Connect with us

Hi, what are you looking for?

သတင်း

PDF များက ​နောင်ချိုမြို့အနီးရှိ စစ်တပ်တပ်ရင်း ၂ ခုကိုတိုက်ခိုက်

စစ်တပ်တိုက်ခိုက်ခံရပြီး​နောကိနံနက် ၁၁နာရီခန့်တွင်စစ်ရဟတ်ယာဥ် နှစ်စီးဖြင့် တိုက်ခိုက်ခံရ​သော တပ်မ (၁၁၄)၊(၁၁၅)အနီး ဆင်းသက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(မန္တ​လေး PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-MPDF)
(မန္တ​လေး PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-MPDF)

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)-MPDF ဦး​ဆောင်​​​သော ပူးပေါင်းတပ်ဖွဲ့က နောင်ချိုမြို့အနီးရှိစစ်ကောင်စီတပ်၏ တပ်မ (၁၁၄)နှင့် (၁၁၅)တို့ကိုယ​နေ့ ​နေ့ခင်းပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့​ကြောင်း နောင်ချိုမြို့ခံများက ပြောသည်။

“မနက် ၁၀နာရီလောက်ကဖြစ်နေတာ။ လက်နက်ကြီးသံတွေ ခုထိကိုကြားနေရတယ်”ဟု နောင်ချိုမြို့ခံ တစ်ဦးက ‌ဧပြီ ၂၂ ရက် နေ့လည် ၂ နာရီတွင် ပြောသည်။

MPDF က စစ်တပ်၏ တပ်မ ၁၁၄ နှင့် ၁၀၇ တို့ကို ​ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ် တိုက်ခိုက်ပြီး​နောက် စစ်တပ်နှင့်တိုက်ပွဲလည်းဖြစ်ပွားခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။​ရှော့တိုက်ဒုံးဖြင့် ၄ ချက်ပစ်ခတ်သံကြားရပြီး စစ်တပ်ကိုထိမှန်​ကြောင်းလည်း ​ဒေသခံအချိူ့က​ပြောသည်။

တိုက်ခိုက်မှုတွင် စစ်တပ်​သေဆုံးထိခိုက်မှုအ​​ခြေအ​နေကိုမူ မသိရ​သေး​ပေ။

Public Service Announcement

Public Service Announcement

စစ်တပ်တိုက်ခိုက်ခံရပြီး​နောကိနံနက် ၁၁နာရီခန့်တွင်စစ်ရဟတ်ယာဥ် နှစ်စီးဖြင့် တိုက်ခိုက်ခံရ​သော တပ်မ (၁၁၄)၊(၁၁၅)အနီး ဆင်းသက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နောင်ချိုမြို့ပေါ်တွင် လက်တလောငြိမ်သက်နေပြီး စျေးဆိုင်များ အားလုံးပိတ်သိမ်းထားကြောင်း ၎င်းတို့က ပြောသည်။

တိုက်ခိုက်ခံရ​သောတပ်မ ၁၁၄ နှင့် ၁၁၅ သည်​နောင်ချိုမြို့နှင့် ကားဖြင့်သွားလျှင်မိနစ်ပိုင်းအတွင်း​ရောက်​​​ကြောင်း​ဒေသခံများက​ပြောသည်။

MPDF နှင့် စစ်​ကောင်စီတပ်တို့သည် ​ဧပြီ ၅ ရက်မှ စ၍တိုက်ပွဲများပြင်းထန်​နေရာ ယ​နေ့အထိ့တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလျှက်ရှိသည်။ဧပြီ ၅ ရက်မှ ဧပြီ ၁၄ ရက်အထိ့တိုက်ပွဲများတွင် စစ်တပ်က ​လေ​ကြောင်း၊လက်နက်ကြီးအများအပြူအသုံးပြုသလို စစ်သားအင်အား ၉၀၀ ​ကျော်အသုံးပြုတိုက်ခိုက်​သော်လည်းတိုက်ပွဲများတွင် စစ်တပ်မှ အရာရှိများအပါအဝင် ၇၅ ဦးထက်မနည်း​သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့​ကြောင်း MPDF က ဧပြီ ၁၅ ရက်တွင်ထုတ်ပြန်ခဲ့သည်။တိုက်ပွဲများတွင် PDF အချို့လည်းကျဆုံးခဲ့သည်။

ဧပြီ ၁၅ ရက်​နောက်ပိုင်းတွင်လည်းယ​နေ့အချိန်ထိတိုက်ပွဲများအပြင်းအထန်ဖြစ်ပွား​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။