Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်တိုက်ပွဲ စစ်တပ်ဗျူဟာမှူးအပါအဝင် အများအပြားသေဆုံး

စစ်​ကောင်စီတပ်ကို နိုင်ငံဧရိယာ အများစုတွင် ​PDF နှင့်တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များက အရှိနိမြှင့်တိုက်ခိုက်​နေရာ ယခုလပိုင်းအတွင်းစစ်တပ်မှ အရာရှိ​သေဆုံး၊ဒဏ်ရာရမှု သိသိသာသာများလာခြင်းဖြစ်သည်။

( စစ်တပ်ကိုခုခံတိုက်ခိုက်​နေ​သော PDF ၊ KIA တပ်ဖွဲ့ဝင်များနှင့် စစ်တပ်က​လေ​ကြောင်းတိုက်ခိုက်မှုတွင်အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK -130 တိုက်​လေယာဥ်။ ဓါတ်ပုံ-CJ ၊ Getty Images)
( စစ်တပ်ကိုခုခံတိုက်ခိုက်​နေ​သော PDF ၊ KIA တပ်ဖွဲ့ဝင်များနှင့် စစ်တပ်က​လေ​ကြောင်းတိုက်ခိုက်မှုတွင်အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK -130 တိုက်​လေယာဥ်။ ဓါတ်ပုံ-CJ ၊ Getty Images)

▪︎ယ​နေ့တိုက်ပွဲတွင်စစ်ကောင်စီတပ်အချင်းချင်းလေကြောင်းမှ မှားပစ်၍ အထိနာ

▪︎​ဗျူဟာမှူး ဗိုလ်မှူးကြီးကိုကိုသက် ရုပ်အ​လောင်း ယ​နေ့ညတွင်Mi-17 ရဟတ်ယာဥ်ဖြင့်သယ်ယူ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင်ယ​နေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်​မှ ဗျူဟာမှူးအပါအဝင်သေဆုံးထိခိုက်မှုများ၍လေကြောင်းမှစစ်ကူ​ပေးရာပစ်မှတ်မှားယွင်းတိုက်ခိုက်မိသဖြင့် မြေပြင်မှစစ်ကောင်စီတပ်ကို ထိမှန်ကာ ပိုမိုအထိနာသွားကြောင်း တော်လှန်ရေးအင်အားစုများနှင့် ​ဒေသခံများကပြောသည်။

ထိုအပြင် ဧပြီ ၂၂ ရက်မှစ၍ သုံးရက်ဆက်ဖြစ်​သောတိုက်ပွဲတွင် စစ်​ကောင်စီတပ်မှာ ဗျူဟာမှူး ဗိုလ်မှုးကြီးကိုကိုသက် ​အပါအဝင်စစ်သား ၅၀ ထက်မနည်း​သေဆုံးခဲ့​ကြောင်း​တော်လှန်​ရေးအင်အားစုများက​ပြောသည်။ ​

“လွန်ခဲ့တဲ့ငါးမိနစ်ကအလောင်းလာကောက်သွား Mi 17 နဲ့”ဟု​စစ်​ရေးသတင်းရင်းမြစ်တစ်ဦးက People’s Spring သို့အတည်ပြုသည်။ စစ်တပ်က အချင်းချင်း​လေ​ကြောင်းမှ မှားယွင်းပစ်ခတ်မိသည်ကိုလည်း၎င်းကအတည်ပြုသည်။

သေဆုံးသွား​သော စစ်တပ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကိုကိုသက်၏ ရုပ်အ​လောင်းကို ယ​နေ့ည ၈ နာရီခွဲဝန်းကျင်တွင် စစ်တပ်က Mi-17 ရဟတ်ယာဥ်ဖြင့်လာသယ်သွား​ကြောင်းစစ်​ရေးသတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်ကို နိုင်ငံဧရိယာ အများစုတွင် ​PDF နှင့်တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များက အရှိနိမြှင့်တိုက်ခိုက်​နေရာ ယခုလပိုင်းအတွင်းစစ်တပ်မှ အရာရှိ​သေဆုံး၊ဒဏ်ရာရမှု သိသိသာသာများလာခြင်းဖြစ်သည်။

“တိုက်ပွဲက သုံးရက်ရှိပြီ ဖြစ်တာ။ ဒီနေ့မှ လေကြောင်းကနေ လာတာ။ ဂျက်ဖိုက်တာ ငါးစီးနဲ့ လာပစ်တာ။ နောက်ဆုံးအစီးက သူ့အချင်းချင်းပြန်ပစ်မိတာ” ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ရှင်းပြသည်။

ထီးချိုင့်မြို့နယ် ကျုတောင်၊ ဝဲကြီး၊မုဒ်ဝ၊ တောမ၊ ဖုန်ကုန်းရွာအနီးနေရာများတွင် ဧပြီ၂၂ရက်မှစတင်၍ တိုက်ပွဲများ ဖြစ်ပွား​နေသည်။ သုံးရက်ကြာ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗျုဟာမှုးအပါအဝင် ၅၀ထက်မနည်းသေဆုံးကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။စစ်ကောင်စီဘက်က အလွန်အထိနာ၍ ဂျက်ဖိုက်တာ ငါးစီးအထိ သုံးပြီး လေကြောင်းမှ လာရောက်တိုက်ခိုက်သွားခြင်းဟု ဒေသခံများကပြောသည်။ စစ်​ကောင်စီတပ်​သေဆုံးမှုအ​ရေအတွက်ကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

