Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျုံ​​ပျော်တွင် PDFများဗုံးခွဲတိုက်ခိုက်မှုတွင်ဒဏ်ရာရရှိခဲ့​သော မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး​ကျော်မိုး ​သေဆုံး

မေလ ၇ ရက်နံနက်ကကျုံပျော်မြို့နယ်၊အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင်ဗုံး​ပေါက်ကွဲမှုတွင် ဒဏ်ရာအပြင်းအထန်ရရှိသဖြင့် ​ဆေးကုသမှုခံ​နေရင်းမေလ ၉ ရက်တွင်သေဆုံးသွားခြင်းဟု ကျုံပျော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(ရဲမှူး​ကျော်မိုး၏ နာ​ရေးယပ်​တောင်။ဓါတ်ပုံ-CJ)
(ရဲမှူး​ကျော်မိုး၏ နာ​ရေးယပ်​တောင်။ဓါတ်ပုံ-CJ)

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့တွင်PDFများကစစ်​ကောင်စီအုပ်ချုပ်​ရေးမှူးရုံးဗုံးခွဲတိုက်ခိုက်မှုတွင်ဒဏ်ရာအပြင်းအထန်ရရှိသွားသောကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်မိုး ​မေ ၉ ရက်တွင်​သေဆုံးသွား​ကြောင်း​ဒေသခံအချို့နှင့် PDF အချို့က​ပြောသည်။

မေလ ၇ ရက်နံနက်ကကျုံပျော်မြို့နယ်၊အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင်ဗုံး​ပေါက်ကွဲမှုတွင် ဒဏ်ရာအပြင်းအထန်ရရှိသဖြင့် ​ဆေးကုသမှုခံ​နေရင်းမေလ ၉ ရက်တွင်သေဆုံးသွားခြင်းဟု ကျုံပျော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ကျော်မိုးသေးတာ အတည်ပြုနိုင်ပြီ။ရန်ကုန်မှာ ဆေးကုရင်းသေတာ”ဟု အထက်ပါရဲဘော်ကပြောသည်။

ကျုံပျော်မြို့နယ်၊အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် မေလ ၇ရက် နံနက် ၈ နာရီခန့်က ပထမတကြိမ်ပေါက်ကွဲမှုဖြစ်သည်ကို ရဲတပ်ဖွဲ့ကလာရောက်စစ်ဆေးနေစဥ် ပြည်သူ့ကာကွယ်ရေးရဲ‌ဘော်များက ဗုံးနှစ်လုံးထပ်မံဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် မြို့နယ်ရဲမှူးကျော်မိုးနှင့် ရဲအုပ်ကိုကိုလင်းတို့ဒဏ်ရာရသွားပြီး ယခုအခါရဲမှူးကျော်မိုး သေဆုံးသွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရဲမှူးကျော်မိုးသည် ပဲခူတိုင်း ကြို့ပင်ကောက်မြို့ဇာတိဖြစ်ပြီး လာမည့် မေလ ၁၅ရက်တွင် ရက်လည်ဆွမ်းသွပ်မည်ဟု သတင်းရရှိသည်။

” သူ့မိသားစုကတော့ နာရေးလာဖို့ လိုက်ဖိတ်နေတယ်။ သွားမယ့်သူတော့မရှိပါဘူး”ဟု ကြို့ပင်ကောက်မြို့ခံတစ်ဦးကလည်းပြောသည်။

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီပစ်မှတ်များအား တော်လှန်ရေးအင်အားစုများကတိုက်ခိုက်မှုပိုများလာသည်။ မေလ ၇ရက်က ကျုံပျော်မြို့အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးဗုံးခွဲတိုက်ခိုက်မှု၊မေလ ၆ရက်ညက ဘိုကလေးမြို့နယ်ရဲစခန်းကို PDFများက ဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့သည်။ မေလ ၅ရက်ညကလည်း ဟင်္သာတမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ တပ်ကြပ်ကြီး‌ အောင်ထက်ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။