Connect with us

Hi, what are you looking for?

သတင်း

အညာဒေသ ဧရာဝတီမြစ်တစ်လျှောက်ရှိ ကျေးရွာ ၁၂ရွာအား စစ်ကောက်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်မှ စစ်ကောင်စီတပ်သည် မေလ ၄ရက်က ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်ဘက်သို့ အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့သည်။

(မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၌ ဆန္ဒပြပြည် သူများအား စစ်ကောင်စီတပ်သားများက ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၌ ဆန္ဒပြပြည် သူများအား စစ်ကောင်စီတပ်သားများက ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️အဆိုပါ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များက ငါးရက်ကြာတိုက်ခိုက်

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နှင့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ ဧရာဝတီမြစ်တစ်လျှောက်ရှိ ကျေးရွာ ၁၂ ရွာအား စစ်ကောင်စီတပ်က တစ်ပတ်အတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်အား ဒေသတွင်းကာကွယ်ရေးအဖွဲ့များက ငါးရက်ကြာပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုရှိသည်ဟု ၎င်းတို့က ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်မှ စစ်ကောင်စီတပ်သည် မေလ ၄ရက်က ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်ဘက်သို့ အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့သည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သည် မေလ ၅ရက်တွင် ရွှေကျင်ရွာ၊ မေလ ၆ ရက်တွင် အင်းဇောက်ကြီးရွာ၊ မေလ ၇ ရက်တွင် ချောင်းသလဲရွာတို့အား မီးရှို့ခဲ့ပြီး ကျေးရွာများအား မီးရှို့နေချိန် ဒေသကာကွယ်ရေးအဖွဲ့ ရဲဘော်များက အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် -ပကဖ)အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ချောင်းသလဲရွာရှိ စစ်ကောင်စီတပ်သားများသည် မေလ၇ ရက် နံနက်ပိုင်းက မြစ်တစ်ဖက်ကမ်းရှိ ခင်ဦးမြို့နယ် ကဘွက်ကျေးရွာ မြစ်ကမ်းစပ်ဘက်သို့ လက်နက်ကြီးများဖြင့် အချက် ၃၀ကျော် ပစ်ခတ်ပြီး မော်တော်နှစ်စီးဖြင့် ကူးလာခဲ့သည်ဟု ဆိုသည်။

အဆိုပါ မော်တော်များပေါ်တွင် ၎င်းတို့မီးရှို့ခဲ့သည့်ရွာများမှ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူတင်ဆောင်၍ ကျောက်မြောင်းဘက်သို့ စုန်လာခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယင်းမော်တော်များအား တော်လှန်ရေးရဲဘော်များက ပစ်ခတ်တားဆီးခဲ့ရာ ပျူ‌စောထီး ငါးဦးမှာ ရေထဲခုန်ချ၍ ထွက်ပြေးသွားကြောင်း၊ ခိုးယူလာသော မော်တော်ပေါ်ရှိ ပြည်သူပိုင်ပစ္စည်းများအားကမ်းပေါ်တင်ကာ မော်တော်အားနှစ်မြှုပ်သွားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ)အဖွဲ့က ပြောသည်။

ခင်ဦးမြို့နယ်ဘက်ကမ်းသို့ရောက်ရှိလာသော စစ်ကောင်စီတပ်သားများသည် စစ်ကြောင်းနှစ်ကြောင်းဖြန့်၍ ဝင်ရောက်လာခဲ့ရာ နံနက်နှင့်နေ့လယ်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

နေ့လည် ၁၂ နာရီခန့်တွင် ကဘွက်ရွာအား မီးရှို့ခဲ့သော စစ်ကောင်စီတပ်အား ညပိုင်း၌ ဗိုလ်ကြိမ်အဖွဲ့နှင့် KGDF အဖွဲ့တို့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ထို့နောက် မေလ ၈ ရက် နံနက်ပိုင်းတွင် သင်ပေါင်းရွာသို့ရောက်သွားသော စစ်ကောင်စီတပ်နှင့် ခင်ဦးမြို့နယ် တပ်ရင်း(၃)အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက သင်ပေါင်းရွာအား မီးရှို့သွားခဲ့သည်။

မေလ ၉ ရက်တွင် စစ်ကောင်စီတပ်သည်စစ်ကြောင်းနှစ်ကြောင်းခွဲပြီးနောက် တောင်ပို့ရေ ရွာအား မီးရှို့ခဲ့သေးသည်။

အဆိုပါ စစ်ကြောင်းနှင့် ဗိုလ်ဇင်ယော်အဖွဲ့တို့ ရုံးပင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ထပ် စစ်ကြောင်းတစ်ကြောင်းမှာ သရက်ကုန်းရွာသို့ မရောက်မီ ကြိုတင်စောင့်ဆိုင်းနေသော ဗိုလ်လင်းယုန်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ​တော်လှန်ရေးအင်အားစုများက ပြောသည်။

ထို့နောက် ဗိုလ်လင်းယုန်တပ်ဖွဲ့မှာ သရက်ကုန်းရွာမှ ပြန်လည်ဆုတ်ခွာခဲ့ပြီး ဗိုလ်ဇင်‌ယော်အဖွဲ့နှင့် ပူးပေါင်းကာ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ စစ်ကောင်စီတပ် စစ်ကြောင်းများနှင့် အကြိမ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းအဖွဲ့များက ဆိုသည်။

တိုက်ပွဲ ငါးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိ နှစ်ဦးအပါအဝင် ၁၁ဦးသေဆုံးပြီး ၅၀ခန့်ဦး ဒဏ်ရာရရှိကြောင်း၊ စောင်ပုခတ် များဖြင့် ထမ်း၍သယ်‌ဆောင်နေသည်ကို တွေ့ရကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

” သေဆုံးတာတွေက စောင့်ကြည့်ရဲဘော်နဲ့ ပြည်သူတွေရဲ့ပြောပြချက်တွေကို သုံးသပ်တာပါ။ အခုအဲစစ်ကြောင်းက စဥ့်ကူးဘက်ကနေ သပိတ်ကျင်းဘက်သို့တက်သွားပြီ”ဟု ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ရွှေကျင်၊အင်းဇောက်ကြီး၊ချောင်းသလဲ၊သင်ပေါင်း၊ကုတ္တက်၊ကဘွတ်၊ရွှေတောကြီး၊တောင်ပို့ရေ၊သရက်ကုန်း၊ရုံးပင်၊ကြေးပြုံးနှင့် မအူ စသည့် ကျေးရွာ ၁၂ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ယင်း ကျေးရွာများမှ ဒေသခံ ပြည်သူ ၃,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

တိုက်ပွဲများတွင် ဗိုလ်ဇင်ယော်တပ်ဖွဲ့၊ ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ)၊Nine PDF တပ်ဖွဲ့၊ Northern Tigers Group နှင့် ခင်ဦးမြို့နယ်တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။