Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ၊ စစ်ရေးဆက်လက်တင်းမာနေဟု KNDF ပြော

တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ရေးအရဆက်လက်တင်းမာနေဆဲဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း (၁၀)မှ ရဲဘော်တစ်ဦးက ပြောသည်။

(ဒီးမော့ဆို အရှေ့ဘက်ခြမ်းနယ်မြေတွင် တိုက်ပွဲဝင်နေသည့် KNDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ဒီးမော့ဆို အရှေ့ဘက်ခြမ်းနယ်မြေတွင် တိုက်ပွဲဝင်နေသည့် KNDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတွင် ယမန်နေ့(မေ ၁၅ ရက်)က ထိတွေ့တိိုက်ပွဲသုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ရေးအရဆက်လက်တင်းမာနေဆဲဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း (၁၀)မှ ရဲဘော်တစ်ဦးက ပြောသည်။

“ရဲဘော် တစ်ဦးစိုးရိမ်ရ၊ နှစ်ဦးဒဏ်ရာရခဲ့တယ်။စကစဘက်က သေတာရှိပေမယ့် မြေပြင်စစ်ရေးအရ ဘယ်လောက်လဲဆိုတာ ယတိပြတ်မပြောနိုင်သေးဘူး”ဟု ၎င်းက ပြောသည်။

နှစ်လကျော်ကြာမြင့်ခဲ့သည့် ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲများတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ် မှာ ယခုလဆန်းပိုင်းက အင်အားဖြည့်တင်းကာ နောက်တစ်ကြိမ် ထိုးစစ်ဆင်းရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဒီးမော့ဆိုမြို့အရှေ့ဖက်ခြမ်းရှိ ဒေါစဲရွာ ၊ ဒေါတငူးရွာ ၊ တနီးလာလဲ ကျေးရွာများအတွင်းနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီ၏ စစ်ကြောင်းများက တပ်စွဲ၍ လှုပ်ရှားနေကြောင်း KNDF က အသိပေးထားသည်။

Public Service Announcement
Public Service Announcement

အထက်ပါကျေးရွာများ၏ ဒေသခံရွာသားများမှ စိုက်ပျိုးရေးလုပ်ငန်းအတွက် ထွန်စက်များ ၊ ကိုင်ရှည်စက်များအား ကျေးရွာများသို့ ပြန်ယူကြခြင်း ၊ ပြန်ကြည့်ကြခြင်းများ ပြုလုပ်ရာတွင် စစ်ကောင်စီ တပ်ဖွဲ့များမှ လိုက်လံပစ်ခတ်ခြင်း ၊ ဖမ်းဆီးခြင်းများကို ယခုရက်ပိုင်းအတွင်း ကြုံတွေ့နေကြရသလို စစ်ကောင်စီတပ်ဖွဲ့များမှ ဒေသခံများ လာနိုင်သည့် နေရာများအထိပါ စစ်ကြောင်းထွက်၍ စောင့်ဆိုင်းဖမ်းဆီးရန် လုပ်ဆောင်နေသည်များ ရှိနေသည်။

နယ်မြေခံ တပ်မ(၅၅)အပါ တပ်မ (၆၆)၊ တပ်မ (၂၂)၊တပ်မ (၉၉)အစရှိသည့် တပ်မလေးခု အပြင် အမှတ် (၂ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂) လက်အောက်ခံတပ်ရင်းများပါ အသုံးပြု၍ ကရင်နီပြည်နယ်သို့ ဖေဖော်ဝါရီအကုန် မတ်လဆန်းကစ၍ စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့သည်။

တိုက်ပွဲများအတွင်းမတ်လဆန်းပိုင်းကစ၍ ဧပြီကုန်အထိ စစ်ကောင်စီတပ်သား ၃၅၀ ကျော်သေဆုံးကာ လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ ကျော်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။

ထို့နောက် စစ်ကောင်စီက ၎င်းတို့ထိုးစစ်ဆင်ခဲ့သည့် နယ်မြေ အသီးသီးမှ ဧပြီကုန်ပိုင်းတွင် ပြန်လည်ဆုတ်ခွာခဲ့သည်။သို့သော် ယခုလအစတွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီးနောက် ယခင် ထိုးစစ်ဆင်ခဲ့သည့် နေရာများသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook