Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုနဲ့ ပြင်ဦးလွင်အစပ် မှာ သင်္ကြန်ကာလထိတိုင် ၁၀ ရက်တာ တိုက်ပွဲအတွင်း ၂ ဖက်အကျအဆုံးရှိ

၁၀ ရက်တာတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် ၇ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူ ၁၅ ဦးရှိတယ်လို့ မန္တလေး PDF က စစ်ရေးသတင်းကိုထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စိန်ပြောင်း ပစ်ခတ်ဖို့ပြင်နေတဲ့ မန္တလေး PDF တပ်ဖွဲ့ဝင် ကိုတွေ့ရစဉ်
တိုက်ပွဲအတွင်း စိန်ပြောင်း ပစ်ခတ်ဖို့ပြင်နေတဲ့ မန္တလေး PDF တပ်ဖွဲ့ဝင် ကိုတွေ့ရစဉ်

မန္တလေးနဲ့ ရှမ်းပြည်နယ် အစပ် နောင်ချိုနဲ့ပြင်ဦးလွင် ဒေသမှာ ဧပြီလဆန်းပိုင်းကနေ သင်္ကြန်အကျ ရက်အထိ စစ်ကောင်စီတပ်နဲ့ ၁၀ ရက်တာ တိုက်ပွဲတွေ ပြင်းပြင်းထန်ဖြစ်ပွားကာ ၂ ဖက် အကျအဆုံးရှိခဲ့တယ်လို့ မန္တလေး PDF က အသိပေးပါတယ်။

တိုက်ပွဲဟာ ဧပြီလ ၅ ရက်ကနေ စတင်ပြီး သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်နေ့အထိ ဖြစ်ပွားတာလို့သိရပါတယ်။

၁၀ ရက်တာတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် ၇ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူ ၁၅ ဦးရှိတယ်လို့ မန္တလေး PDF က စစ်ရေးသတင်းကိုထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က အင်အား ၉၀၀ ခန့် အသုံးပြုတိုက်ခိုက်ခဲ့ကာ ၇၅ ဦးခန့်ကျပြီး ဒဏ်ရာရသူ ၆၀ ဝန်းကျင်ရှိတယ်လို့ မန္တလေး PDF ရဲ့ ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်ကတော့ နောင်ချိုနဲ့ ပြင်ဦးလွင် အစပ်က တိုက်ပွဲတွေအတွင်းအကျအဆုံးကို ထုတ်ပြန်တာမရှိပါဘူး။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က ရုရှားလုပ် ဂျက်တိုက်လေယာဉ်တွေ ၊တိုက်ခိုက်ရေးရဟတ်ယာဉ် နဲ့ လေကြောင်းတိုက်ခိုက်မှု ၂၇ ကြိမ်ရှိခဲ့တယ်လို့ မန္တလေး PDF ကဆိုပါတယ်။

သင်္ကြန် အကျနေ့ တစ်ရက်တည်းမှာတင် ဗုံးကြဲတိုက်ခိုက်မှု ၁၂ ကြိမ်ရှိခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ သင်္ကြန်အတက်နေ့ နေ့လယ်ပိုင်းအထိ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ MDY PDFရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ဓာတ်ပုံ − MDY PDF

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။