Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီ​ရေကစားမဏ္ဍပ်တွင်​ရေကစားခဲ့​သောပိုင်တံခွန်၊ G Fatt နှင့်အနုပညာရှင်များကိုပြည်သူများပြင်းပြင်းထန်ထန်​ဝေဖန်

G Fatt သည်လွတ်​​မြောက်နယ်မြနှင့် ပြည်ပသို့ပင်သွား​ရောက်နေထိုင်ခဲ့ပြီးနောက် စစ်ကောင်စီထံ ခံဝန်ထိုးကာ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ပရိသတ်များရှေ့သို့ ပထမဆုံးပြန်လည်ပေါ်ထွက်လာခြင်းဖြစ်သည်။

(ဓါတ်ပုံ-Facebook Viral)
(ဓါတ်ပုံ-Facebook Viral)

▪︎ပြည်သူရာချီ​​သေဆုံးခဲ့​သောပဇီကြီးရွာ​စစ်တပ်၏လေ​ကြောင်းတိုက်ခိုက်မှုအပြီး ၂ ရက်အကြာတွင် ကာကွယ်​ရေးဦးစီးချုပ်ရုံး​ရေကစားမဏ္ဍပ်တွင်​ရေကစားခဲ့ကြခြင်းဖြစ်

သင်္ကြန်အကြိုနေ့တွင် နေပြည်တော်၌ စစ်ကောင်စီ၏ ကာကွယ်​ရေးဦးစီးချုပ်ရုံး ရေကစားမဏ္ဍပ်သို့သွားရောက်ခဲ့သည့်ပိုင်တံခွန်၊ G Fatt နှင့် Floke Rose တို့ကို ပြည်သူများက ပြင်းပြင်းထန်ထန်ဝေဖန်နေသည်။

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင်ပါဝင်ခဲ့သောကြောင့် မတရားဖမ်း‌ဆီးခံရတာ တစ်နှစ်ခန့်အကျဉ်းကျခဲ့သည့် ပိုင်တံခွန် ၊ ​နွေဦး​တော်လှန်​ရေးကာလတွင်သူရဲကောင်းတံဆိပ် သီချင်းဖြင့် ပြည်သူများ၏အားပေးမှုရရှိခဲ့သည့် G Fatt နှင့် Floke Rose တို့သည်စစ်အုပ်စု၏ ကာကွယ်​ရေးဦးစီးချုပ်ရုံး(ကြည်​၊​ရေ၊​လေ) မိသားစု​ရေကစားမဏ္ဍပ်၌ ပျော်ရွှင်စွာရယ်မောနေသည့် ဓာတ်ပုံများယ​နေ့ ပြန့်နှံ့ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှင့်အတူ အာဏာသိမ်းစစ်တပ်ကို ​အမာခံထောက်ခံ၍ ဝါဒဖြန်ချီ​ရေးလုပ်​ပေးန​သော ယုန်လေးကိုလည်းအတူ​တွေ့ရသည်။ထိုအပြင် ရက်ပ်ပါအဆို​တော် Ice cold ကိုလည်း​ဓါတ်ပုံများတွင်တွေ့ရသည်။

အဆိုပါ အနုပညာရှင်များ၏ အကောင့်များကို Follow လုပ်ထားသူများအနေဖြင့် Unfollowလုပ်ပေးရန် ဖေ့စ်ဘွတ်ခ်အသုံးပြုသူများက တိုက်တွန်း​နေကြသည်။ ပရိတ်သတ်များကို ၎င်းတို့ကို Like လုပ်ထား ၊ Follow လုပ်ထားခြင်းကိုပြန်လည်ပယ်ဖျက်ထား​သောပုံများနှင့်လည်း ​ဖေစ်ဘွခ်ဖြန့်​ဝေ​နေကြသည်ကို​တွေ့ရသည်။

(ဓါတ်ပုံ-Facebook Viral)
(ဓါတ်ပုံ-Facebook Viral)

