Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်၌ KNDF နယ်မြေရှင်းလင်းစဉ် သဂြိုလ်ထားသည့် စစ်ကောင်စီတပ်သားရုပ်အလောင်းများတွေ့

နယ်မြေခံ တပ်မ (၅၅)အပါ တပ်မ (၆၆) ၊ တပ်မ (၂၂) ၊တပ်မ (၉၉)အစရှိသည့် တပ်မလေးခု အပြင် အမှတ် (၂ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂) လက်အောက်ခံတပ်ရင်းများပါ အသုံးပြု၍ ကရင်နီပြည်နယ်သို့ ဖေဖော်ဝါရီအကုန် မတ်လဆန်းကစ၍ စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

(KNDF ရဲဘော်များနယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ်။ဓာတ်ပုံ - KNDF)
(KNDF ရဲဘော်များနယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ်။ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ နယ်မြေရှင်းလင်းစဉ် သဂြိုလ်ထားသည့် ရုပ်အလောင်းများတွေ့ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယမန်နေ့က ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ တစ်နေရာကို နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီရုပ်အလောင်းသုံးခုထက်မနည်း တွေ့ရှိခြင်းဟု ဆိုသည်။

“အချို့ဆို ပုပ်ပွနေပြီ။ဘယ်လိုမှ ကိုင်လို့မရဘူး။ဖြစ်သလို သဂြိုလ်ခဲ့တာလဲပါတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

ယခုဖြစ်စဥ်မျိုးကို ဧပြီအတွင်းက ဒီးမော့ဆို၊ဒေါစဲကျေးရွာအနီး KNDF က နယ်​မြေရှင်းလင်းစဥ် ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီရုပ်အလောင်းအချို့ကို အလွယ်တကူ စွန့်ပစ်ထားခဲ့ခြင်းမျိုးရှိခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရှိ ကရင်နီဒေသတွင်း စစ်ရေးအရအင်အားထပ်မံဖြည့်တင်းပြီး တစ်ကျော့ပြန် စစ်ကြောင်းထိုးရန်ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်သည် တောင်မဲသင်းရွာမှတဆင့် ဖယ်ခုံမြို့ဘက်ခြမ်းရှိ တောင်စလုံးနှင့် မြောက်စလုံးရွာတို့ကို နယ်မြေစိုးမိုးနိုင်ရေးကြိုးပမ်းနေသည်။

ထို့ကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ကာ ကရင်နီပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့သည်။

ဒီးမော့ဆိုအရှေ့ခြမ်း ဒေသများတွင်မူ ထိတွေ့မှုမရှိသေးသော်လည်း အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်သည်ဟု KNDF က သုံးသပ်သည်။

တစ်ရက်လျှင် သုံးကြိမ်နှုန်းထက်မနည်းသည့် လေကြောင်းတိုက်ခိုက်မှု အပါအဝင် ရာနှင့်ချီ သော လက်နက်ကြီးကျည်များကို ခုခံနေရသည့် ကရင်နီ(ကယား) ပြည်နယ်၏ စစ်ဆင်ရေးမှာ ပို၍ ပြင်းထန်လာဖွယ်ရှိကြောင်းလည်း ဒေသခံ စစ်ရေးသတင်းရင်းမြစ် များက ဆိုသည်။

နှစ်လကျော်ကြာ စစ်ကောင်စီ၏ ကရင်နီပြည်နယ်ထိုးစစ်တွင် မြေပြင်တိုက်ပွဲများ၌အကြိမ်ကြိမ်အဖန်ဖန် ရှုံးနိမ့်ခဲ့သည်။

နယ်မြေခံ တပ်မ (၅၅)အပါ တပ်မ (၆၆) ၊ တပ်မ (၂၂) ၊တပ်မ (၉၉)အစရှိသည့် တပ်မလေးခု အပြင် အမှတ် (၂ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂) လက်အောက်ခံတပ်ရင်းများပါ အသုံးပြု၍ ကရင်နီပြည်နယ်သို့ ဖေဖော်ဝါရီအကုန် မတ်လဆန်းကစ၍ စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း မတ်လဆန်းပိုင်းကစ၍ ဧပြီကုန်အထိ စစ်ကောင်စီတပ်သား ၃၅၀ ကျော်သေဆုံးကာ လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ ကျော်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။

ထို့နောက် စစ်ကောင်စီက ၎င်းတို့ထိုးစစ်ဆင်ခဲ့သည့် နယ်မြေအသီးသီးမှ ဧပြီလကုန်ပိုင်းတွင် ပြန်လည်ဆုတ်ခွာခဲ့သည်။သို့သော် ယခုလ အစ တွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီးနောက် ယခင် ထိုးစစ်ဆင်ခဲ့သည့် နေရာများသို့ ပြန်လည်ဝင်ရောက် လာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။