Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့နယ် သုံးရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရှစ်ဦးသေ၊ ၃၀ခန့်ဒဏ်ရာရဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

မေလ ၁၁ရက်က တစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူ့ဘက်ကသေဆုံးဒဏ်ရာရအား စိစစ်ဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ပူးပေါင်းတပ်မှ ၂ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအများအပြား ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cobra Column)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cobra Column)

တော်လှန်ရေးရဲဘော် တစ်ဦးကျဆုံးပြီး ၁၀ဦးဒဏ်ရာရဟု အသိပေး

ကရင်ပြည်နယ် မြဝတီမြို့နယ် လက်ခတ်တောင်နှင့် ကျောက်မိုင်းဒေသတို့ တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ပြီး မေလ ၁၁ရက်မှ ၁၃ရက်အထိ ဖြစ်ပွားခဲ့သည့် စစ်ရေးအခြေအနေအကျဉ်းကို ဖော်ပြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ(၆) ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle စသည့် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ၏ ခမရ(၁၁၈)၊ လ(၈)၊ ခလရ(၂၇၅)၊ BGF(၁၀၁၉)တပ်ရင်းတို့ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မေလ ၁၁ရက်က တစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူ့ဘက်ကသေဆုံးဒဏ်ရာရအား စိစစ်ဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ပူးပေါင်းတပ်မှ ၂ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအများအပြား ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

မေလ ၁၂ရက်တွင်လည်း ပူးပေါင်းတပ်ဖွဲ့နေရာယူထားသည့် ကင်းနေရာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၄ဦး သေဆုံးကာ ၁၂ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။ ယင်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်မှ ၄ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

မေလ ၁၃ရက်တွင်လည်း စစ်ကောင်စီဘက်မှ ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးနေရာယူထားသော နေရာများသို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၄ဦး သေဆုံးကာ ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ရန်သူ၏ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦး ကျဆုံးကာ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

KNUနယ်မြေ မြတီမြို့နှင့်အနီးတဝိုက်ဒေသများတွင် ကော်ဘရာစစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ မတ်လကုန်ပိုင်းမှစ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီ တိုက်ခိုက်၍ KNUနယ်မြေ၌ ပြည်သူ ၂၀ဦး သေဆုံး၊အများအပြား ဒဏ်ရာရ