Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

CNO/CNDF ဖွဲ့စည်းမှု နှစ်နှစ်တာအတွင်း စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့်တိုက်ပွဲ ၁၂၀ ကျော်ရှိဟု အသိပေး

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ သေဆုံးထိခိုက် အခြေအနေကို ပြောကြားခြင်းမရှိသော် လည်း နှစ်နှစ်တာအတွင်း CNDF ရဲဘော် ၃၁ဦး ကျဆုံးခဲ့ရသည်ဟုဆိုသည်။

(ဗားရ်စခန်းသိမ်းတိုက်ပွဲမှ ရရှိသော လက်နက်ခဲယမ်းများအား CNDF က ပြသထားစဉ်။ ဓာတ်ပုံ - CNDF)
(ဗားရ်စခန်းသိမ်းတိုက်ပွဲမှ ရရှိသော လက်နက်ခဲယမ်းများအား CNDF က ပြသထားစဉ်။ ဓာတ်ပုံ - CNDF)

ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ဖွဲ့စည်းတည်ထောင်မှု ၂နှစ်တာအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲပေါင်း ၁၂၂ကြိမ်ရှိခဲ့သည်ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။

ယမန်နေ့က ကျင်းပသည့် CNO/CNDF ဖွဲ့စည်းမှု ၂နှစ်ပြည့်အခမ်းအနား၌ ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပထမဆုံးတိုက်ပွဲမှာ ၂၀၂၁ မေလ ၂၁ရက်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပထမဆုံးအကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက် ၃လက် သိမ်းဆည်းရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။ နောက်ဆုံးတိုက်ပွဲမှာ ယခုနှစ် ဧပြီ ၁၀ရက်က ဖလမ်း မြို့နယ် ဗားရ်စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှုဖြစ်ပြီး စစ်ကောင်စီတပ်က ၁၄ဦးသေ၊ ၁၁ဦး အရှင်ဖမ်းမိကာ လက်နက်မျိုးစုံ ၂၀ကျော်နှင့် ကျည်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း CNDFက ထုတ်ပြန်ထားသည်။

“CNO/CNDF ထိန်းချုပ်နယ်မြေက ကျယ်ဝန်းတဲ့အတွက် လက်နက်ခဲယမ်း အင်အားမရှိတဲ့အတွက် ဒုက္ခရောက်ခဲ့တယ်။ အခုအချိန်မှာ ဧပြီ ၁၀ရက် မှာ ဗားစခန်းကို သိမ်းနိုင်ခဲ့တဲ့အတွက် လက်နက် သိမ်းဆည်းရမိတာလည်း များခဲ့တယ်။ နောက်ပြီး စစ်ရေးအနေနဲ့ကတော့ တော်တော်များများကြီးကို ၁၂၂ ကြိမ်တိုက်ခဲ့တဲ့အတွက် တော်တော်တိုက်ခိုက်တဲ့ အခြေအနေမှာရှိတယ်”ဟု ဆလိုင်းကျုံးငိုင်းက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ သေဆုံးထိခိုက် အခြေအနေကို ပြောကြားခြင်းမရှိသော် လည်း နှစ်နှစ်တာအတွင်း CNDF ရဲဘော် ၃၁ဦး ကျဆုံးခဲ့ရသည်ဟုဆိုသည်။

“အဲဒီ ၃၁ယောက်ထဲမှာ တိုက်ပွဲမှာ ကျဆုံးသွားတဲ့သူတွေလည်းရှိတယ်။ ကိုဗစ်နဲ့ ကျဆုံးသွားတဲ့သူတွေလည်းရှိတယ်။ေ နာက်ပြီး ရှေ့တန်းမှာ နေရင်းနဲ့ ရောဂါပိုးဝင်ရင်း ကျဆုံးသွားတဲ့သူတွေလည်းရှိတယ်” ဟု ၎င်းက ဆိုသည်။ ထို့ပြင် ဖမ်းဆီးခံရ၍ ကျဆုံးသူများ၊ မိုင်းမတော်တဆမှုကြောင့် ကျဆုံးသူများရှိသည်ဟုဆိုသည်။

နှစ်နှစ်တာအတွင်း ဒဏ်ရာရရဲဘော် ၃၀ဦးရှိခဲ့သည်ဟုလည်း ရှင်းပြသည်။

“တချို့ဆိုမျက်လုံးဘာမှ မမြင်ရတဲ့အခြေအနေ ကန်းသွားတဲ့ အခြေအနေမှာရှိတဲ့သူတွေလည်းရှိတယ်။ နောက်ပြီး မျက်လုံးတစ်ဖက်ကောင်းနေပါလျက် ကျန်တစ်ဖက်က မှေးမှေးမှိန်မှိန်မြင်ရသူလည်းရှိတယ်။နောက်ပြီး ခြေပြတ်လက်ပြတ်တွေလည်း အများကြီးရှိခဲ့တယ်။” ဟု ရဲဘော်များ ဒဏ်ရာရရှိမှုကို ဆလိုင်းကျုံးငိုင်က ပြောသည်။

CNO/CNDF အနေဖြင့်လည်း ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းက အသိပေးသည်။

“အသက်ကို ပဓာနမထားဘဲနဲ့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုအားလုံးကိုလည်း ဒီကနေ လေးစားသမှုပြုတယ်။ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့အကြောင်း ဒီကနေ အတိုချုံးပြောပြလိုပါတယ်။”ဟု ဆလိုင်းကျုံးငိုင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။