Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့နယ် သုံးရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရှစ်ဦးသေ၊ ၃၀ခန့်ဒဏ်ရာရဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

မေလ ၁၁ရက်က တစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူ့ဘက်ကသေဆုံးဒဏ်ရာရအား စိစစ်ဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ပူးပေါင်းတပ်မှ ၂ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအများအပြား ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cobra Column)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cobra Column)

တော်လှန်ရေးရဲဘော် တစ်ဦးကျဆုံးပြီး ၁၀ဦးဒဏ်ရာရဟု အသိပေး

ကရင်ပြည်နယ် မြဝတီမြို့နယ် လက်ခတ်တောင်နှင့် ကျောက်မိုင်းဒေသတို့ တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ပြီး မေလ ၁၁ရက်မှ ၁၃ရက်အထိ ဖြစ်ပွားခဲ့သည့် စစ်ရေးအခြေအနေအကျဉ်းကို ဖော်ပြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ(၆) ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle စသည့် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ၏ ခမရ(၁၁၈)၊ လ(၈)၊ ခလရ(၂၇၅)၊ BGF(၁၀၁၉)တပ်ရင်းတို့ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မေလ ၁၁ရက်က တစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူ့ဘက်ကသေဆုံးဒဏ်ရာရအား စိစစ်ဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ပူးပေါင်းတပ်မှ ၂ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအများအပြား ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

မေလ ၁၂ရက်တွင်လည်း ပူးပေါင်းတပ်ဖွဲ့နေရာယူထားသည့် ကင်းနေရာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၄ဦး သေဆုံးကာ ၁၂ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။ ယင်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်မှ ၄ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

မေလ ၁၃ရက်တွင်လည်း စစ်ကောင်စီဘက်မှ ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးနေရာယူထားသော နေရာများသို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၄ဦး သေဆုံးကာ ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ရန်သူ၏ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦး ကျဆုံးကာ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

KNUနယ်မြေ မြတီမြို့နှင့်အနီးတဝိုက်ဒေသများတွင် ကော်ဘရာစစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ မတ်လကုန်ပိုင်းမှစ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရဲ့ တာ့ခ်ပြည်နယ်ထဲက မဲဆောက်မြို့နယ်နဲ့ ထိစပ်ရာ မြဝတီဖက်ခြမ်း နယ်စပ်ဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦး​ဆောင်တဲ့တော်လှန်​ရေးတပ်​တွေအကြားတိုက်ပွဲတွေ အပြင်းအထန်ဆက်လက် ဖြစ်ပွားနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

ခမရ (၅၈၅)စစ်​ကြောင်းမှူးအပါအဝင်​သေဆုံးထိခိုက်သူများ၊စစ်သား ၆ဦးအလင်းဝင်

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook