခြင်းရုရှားက ယူကရိန်းကို ရန်လိုရန်စမှု မရှိပါပဲလျက် ရုတ်တရက် ဝင်တိုက်ခဲ့ခြင်းဟာ ကဗီနာမည်တပ်သလို “proxy war”ခေါ် အသုံးတော်ခံစစ်မဟုတ်ပါ။

အတွေးအမြင်

“သတ္တိပြောင်တဲ့ ယူကရိန်းတွေရဲ့ ကျေးဇူးကြောင့် ယူကရိန်းမှာ ရုရှားစစ်တပ်ပြိုကျဖို့ဟာ အလွန်နီးစပ်တဲ့ ပကတိအခြေအနေမှန်ပါ။ ရုရှားစစ်တပ် ဆိုးဆိုးဝါးဝါး အရေးနိမ့်သွားရင် ပူတင်အစိုးရ ရပ်တည်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ ရုရှားတွေ အရေးနိမ့်ခြင်းက “ လွတ်လပ်ခွင့်ခေတ်အသစ် မွေးဖွားလာဖို့” ဖြစ်နိုင်ချေတွေဖန်တီးပါလိမ့်မယ်။