Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီမြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင် သည့် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့သည် မေလ ၁၁ရက်မှစ၍ မြ၀တီမြို့နယ် လက်ခတ်တောင်ဒေသ၊ ကျောက်မိုင်းဒေသတို့၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခုက်ကျဆုံးရှိခဲ့သည်။

(စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားသည့်နေရာအား မြက်တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားသည့်နေရာအား မြက်တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️စစ်ကောင်စီတပ် သေဆုံးဒဏ်ရာရရှိဟု ကော်ဘရာစစ်ကြောင်း အသိပေး

ကရင်ပြည်နယ် မြ၀တီမြို့နယ်တွင် မေလ ၁၄ရက် နှင့် ၁၅ရက်များက တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယမန်နေ့ ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင် သည့် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့သည် မေလ ၁၁ရက်မှစ၍ မြ၀တီမြို့နယ် လက်ခတ်တောင်ဒေသ၊ ကျောက်မိုင်းဒေသတို့၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခုက်ကျဆုံးရှိခဲ့သည်။

မေလ ၁၄ရက်တွင် စစ်ကောင်စီတပ်သည် ပူးပေါင်းတပ်ဖွဲ့နေရာယူထားသည့် နယ်မြေသို့ ကျူးကျော်ဝင်ရောက်ရန်ကြိုးစား၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူ့ဘက်က နှစ်ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ရန်သူဘက်မှ လက်နက်ကြီးများ အများအပြား ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပူးပေါင်းတပ်မှ ထိခိုက်မှု တစုံတရာမရှိခဲ့ဟု အသိပေးသည်။

မေလ ၁၅ရက်တွင်လည်း စစ်ကောင်စီတပ်က ပူးပေါင်းတပ်ဖွဲ့နေရာယူထားသည့် ကျောက်မိုင်းနယ် မြေသို့ ဝင်ရောက်ရန် ကြိုးစားရာ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ယင်းနေ့ တိုက်ပွဲ၌လည်း ပူးပေါင်းတပ်က ထိခိုက်မှုမရှိဟု ထုတ်ပြန်သည်။

အဆိုပါဒေသ၌ မေလ ၁၁ရက်မှ ၁၃ရက်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၈ဦးသေဆုံးပြီး ၂၇ဦး ဒဏ်ရာရခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦး ကျဆုံးကာ ၁၀ဦးဒဏ်ရာရခဲ့သည်။

အဆိုပါဒေသ၌ စစ်ကောင်စီတပ်များကို KNU/KNLA ၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ၊ Golden Eagle စသည့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေခြင်းဖြစ်သည်။