“Floke Rose၊ ပိုင်တံခွန် နဲ့ Gfatt တို့ စကစရဲ့ ကာချုပ်ရုံးသကြင်္န်မှာ တွေ့လိုက်ရတာ အတော့်ကိုရွံဖို့ကောင်းလွန်းတယ် ။မြန်မာဘီယာ ထည့်ထားနဲ့ခွက်ကိုင်ပြီးလူသတ်သမားတွေကိုလက်ဆွဲလိုက်နှုတ်ဆက်နေကြတာ အားနာပုံလေးတောင်တစ်စက်မရှိပျော်ပျော်ရွှင်ရွှင်ပါပဲ။ကန့်ဘလူကကလေးတွေ ရက်တောင်မလည်သေးဘူးငါတို့ကို ထပ်သတ်နိုင်ဖို့ မင်းတို့ကပါ ထပ်ပြီးသွားပံ့ပိုးနေကြပြီနိုင်ငံရေး ၊ တော်လှန်ရေး စောက်ကြီးစောက်ကျယ် သီချင်းတွေထုတ်ပြီး မြန်မာဘီယာခွက်ကြီးကိုင်ထားတဲ့ လူသတ် အားပေး hypocrite တွေ။” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

“ခံဝန်ဘာညာထိုးထားရလို့ဆိုတာ သာမန်အ​နေထားဆိုရင် နည်းနည်း​တော့နားလည်​ပေးလို့ရ​သေးတယ် ။ဒါ​ပေမယ့်ဗျာ အပြစ်မဲ့ပြည်သူ ရာနဲ့ချီ ပြီးအ​ကြောင်းမဲ့သက်သက် တိုက်ခိုက်ခံရပြီးတာမှ ရက်လည်​နေထိမ​ရောက်​သေးဘူး။— ။ရွံလွန်းလို့” ဟု ပြည်သူတစ်ဦးကလည်း​ရေသားသည်။

ကန့်ဘလူမြို့နယ် ၊ဇပင်ကြီး ရွာတွင်စစ်တပ်က ဧပြီ ၁၁ ရက်တွင်​လေ​ကြောင်းမှ တိုက်ခိုက်မှု​ကြောင့် ပြည်သူ ၁၆၈ ဦး​သေဆုံးပြီး ၊ဒဏ်ရာပြင်းထန်း၍အသက်အန္တရာယ်ရှိသူ ၁၇ ဦး ရှိ​နေသည်။ကယ်ဆယ်​ရေးလုပ်ငန်းများကိုပြုလုပ်​နေဆဲဖြစ်ပြီး ​သေဆုံးသူ အ​ရေအတွက်ထပ်တိုးနိုင်​သေး​ကြောင်း အမျိုးသားညီညွတ်​ရေူအစိုးရက ယ​နေ့ထုတ်ပြန်သည်။

(ဓါတ်ပုံ-Facebook Viral)
(ဓါတ်ပုံ-Facebook Viral)

စစ်အုပ်စုက ပြည်သူ ရာချီ​သေ​ကြေ​အောင် ဗုံးကြဲပြီး ၂ ရက်အကြာတွင် အထက်ပါအနုပညာရှင်များက စစ်​ကောင်စီ၏ကာကွယ်​ရေးဦးစီးချုပ်ရုံး​ရေကစားမဏ္ဍပ်တွင်​ ​ရေကစားသွားသဖြင့် ပြည်သူများက​ဒေါသထွက်​နေကြခြင်းဖြစ်သည်။

အဆိုပါဓာတ်ပုံများနှင့် ယင်းအနုပညာရှင်များ၏ ဖျော်ဖြေမှုပုံရိပ်များကိုစစ်ကောင်စီကိုထောက်ခံသည့် အကောင့်များကတင်ထားသည်ကိုလည်းတွေ့ရသည်။

