Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမြို့ပေါ် လေဘေးရှောင်နေရာတွေဆီ ခိုလှုံသူ တစ်သောင်းခွဲခန့်ရောက်နေ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ မှာ မြို့ပေါ်နဲ့ကျေးလက်ဒေသ နေထိုင်ကြသူဦးရေဟာ စစ်ကောင်စီရဲ့ထွေအုပ်စာရင်းအရသုံးသိန်းကျော်ရှိပါတယ်။

ဓာတ်ပုံ − Wai Hun Aung/FB
ဓာတ်ပုံ − Wai Hun Aung/FB

မုန်တိုင်းဝင်ရောက်မယ့် ရခိုင်ပြည်နယ် ၊စစ်တွေမြို့မှာ လေဘေးရှောင်နေရာတွေဆီ ရောက်ရှိလာသူဦးရေ ဒီနေ့ညပိုင်းအထိ တစ်သောင်းခွဲခန့်ရှိနေပြီလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ စာရေးဆရာဝေဟင်အောင်က သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။

အများစုဟာစစ်တွေမြို့က ကုန်းမြင့်အရပ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာသွားရောက်ခိုလှုံကြတာဖြစ်တယ်လို့သိရပါတယ်။

စစ်တွေမြို့က ဘုရားလေးဆူကျောင်း ၊ ရေပိုက်ဆုံကျောင်း ၊ အလိုတော်ပြည့်ကျောင်း ၊ အဓိဌာန်ကျောင်း၊ ဦးညာဏစက္ကကျောင်း၊ကန်တော်မင်္လာကျောင်း၊ဓမ္မစရိယ တက္ကသိုလ်နဲ့အာကျိတ်တော်ကုန်းမှာ လူအပြည့်နီးပါးခိုလှုံနေကြတယ်လို့ စာရေးဆရာဝေဟင်အောင်က သူရဲ့ဖေ့ဘွတ်ခ်မှာ စာရင်းဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ မှာ မြို့ပေါ်နဲ့ကျေးလက်ဒေသ နေထိုင်ကြသူဦးရေဟာ စစ်ကောင်စီရဲ့ထွေအုပ်စာရင်းအရသုံးသိန်းကျော်ရှိပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်တွေမြို့ခံတွေထဲမှာ မြို့ကို စွန့်ခွာပြီးအခြားရပ်ရွာတွေဆီ တိမ်းရှောင်သွားကြသူတွေရှိသလို မပြောင်းမရွှေ့ဘဲ မြို့ထဲမှာ နေကြသူတွေလည်းရှိနေပါတယ်။

အချို့ကလည်း မြို့ပေါ်က လေးဘေးရှောင်နေရာတွေဆီ သွားရောက်တိမ်းရှောင်ကြတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ မုန်တိုင်းဟာ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၃၄၀ ကျော် ပင်လယ်ပြင်မှာရောက်ရှိနေတယ်လို့ အိန္ဒိယမိုးဇလက ခန့်မှန်းထားပါတယ်။

မုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့ အနီးကနေ မနက်ဖြန် နေ့လယ်ပိုင်းမှာ အမြင့်ဆုံး လေတိုက်နှုန်းတစ်နာရီကို ၁၁၅ မိုင်ကနေ ၁၂၅ မိုင်နဲ့ ဖြတ်သန်းမှာပါ။

မုန်တိုင်းဖြတ်ချိန်မှာ မုန်တိုင်းဒီရေဟာ စစ်တွေနဲ့မောင်တောမြို့တွေမှာ ၁၄ ပေကနေ ၁၈ ပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့စစ်တွေမြို့အနီးဝန်းကျင်က စစ်တပ်စခန်း​တွေကို ထိုးစစ်ဆင်တာဟာ ရွှေမင်းဂံရေတပ်စခန်းနားကနေ ဒေသကွပ်ကွဲမှုစစ်ဌနချုပ်(ဒကစစစ်တွေ)နဲ့အနီးဆုံးမှာရှိတဲ့ နာရီကန်ကျေးရွာနားထိ ရောက်လာခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

အာဏာ သိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းကို ယမန်နေ့ (ဇွန် ၈ )ကစစ်သင်္ဘောသုံးစီးနဲ့ စစ်ကူအင်အားသုံးရာဝန်းကျင် ထပ်မံဖြည့်တင်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။