​သေဆုံးဒဏ်ရာရသူများ​နေ​သောစစ်ကောင်စီတပ်က ယ​နေ့ နေ့လယ် ၁၂ နာရီခန့်တွင် လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်ပြီး မုဒ်ဝကျေးရွာတွင် ရဟတ်ယာဉ်ဖြင့် လူချသွားသည်ဟု​ဒေသခံများက​ပြောသည်။ ​တော်လှန်​ရေးပူး​ပေါင်းတပ်မှလည်း ထိခိုက်ကျဆုံးမှုအနည်းငယ်သာရှိ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့က​​ပြောသည်။

“ဟတ်စကီးနဲ့ လူချတယ်။ အဲ့အချိန် ဂျက်ဖိုက်တာတစ်စီးက ဝဲပေးနေသေးတာ။ လာပစ်တဲ့ ဂျက်ဖိုက်တာတွေကသပ်သပ်လာတာ။ ဒဏ်ရာရတဲ့ကောင်တွေကိုလည်း ဟတ်စကီးနဲ့ ပြန်ခေါ်သွားတယ်”ဟု မုဒ်ဝရွာအနီးရောက်ရှိနေသောပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကလည်းပြောသည်။

( စစ်တပ်ကိုခုခံတိုက်ခိုက်​နေ​သော PDF ၊ KIA တပ်ဖွဲ့ဝင်များနှင့် စစ်တပ်က​လေ​ကြောင်းတိုက်ခိုက်မှုတွင်အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK -130 တိုက်​လေယာဥ်။ ဓါတ်ပုံ-CJ ၊ Getty Images)
( စစ်တပ်ကိုခုခံတိုက်ခိုက်​နေ​သော PDF ၊ KIA တပ်ဖွဲ့ဝင်များနှင့် စစ်တပ်က​လေ​ကြောင်းတိုက်ခိုက်မှုတွင်အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK -130 တိုက်​လေယာဥ်။ ဓါတ်ပုံ-CJ ၊ Getty Images)

ထီးချိုင့်မြို့နယ်တွင် စစ်​ကောင်စီတပ်ကိုဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်တို့က တိုက်ခိုက်​နေခြင်းဖြစ်သည်။ယနေ့တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၆ကြိမ် ထက်မနည်း ပြုလုပ်ခဲ့ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ထိးချိုင့်​ဒေသခံတစ်ဦးကလည်း“တိုက်ပွဲဖြစ်တာက ၂ရက် ၃ရက်ရှိပြီဗျ။ ဖြစ်တာက ညောင်ပင်သာဘက်ကနေဖြစ်တာ။ သူတို့ စထွက်တာက ထီးချိုင့်ကနေ ပန္နဲကုန်း၊ ပိန္နဲကုန်းကနေ ညောင်ပင်သာဝင်တယ်။ ညောင်ပင်သာကနေ ဆင်းပြီးမှ ဟိုဘက် တို့အဖွဲ့တွေရှိတဲ့ ကြားထဲကို လာခဲ့တာ။ တောမရွာကိုလည်း မီးရှို့သေးတယ်။သူတို့ဘက်က အကျများတော့ လေကြောင်း ခေါ်တာ။ ဒီတစ်ခါ ခြောက်ကြိမ်တော်တော်လာတယ်။ ကိုယ့်ဘက်ကထိလား မထိလား အသေးစိတ်တော့ မသိရသေးဘူး။ စောစောက ကိုယ်ကြားသလောက်တော့ ထိတာမရှိသေးဘူး”ဟု ပြောသည်။

လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာ၍ အရပ်သားပြည်သူများ ထိခိုက်မည်ကို စိုးရမ်နေရကြောင်း ၊ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း အထက်ပါ​ဒေသခံက​ပြောသည်။

ဧပြီ ၂၂ရက် နံနက်ပိုင်းတွင် ထီးချိုင့်မြို့ပေါ်သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၅ဦး ဝင်ရောက်လာပြီး ခြောက်ဦးက ထီးချိုင့်မြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ကြောင်းလည်း ‌ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းတောင် နှင့် ကရင်နီပြည်နယ်ကိုချိတ်ဆက်ရာ မိုးဗြဲ မြို့ကို စစ်​ကောင်စီတပ်က မစ်ဇိုင်းဒုံး နှင့် ၁၂၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ထိုးစစ်ဆင်လာ​သောကြောင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။

သတင်း

ပဲခူးတိုင်း၊မင်းလှမြို့နယ်အတွင်း ရန်ကုန်-ပြည်လမ်းပိုင်း အပါအဝင် နေရာအချို့၌ဇွန်လ၁၆ရက်နှင့် ၁၇ရက် နှစ်ရက်ဆက်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်​ကောင်စီမှ ဒုဗိုလ်မှူးကြီးတစ်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးအပါအဝင် ၂၀ ကျော်သေဆုံးကြောင်း သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း ၊ P2 3803 ကသတင်းထုတ်ပြန်သည်။

သတင်း

ပဲခူးတိုင်း၊မင်းလှမြို့နယ်အတွင်းရန်ကုန်-ပြည်လမ်းပိုင်း အပါအဝင် နေရာ၄ ​နေရာ၌ တိုက်ပွဲဖြစ်ပွားနေပြီး ဗိုလ်မှူးအဆင့်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ သေဆုံးပြီး စစ်ရေးဆက်လက် တင်းမာနေကြောင်းသတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာရွာအနီး ယနေ့တိုက်ပွဲဖြစ်ပွာ​နေရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များခဲ့ပြီးသေဆုံးသူများထဲ၌ အရာရှိ အချို့ ပါဝင်သည်ဟု ကချင်ဒေသ သတင်းရင်းမြစ်ကပြောသည်။