Connect with us

Hi, what are you looking for?

သတင်း

တောင်စလုံးတိုက်ပွဲ KNDFတပ်ရင်း – ၁၁ တပ်ရင်းမှူး ကျဆုံးခဲ့ရ

စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ရင်းကျဆုံးခဲ့ရသော တပ်ရင်းမှူး အန်းဂျလို(လို့)၏ ဈာပနအခမ်းအနားအား မေလ ၁၀ရက်တွင် ပြုလုပ်ခဲ့ကြောင်း KNDF တပ်ရင်း – ၁၁က အသိပေးသည်။

(KNDF B/11မှ တပ်ရင်းမှူးအန်းဂျလို(လို့)၏ စျာပနအခမ်းအနားအား လိုက်လံပို့ဆောင်ကြစဥ်။ ဓာတ်ပုံ - KNDF)
(KNDF B/11မှ တပ်ရင်းမှူးအန်းဂျလို(လို့)၏ စျာပနအခမ်းအနားအား လိုက်လံပို့ဆောင်ကြစဥ်။ ဓာတ်ပုံ - KNDF)

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ် တောင်စလုံးတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၁မှ တပ်ရင်းမှူး ကျဆုံးကြောင်း အဆိုပါတပ်ရင်းက ထုတ်ပြန်သည်။

ဖယ်ခုံမြို့နယ်နှင့် ​ပင်လောင်းမြို့နယ်အစပ်ရှိ တောင်စလုံးကျေးရွာတွင် မေလ ၈ရက်က ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီအား တိုက်ခိုက်ရင်း KNDF B/11မှ တပ်ရင်းမှူးအန်းဂျလို(လို့)သည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် တပ်ရင်းမှူး အန်းဂျလို(လို့)သည် ဆေးကုသမှုခံယူနေစဥ် မေလ ၉ရက် နံနက်ပိုင်းတွင် ကျဆုံးခဲ့သည်။

(KNDF B/11မှ တပ်ရင်းမှူးအန်းဂျလို(လို့)၏ စျာပနအခမ်းအနားအား လိုက်လံပို့ဆောင်ကြစဥ်။ ဓာတ်ပုံ - KNDF)
(KNDF B/11မှ တပ်ရင်းမှူးအန်းဂျလို(လို့)၏ စျာပနအခမ်းအနားအား လိုက်လံပို့ဆောင်ကြစဥ်။ ဓာတ်ပုံ – KNDF)

“တောင်စလုံးရွာဘက်ကို စစ်​ကောင်စီဘက်က စစ်ကြောင်းပြန်ထိုးနေတာကို ကရင်နီတပ်ပေါင်းစုအနေနဲ့ ခုခံနေတာ။ ထိတွေ့မှုတိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူက အဆမတန်များနေတယ်။ဒါကြောင့် ကျဆုံးမှုအချို့ရှိနေတာ”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ရင်းကျဆုံးခဲ့ရသော တပ်ရင်းမှူး အန်းဂျလို(လို့)၏ ဈာပနအခမ်းအနားအား မေလ ၁၀ရက်တွင် ပြုလုပ်ခဲ့ကြောင်း KNDF တပ်ရင်း – ၁၁က အသိပေးသည်။

(KNDF B/11မှ တပ်ရင်းမှူးအန်းဂျလို(လို့)၏ စျာပနအခမ်းအနားအား လိုက်လံပို့ဆောင်ကြစဥ်။ ဓာတ်ပုံ - KNDF)
(KNDF B/11မှ တပ်ရင်းမှူးအန်းဂျလို(လို့)၏ စျာပနအခမ်းအနားအား လိုက်လံပို့ဆောင်ကြစဥ်။ ဓာတ်ပုံ – KNDF)

တပ်ရင်းမှူး အန်းဂျလို(လို့)သည် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေးရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိရေးတို့အတွက် အစွမ်းကုန်ကြိုးစားရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာအသက်ပေးဆပ်သွားခဲ့သည့်အတွက် KNDF/B-11 မှ အာဇာနည် သူရဲကောင်းအဖြစ် အစဥ်အမြဲမှတ်တမ်းတင်သွားမည်ဖြစ်ပြီး ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြသည်။

၂၀၂၃ ဖေဖော်ဝါရီ ၂၄ရက်မှစ၍ ယနေ့ထိ (၃)လနီးပါး နေ့စဥ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေပြီး တိုက်ပွဲကာလ ကြာမြင့်သည်နှင့်အမျှ ခဲယမ်းများ၊ စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် စက်သုံးဆီများ လိုအပ်လျှက်ရှိသောကြောင့်ပြည်သူများအနေဖြင့် KNDF/B-11ကို အားဖြည့်ကူညီ လှူဒါန်းပေးရန်လည်း မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။