Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးနယ်တိုက်ပွဲ စစ်ကောင်စီ၏လက်နက်ကြီး တစ်လက်သိမ်းဆည်းနိုင်ခဲ့ဟု PDF စစ်ရုံးချုပ် အသိပေး

စစ်တပ်၏ (၈၁) မမလက်နက်ကြီး အခြေပြုထားသော တောင်ကုန်းအား ပူးပေါင်းတပ်ဖွဲ့များမှ အလစ်အငိုက် ဝင်ရောက်စီးနင်းပြီး အီနာဂါဗုံးသီး၊ (၄၀)မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရန်သူအထိနာသောကြောင့် ဆုတ်ခွာသွားကြောင်း ထုတ်ပြန်သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်အားပြသထားစဥ်။ ဓာတ်ပုံ - MOD-NUG)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်အားပြသထားစဥ်။ ဓာတ်ပုံ - MOD-NUG)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။

အမှတ် (၁)စစ်ဒေသ၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်(ပကဖ)နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှ စဉ့်ကူးမြို့နယ်အတွင်းသို့စစ်ကြောင်းထိုးလာသော ရန်သူ စစ်တပ်နှင့် ၎င်းတို့၏လက်နက်ကြီးစခန်းကုန်းအား မေလ ၃ရက်တွင် လျှပ်တပြက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (၈၁)မမ စိန်ပြောင်းတစ်လက်အား ရရှိခဲ့သည်ဟု ဖော်ပြသည်။

စစ်တပ်၏ (၈၁) မမလက်နက်ကြီး အခြေပြုထားသော တောင်ကုန်းအား ပူးပေါင်းတပ်ဖွဲ့များမှ အလစ်အငိုက် ဝင်ရောက်စီးနင်းပြီး အီနာဂါဗုံးသီး၊ (၄၀)မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရန်သူအထိနာသောကြောင့် ဆုတ်ခွာသွားကြောင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့်ရက်ပိုင်း မေလ ၂ရက်မှ ၄ရက်အထိ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်နှင့် စဉ်ကူးမြို့နယ်အစပ်တွင်ရှိသော ကျေးရွာများတွင် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဖြစ်စဉ်မှာ အင်အား ၁၀၀ခန့်ပါသော စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာမှ ခုနှစ်တဲစုကျေးရွာ၏ အနောက်ဘက်တွင်ရှိသော ဦးဖိုးဆိတ်တောင်ပေါ်သို့ စစ်ကြောင်းထိုးလာခဲ့ပြီး လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ ယင်းစစ်ကြောင်းအား ပူးပေါင်းတပ်မှ ဒရုန်းများ၊ ပဒေသာမိုင်းများ၊ လက်နက်ငယ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော စဉ့်ကူးမြို့နယ်၊ ရွှေကျင်ကျေးရွာဘက်သို့ လည်း လက်နက်ကြီးဖြင့် (၁၅)ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်သောကြောင့် အသက်(၅၈) နှစ်အရွယ် အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကြီးအကဲတစ်ဦးနှင့် လက်ထောက်တစ်ဦးအပါအဝင် မိုင်းကွဲမှုကြာင့် ၁၆ဦး၊ ငတန့်အိုင်တိုက်ပွဲအတွင်း ၁၂ ဦး၊ အီနာဂါနှင့် (၄၀)မမ ကြောင့် ၉‌ ဦး၊ စုစုပေါင်း ၃၇ ဦးသေဆုံးကြောင်း တပ်တွင်းသတင်းပေးထံမှသိရသည်ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့ကဆိုသည်။

“နှစ်ရက်အတွင်း (၈၁)မမတွေနဲ့ အလုံးသုံး ၃၀ ကျော်ပစ်ခတ်ပြီး လာပစ်ခတ်ပြီးနေနေကြတာပါ။ အလုံး ၃၀ကျော်ပစ်ပြီးတော့ ၅၀လောက်ကပြန်ခေါက်သွားတာ။ ကျန်တဲ့တစ်ရာလောက်က အေးအေးဆေးဆေးနေနေတဲ့အချိန် ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေက အနီးကပ်ချည်းကပ်ပြီးတော့ စစ်ကြောင်းလေးကြောင်းခွဲပြီးတော့ တိုက်ခိုက်ခဲ့တာ။ သူတို့အလူးအလဲခံလိုက်ရတယ်။”ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့ခေါင်းဆောင် ကိုဇီးရိုးဝမ်းက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများကို ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ)၊ ဗိုလ်ဇင်ယော်တပ်ဖွဲ့၊ Nine PDF တပ်ဖွဲ့နှင့် Northern Tigers group တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော