Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် ဒေသခံ ၅,၀၀၀ ကျော် စစ်ရှောင်နေရ

တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ရှောင်ဦးရေ တိုးလာပြီး နီးစပ်ရာ ဆွေမျိုးတွေ ဆီသွားရောက်သူရှိသလို ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြရသူတွေရှိပါတယ်။

နောင်ချိုမြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် ဒေသခံ ၅,၀၀၀ ကျော် စစ်ရှောင်နေရ
နောင်ချိုမြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် ဒေသခံ ၅,၀၀၀ ကျော် စစ်ရှောင်နေရ

စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တပ်ဖွဲ့ တို့ကြား မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ် အစပ် နောင်ချိုမြို့နယ်ထဲမှာ ၂ ပတ်ကျော်ကြာဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း ဒေသခံ ၅,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်။

နောင်ချိုမြို့နယ် ၊ဒိုးပင်ကျေးရွာအုပ်စု ဒိုးပင်၊ နမ့်မွန်၊ သဖန်းကိုင်း၊ လုံးခံ၊ ကြံခင်း၊ နားခါး၊ ကျောက်တန်းစတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးရတာဖြစ်ပြီး စစ်ရှောင်ကြရတဲ့ ဦးရေဟာ ၅,၀၀၀ ခန့်ရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်နဲ့ မန္တလေး PDF ဟာ ဧပြီလ ၅ ရက်ကစတင်ပြီး နောင်ချိုမြို့နယ် ထဲမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

Public Service Announcement
Public Service Announcement

” သင်္ကြန်မတိုင်ခင်ကတည်းက ရှောင်လာတာ ပြင်ဦးလွင်မြို့ပေါ်ရောက်နေပြီ ” လို့ ဒိုးပင်ရွာ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပြပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ရှောင်ဦးရေ တိုးလာပြီး နီးစပ်ရာ ဆွေမျိုးတွေ ဆီသွားရောက်သူရှိသလို ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြရသူတွေရှိပါတယ်။

တိုက်ပွဲအတွင်းမှာ နောင်ချိုမြို့နယ်ထဲက ကုလားကွဲကျေးရွာထဲကို လက်နက်ကြီးကျပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။ဟိုခဲရွာမှာလည်း အမျိုးသား တစ်ဦးမိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

၂ပတ် ကျော် ကြာ တဲ့အထိ စစ်ကောင်စီနဲ့ မန္တလေးPDF တို့ကြား တိုက်ပွဲတွေဟာ မနေ့က နေ့ခင်းပိုင်းအထိ ဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။