Connect with us

Hi, what are you looking for?

သတင်း

ကျုံ​​ပျော်တွင် PDFများဗုံးခွဲတိုက်ခိုက်မှုတွင်ဒဏ်ရာရရှိခဲ့​သော မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး​ကျော်မိုး ​သေဆုံး

မေလ ၇ ရက်နံနက်ကကျုံပျော်မြို့နယ်၊အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင်ဗုံး​ပေါက်ကွဲမှုတွင် ဒဏ်ရာအပြင်းအထန်ရရှိသဖြင့် ​ဆေးကုသမှုခံ​နေရင်းမေလ ၉ ရက်တွင်သေဆုံးသွားခြင်းဟု ကျုံပျော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(ရဲမှူး​ကျော်မိုး၏ နာ​ရေးယပ်​တောင်။ဓါတ်ပုံ-CJ)
(ရဲမှူး​ကျော်မိုး၏ နာ​ရေးယပ်​တောင်။ဓါတ်ပုံ-CJ)

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့တွင်PDFများကစစ်​ကောင်စီအုပ်ချုပ်​ရေးမှူးရုံးဗုံးခွဲတိုက်ခိုက်မှုတွင်ဒဏ်ရာအပြင်းအထန်ရရှိသွားသောကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်မိုး ​မေ ၉ ရက်တွင်​သေဆုံးသွား​ကြောင်း​ဒေသခံအချို့နှင့် PDF အချို့က​ပြောသည်။

မေလ ၇ ရက်နံနက်ကကျုံပျော်မြို့နယ်၊အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင်ဗုံး​ပေါက်ကွဲမှုတွင် ဒဏ်ရာအပြင်းအထန်ရရှိသဖြင့် ​ဆေးကုသမှုခံ​နေရင်းမေလ ၉ ရက်တွင်သေဆုံးသွားခြင်းဟု ကျုံပျော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ကျော်မိုးသေးတာ အတည်ပြုနိုင်ပြီ။ရန်ကုန်မှာ ဆေးကုရင်းသေတာ”ဟု အထက်ပါရဲဘော်ကပြောသည်။

ကျုံပျော်မြို့နယ်၊အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် မေလ ၇ရက် နံနက် ၈ နာရီခန့်က ပထမတကြိမ်ပေါက်ကွဲမှုဖြစ်သည်ကို ရဲတပ်ဖွဲ့ကလာရောက်စစ်ဆေးနေစဥ် ပြည်သူ့ကာကွယ်ရေးရဲ‌ဘော်များက ဗုံးနှစ်လုံးထပ်မံဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် မြို့နယ်ရဲမှူးကျော်မိုးနှင့် ရဲအုပ်ကိုကိုလင်းတို့ဒဏ်ရာရသွားပြီး ယခုအခါရဲမှူးကျော်မိုး သေဆုံးသွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရဲမှူးကျော်မိုးသည် ပဲခူတိုင်း ကြို့ပင်ကောက်မြို့ဇာတိဖြစ်ပြီး လာမည့် မေလ ၁၅ရက်တွင် ရက်လည်ဆွမ်းသွပ်မည်ဟု သတင်းရရှိသည်။

” သူ့မိသားစုကတော့ နာရေးလာဖို့ လိုက်ဖိတ်နေတယ်။ သွားမယ့်သူတော့မရှိပါဘူး”ဟု ကြို့ပင်ကောက်မြို့ခံတစ်ဦးကလည်းပြောသည်။

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီပစ်မှတ်များအား တော်လှန်ရေးအင်အားစုများကတိုက်ခိုက်မှုပိုများလာသည်။ မေလ ၇ရက်က ကျုံပျော်မြို့အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးဗုံးခွဲတိုက်ခိုက်မှု၊မေလ ၆ရက်ညက ဘိုကလေးမြို့နယ်ရဲစခန်းကို PDFများက ဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့သည်။ မေလ ၅ရက်ညကလည်း ဟင်္သာတမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ တပ်ကြပ်ကြီး‌ အောင်ထက်ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။