Connect with us

Hi, what are you looking for?

သတင်း

ကျောက်ပန်းတောင်းက ပွေးကျစ်ရဲစခန်း တိုက်ခိုက်ခံရ

စစ်အုပ်စုရဲ့တယ်လီဂရမ် တွေမှာ ရဲစခန်း စီးနင်းခံရပြီး ရဲတပ်ကြပ်ကြီး တစ်ဦးရဲ့ ဇနီးနဲ့ သားဖြစ်သူတို့ သေနတ်မှန်ပြီးသေဆုံးသလို ရဲအုပ် နဲ့ ရဲတပ်ကြပ်ကြီးတို့ ပျောက်ဆုံးနေတယ်လို့ ဖော်ပြပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ
ဓာတ်ပုံ − စစ်ကောင်စီ

မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ပွေးကျစ်နယ်မြေ ရဲစခန်း ကို ဒေသကာကွယ်ရေးတပ်တွေ မနေ့ မေလ ၂ ရက် နေ့လယ်ပိုင်းက ဝင်တိုက်ခိုက်လိုက်ပါတယ်။

နေ့လယ် ၁၂ နာရီခန့်က ရဲစခန်းကို ဝင်တိုက်တာဖြစ်ပြီး စခန်းကို မီးရှို့လိုက်သလို ရဲအချို့လည်းထိခိုက်သေကြေမှုတွေရှိတယ်လို့ ဒေသခံအချို့ဆီ ဆယ်သွယ်မေးမြန်းမှုအရ သိရပါတယ်။

စစ်အုပ်စုရဲ့တယ်လီဂရမ် တွေမှာ ရဲစခန်း စီးနင်းခံရပြီး ရဲတပ်ကြပ်ကြီး တစ်ဦးရဲ့ ဇနီးနဲ့ သားဖြစ်သူတို့ သေနတ်မှန်ပြီးသေဆုံးသလို ရဲအုပ် နဲ့ ရဲတပ်ကြပ်ကြီးတို့ ပျောက်ဆုံးနေတယ်လို့ ဖော်ပြပါတယ်။

ပွေးကျစ်နယ်မြေရဲစခန်းက ရဲအချို့ မြို့နယ်တရားရုံးသွားချိန်မှာ စခန်းဝင်တိုက်ခံရတာလို့လည်း စစ်အုပ်စုက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီတိုက်ခိုက်မှုကိုဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်တာမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။