Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နောင်ချိုနဲ့ ပြင်ဦးလွင်အစပ် မှာ သင်္ကြန်ကာလထိတိုင် ၁၀ ရက်တာ တိုက်ပွဲအတွင်း ၂ ဖက်အကျအဆုံးရှိ

၁၀ ရက်တာတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် ၇ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူ ၁၅ ဦးရှိတယ်လို့ မန္တလေး PDF က စစ်ရေးသတင်းကိုထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စိန်ပြောင်း ပစ်ခတ်ဖို့ပြင်နေတဲ့ မန္တလေး PDF တပ်ဖွဲ့ဝင် ကိုတွေ့ရစဉ်
တိုက်ပွဲအတွင်း စိန်ပြောင်း ပစ်ခတ်ဖို့ပြင်နေတဲ့ မန္တလေး PDF တပ်ဖွဲ့ဝင် ကိုတွေ့ရစဉ်

မန္တလေးနဲ့ ရှမ်းပြည်နယ် အစပ် နောင်ချိုနဲ့ပြင်ဦးလွင် ဒေသမှာ ဧပြီလဆန်းပိုင်းကနေ သင်္ကြန်အကျ ရက်အထိ စစ်ကောင်စီတပ်နဲ့ ၁၀ ရက်တာ တိုက်ပွဲတွေ ပြင်းပြင်းထန်ဖြစ်ပွားကာ ၂ ဖက် အကျအဆုံးရှိခဲ့တယ်လို့ မန္တလေး PDF က အသိပေးပါတယ်။

တိုက်ပွဲဟာ ဧပြီလ ၅ ရက်ကနေ စတင်ပြီး သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်နေ့အထိ ဖြစ်ပွားတာလို့သိရပါတယ်။

၁၀ ရက်တာတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် ၇ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူ ၁၅ ဦးရှိတယ်လို့ မန္တလေး PDF က စစ်ရေးသတင်းကိုထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က အင်အား ၉၀၀ ခန့် အသုံးပြုတိုက်ခိုက်ခဲ့ကာ ၇၅ ဦးခန့်ကျပြီး ဒဏ်ရာရသူ ၆၀ ဝန်းကျင်ရှိတယ်လို့ မန္တလေး PDF ရဲ့ ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်ကတော့ နောင်ချိုနဲ့ ပြင်ဦးလွင် အစပ်က တိုက်ပွဲတွေအတွင်းအကျအဆုံးကို ထုတ်ပြန်တာမရှိပါဘူး။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က ရုရှားလုပ် ဂျက်တိုက်လေယာဉ်တွေ ၊တိုက်ခိုက်ရေးရဟတ်ယာဉ် နဲ့ လေကြောင်းတိုက်ခိုက်မှု ၂၇ ကြိမ်ရှိခဲ့တယ်လို့ မန္တလေး PDF ကဆိုပါတယ်။

သင်္ကြန် အကျနေ့ တစ်ရက်တည်းမှာတင် ဗုံးကြဲတိုက်ခိုက်မှု ၁၂ ကြိမ်ရှိခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ သင်္ကြန်အတက်နေ့ နေ့လယ်ပိုင်းအထိ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ MDY PDFရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ဓာတ်ပုံ − MDY PDF

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။