Connect with us

Hi, what are you looking for?

သတင်း

ခရမ်းPDF ခေါင်းဆောင်နေအိမ်စစ်ကောင်စီ မီးရှို့ဖျက်ဆီး

ကိုမီးပွား၏ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ နိုဝင်ဘာ ၂၂ ရက်ကတည်းက မတရားချိတ်ပိတ်ခံထားရခြင်းဖြစ်ပြီး မီးရှို့သည့်အချိန်တွင်လည်း ယင်းအိမ်ရှိသည့် လမ်းမကိုပိတ်ကာ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

(PDF ခရမ်း ခေါင်းဆောင် ကိုမီးပွား၏ နေအိမ်အား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(PDF ခရမ်း ခေါင်းဆောင် ကိုမီးပွား၏ နေအိမ်အား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

▪️တော်လှန်ရေးစိတ်ပိုအားကောင်းလာဟုခရမ်းPDF ခေါင်းဆောင်ပြော

အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည့် PDF ခရမ်း ခေါင်းဆောင် ကိုမီးပွား၏ မတရား ချိတ်ပိတ်ခံထားရသော‌ နေအိမ်ကို စစ်ကောင်စီက ယနေ့ (ဧပြီ ၁၅ ရက်) တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

“ရန်ကုန်တိုင်းမှာ ပထမဆုံး ၅၀၅ အထုတ်ခံရသလို ပထမဆုံး ချိတ်ပိတ်ခြင်းခံရသလို ပထမဆုံး မီးရှို့ခံရတာဘဲ။စကစ ကတော့ အစွမ်းကုန် မိုက် ရိုင်းကုန်ပြီ မြို့လယ်ခေါင်မှာ သူတို့ချိတ်ပိတ်အိမ်ကို သူတို့ မီးရှို့တယ်ဆိုပြီး လုပ်ချင်သလိုလုပ်နေပြီ”ဟု ကိုမီးပွားက ပြောသည်။

ကိုမီးပွား၏ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ နိုဝင်ဘာ ၂၂ ရက်ကတည်းက မတရားချိတ်ပိတ်ခံထားရခြင်းဖြစ်ပြီး မီးရှို့သည့်အချိန်တွင်လည်း ယင်းအိမ်ရှိသည့် လမ်းမကိုပိတ်ကာ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အသက်တွေ စွန့်ခဲ့ကြ ပေးဆပ်ခဲ့ကြတဲ့ သူတွေနဲ့စာရင် ကျတော့်အိမ် မီးရှို့ ပြာကျတာက ဘာမဟုတ်ပါဘူး။ မဖြစ်စလောက်ပါဗျာ။ကျုပ်အိမ်မီးရှို့လို့ ကျုပ်ရဲ့ တော်လှန်ရေး စိတ်က ပြာကျမှာမဟုတ်ဘူး ပိုအားကောင်းပြီး ပိုသန်မာလာမှာပါ” ဟု နေအိမ်မီးရှို့ခံရသည့်အပေါ် ခံစားမှုကို ကိုမီးပွားကပြောသည်။

Public Service Announcement

Public Service Announcement

PDF ခရမ်း အနေဖြင့် ဧပြီ ၁၃ရက်တွင် ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးမှုးရုံးရှေ့ရှိ စစ်ကောင်စီဘန်ကာကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိပြီး သေနတ်နှစ်လက်ရရှိခဲ့သည်။

ယင်းစစ်ဆင်ရေးပြီးချိန်တွင် အကြမ်းဖက်စစ်ကောင်စီက ခရမ်းမြို့အဝင်၊ အထွက်အားလုံးကို ပိတ်ထားခဲ့သည်။

PDF ခရမ်းအနေဖြင့် မတ်လ ၃၀ မှ ဧပြီ ၁၂ ရက် အတွင်း စစ်ဆင်ရေး ခြောက်ကြိမ်ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးရှိသည်။

ထို့အပြင် လိုအပ်သည့် လက်နက်ခဲယမ်း များဝယ်ယူနိုင်ရန် အကြွေးပြန်ယူမယ် ‌ကျပ်သိန်း ၅၀၀ ကမ်ပိန်းကို ဧပြီ ၁၁ ရက်မှ မေလ ၁၀ ရက်အထိပြုလုပ်နေပြီး ပြည်သူများပါဝင်ပေးရန် PDF က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