ယင်းအကြောင်းအရာပြန့်နှံ့နေခြင်းသည်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှူကြောင့် ကန့်ဘလူ၌ လူတစ်ရာကျော်အသက်ဆုံးရှုံးခဲ့သော ကိစ္စကို ဖုံးလွှမ်းစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဖေ့စ်ဘွတ်ခ်အသုံးပြုသူများက သုံးသပ်ထားသည်။

နှင်းဆီလက်ဆောင် ပေ့ခ်ျတွင်လည်း ဝမ်းနည်းမှုကို ကိုယ်စားပြုသည့် နှင်းဆီအနက်ရောင်များကို ပိုင်တံခွန် ၊ G Fatt ၊ Floke Rose တို့အတွက်ပေးထားသည်ကိုတွေ့ရသည်။

” ပိုင်ဆံခွန် အတွက်ဘောဖြေးဖြေး ရှမောရင် ရိုင်ရယ်ဒီသောက် ” ၊ ” စစ်တပ်ဘောကို ပြေးရှူပြီးကြောင်တောင်တောင်တွေ လုပ်နေတာက မင်း ” ” ကျပ်မပြည့်တဲ့ ယုန်စုတ်တော့ မပြောလိုဘူးတိရစ္ဆာန် တွေနဲ့အနေများပြီး ဉာဏ်မမှီတော့တဲ့ပိုင်ကြီးနဲ့ဂျီဖုတ်အတွက် ” စသည့်စာသားများဖြင့် နှင်းဆီအနက်များပေးပို့ထားခြင်းဖြစ်သည်။

(ဓါတ်ပုံ-Facebook Viral)
(ဓါတ်ပုံ-Facebook Viral)

ပိုင်တံခွန်သည် ၂၀၂၂ မတ်လတွင် အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာခဲ့ပြီး အနုပညာလှုပ်ရှားမှုများ ပြန်လည်လုပ်ကိုင်နေခြင်းဖြစ်သည်။

G Fatt သည်လွတ်​​မြောက်နယ်မြေနှင့် ပြည်ပသို့ပင်သွား​ရောက်နေထိုင်ခဲ့ပြီးနောက် စစ်ကောင်စီထံ ခံဝန်ထိုးကာ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ပရိသတ်များရှေ့သို့ ပထမဆုံးပြန်လည်ပေါ်ထွက်လာခြင်းဖြစ်သည်။

” လိပ်ပြာလုံမှ ဝတ်ရဲတဲ့ အင်္ကျီ မို့ မင်းတို့ သုံးယောက် အတွက် ငါ လက်ဆောင်ဝယ်ပေးလိုက်တယ် “ဆိုတဲ့ စကားနဲ့ အတူ ပိုင်တံခွန် ၊ Floke Rose နဲ့ G Fatt အတွက် ” သုည ” ချပ်ဝတ်နီ (၃) ထည် လက်ဆောင် လာဝယ်ပေးသွားပါတယ်။ အိမ်ရှေ့ကို အရောက်ပို့ပေးဖို့လည်း တောင်းဆိုထားပါတယ်။ သူတို့ မဝတ်ရဲဘူးဆိုရင်တော့ အင်္ကျီ မဝယ်နိုင်တဲ့ CDM ဝန်ထမ်း (၃) ဦးကို လက်ဆောင်ပြန်ပေးမှာဖြစ်ပါတယ်။ ” ဟု PDF Loikaw ၏ ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။

ချပ်ဝတ်နီ အင်္ကျီများမှာ ကရင်နီပြည်နယ်တွင် တိုက်ပွဲဝင်​နေ​သောရဲ​ဘော်များဝတ်ခဲ့​သောယူနီ​ဖောင်းများ၏ အင်္ကျီ အစများဖြင့် ဒီဇိုင်လုပ်၍ ​တော်လှန်​ရေးရန်ပုံ​ငွေအတွက်​ရောင်းချ​ပေး နေ​သော ​လူကြိုက်များသည့်ခေါင်းစွပ်အင်္ကျီများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။