Connect with us

Hi, what are you looking for?

သတင်း

စစ်သုံ့ပန်းတစ်ဦးကို ကျဥ်စက်နှင့်တို့သူနှင့်နောက်​ပြောင်ကျီစယ်​နေသူများကိုအ​ရေးယူထားဟုKNDFထုတ်ပြန်

လူ့အခွင့်အရေးနှင့် ဆန့်ကျင်ပြီး ပြည်သူလူထုနှင့် စစ်သုံ့ပန်းများအား နှိပ်စက်ညှဉ်းပန်းခြင်းကို တားမြစ်ပြီး ပြုလုပ်သူကိုလည်း သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက် နေကြောင်းလည်း KNDF က အသိ​​ပေးသည်။

(ဧပြီလ အတွင်း ကရင်နီရှေ့တန်းတစ်နေရာတွင် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း နှစ်ဦး အနက် တစ်ဦးကို ကျဥ်စက်ဖြင့် တို့ခဲ့ခြင်းဖြစ်သည်)
(ဧပြီလ အတွင်း ကရင်နီရှေ့တန်းတစ်နေရာတွင် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း နှစ်ဦး အနက် တစ်ဦးကို ကျဥ်စက်ဖြင့် တို့ခဲ့ခြင်းဖြစ်သည်)

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ကျဉ်စက်ဖြင့်တို့ခဲ့သည့် ရဲဘော်အပါအဝင် နောက်ပြောင်ကျီစယ်နေကြသူများကိုအရေးယူဆောင်ရွက်ပြီးဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကယ​နေ့(​မေ၁၅) ထုတ်ပြန်သည်။

KNDFမှ ရဲဘော်များကစစ်သုံ့ပန်း တစ်ဦးကို ကျဉ်စက်ဖြင့်တို့ကာ ၎င်း၏ အနီးတွင် ဝိုင်း၍ နောက်ပြောင်ကျီစယ်နေသည့် ဗီဒီယိုဖိုင်မှာ ဧပြီလ (၂၇)ရက် ကဆိုရှယ်မီဒီယာပေါ်၌ ပျံ့နှံ့ခဲ့သည်။အဆိုပါ ဖြစ်ရပ်ကို ကျူးလွန်သူများမှာလည်း နှိပ်စက်ညှဉ်းပန်းလိုသည့်ရည်ရွယ်ချက်နှင့် ပြုလုပ်ခဲ့ခြင်းမဟုတ်ဟု KNDF က အသ်ိပေးသည်။

“ကျွန်တော်တို့ တပ်ရဲ့ မူဝါဒ နဲ့ အညီ အရေးယူခဲ့တယ် ဆိုတာ ကနဦးပြောလိုတယ်။နောက်တစ်ချက်က ကျွန် တော်တို့ မူဝါဒနဲ့ ခံယူချက်က ခိုင်မာတယ်ဆိုတာပဲ”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် ပြည်သူလူထုမှ ပေါက်ဖွားလာပြီး ပြည်သူကို ညှဉ်းဆဲသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ခိုက်နေသော၊ ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီ ၏ ရန်မှ ကာကွယ်နေသော အဖွဲ့အစည်းဖြစ်ပြီး KNDFသည် စနစ်ကျနသည့် မူဝါဒများ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နေသည့်အဖွဲ့အစည်းဖြစ်ရာ KNDFမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကိုလည်း ဂျီနီဗာကွန်ဗန်းရှင်း/KNDF၏စစ်သုံ့ပန်းဆိုင်ရာမူဝါဒ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

လူ့အခွင့်အရေးနှင့် ဆန့်ကျင်ပြီး ပြည်သူလူထုနှင့် စစ်သုံ့ပန်းများအား နှိပ်စက်ညှဉ်းပန်းခြင်းကို တားမြစ်ပြီး ပြုလုပ်သူကိုလည်း သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက် နေကြောင်းလည်း KNDF က အသိ​​ပေးသည်။

ဤသို့ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့လာသော ရုပ်သံဗီဒီယိုကြောင့် အမှန်တရားနှင့်ငြိမ်းချမ်းရေးကိုလိုလားသော ပြည်တွင်းပြည်ပမှ ပြည်သူများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံများအား ဝမ်းနည်းစိတ်အနှောင့်အယှက်ဖြစ်စေသည့်

အတွက် ထပ်တူတပ်မျှ စိတ်မကောင်းဖြစ်ရပြီးKNDF ကအနူးအညွတ်ဝန်ချတောင်းပန်သည်။

အလားတူ KNDFအနေဖြင့် အမှန်တရားနှင့် ပြည်သူလူထုအတွက် ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်းကိုလည်း ကတိပြုသည်။

ထို့အပြင် ညှင်းပန်းနှိပ်စက်ခြင်း၊ တရားမျှတမှုမရှိခြင်း နှင့် လူ့အခွင့်အရေးချိုးဖောက်မှု ပုံစံမှန်သမျှကို KNDF က ကန့်ကွက်ရှုတ်ချသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ဖမ်းမိ စစ်မှုထမ်းတပ်သားသစ်တွေမှာ အသက်မပြည့်သေးသူတွေလည်း ပါဝင်

Facebook