Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်ထံ လက်နက်တင်ပို့မှုရပ်တန့်ရေးနှင့် စစ်ခေါင်းဆောင်များကို ICC လွှဲပြောင်းရေး လုံခြုံရေးကောင်စီထံ မြန်မာသံအမတ်ကြီး တောင်းဆို

ယင်းသို့ အကြိမ်ကြိမ် ကျူးလွန်ခဲ့သော်လည်း ဒဏ်ခတ်အရေးယူခံရခြင်းမှ လွတ်မြောက်နေပြီး နိုင်ငံတကာအသိုက်အဝန်းမှ စစ်တပ်အပေါ် အရေးယူခြင်း မရှိသေးသရွေ့ စစ်တပ်သည် ပြည်သူများအား သတ်ဖြတ်မှုကို ရပ်တန့်မည် မဟုတ်ကြောင်း ဆက်ပြောသည်။

(ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး Arria-Formula အစည်းအဝေးကို ယမန်နေ့တွင် ကျင်းပပြုလုပ်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားနေစဥ်။ ဓာတ်ပုံ - Permanent Mission of Myanmar to the United Nations)
(ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး Arria-Formula အစည်းအဝေးကို ယမန်နေ့တွင် ကျင်းပပြုလုပ်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားနေစဥ်။ ဓာတ်ပုံ - Permanent Mission of Myanmar to the United Nations)

မြန်မာစစ်တပ်သို့ လက်နက်တင်ပို့မှု ရပ်တန့်ရေးနှင့် ပြစ်မှုကျူးလွန်ထားသော စစ်တပ်ခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC)ထံ လွှဲပြောင်းရေးတို့ ဆောင်ရွက်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာ့အရေး Arria-Formula အစည်းအဝေးကို ယမန်နေ့တွင် ကျင်းပပြုလုပ်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ၏ နောက်ဆက်တွဲအရေးယူမှုကို ချက်ချင်းဆောင်ရွက်ရန် လိုအပ်နေကြောင်းနှင့် လုံခြုံရေးကောင်စီအနေဖြင့် ကုလသမဂ္ဂပဋိဉာဏ်စာတမ်း၏ အခန်းခုနစ်အောက်မှ အဓိပ္ပါယ်ရှိသည့် အရေးယူဆောင်ရွက်မှုပြုလုပ်ရန်လိုကြောင်း ထောက်ပြခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် “၂၆၆၉” အတည်ပြုချမှတ်ခဲ့ပြီးနောက်တွင်ပင် စစ်တပ်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို အဖန်တလဲလဲ ကျူးလွန်လျက်ရှိပြီး ၂၀၂၃ ဧပြီ ၁၁ရက်က လူပေါင်း ၂၀၀ နီးပါးကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ကို လတ်တလော ကျူးလွန်ထားကြောင်း သံအမတ်ကြီးက ကောင်စီသို့ တင်ပြသည်။

Public Service Announcement
Public Service Announcement

ယင်းသို့ အကြိမ်ကြိမ် ကျူးလွန်ခဲ့သော်လည်း ဒဏ်ခတ်အရေးယူခံရခြင်းမှ လွတ်မြောက်နေပြီး နိုင်ငံတကာအသိုက်အဝန်းမှ စစ်တပ်အပေါ် အရေးယူခြင်း မရှိသေးသရွေ့ စစ်တပ်သည် ပြည်သူများအား သတ်ဖြတ်မှုကို ရပ်တန့်မည် မဟုတ်ကြောင်း ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်တပ်သည် လူသားချင်းစာနာမှုအကူအညီပေးရေးမူများကို လေးစားလိုက်နာမှုမရှိဘဲ မလိုအပ်သော အတားအဆီးများကို ပြုလုပ်ပြီး လူသားချင်းစာနာမှု အကူအညီများကို တကယ်လိုအပ်သည့်သူများထံ ပေးပို့ခြင်းမျိုး မဟုတ်ဘဲ၊ ၎င်းတို့လက်သင့်ရာ ပေးပို့နေကြောင်း သံအမတ်ကြီးက ကောင်စီသို့ ပြောသည်။ လူသားချင်းစာနာမှုအကူအညီပေးရေးကို လက်နက်သဖွယ်အသုံးပြု၍ စစ်တပ်တရားဝင်မှုရှိရေး ဆောင်ရွက်မှုများကြောင့် လူသားချင်းစာနာမှုအကူအညီပေးရေးတွင် စိန်ခေါ်မှုများ အကြီးအကျယ် ဖြစ်စေကြောင်းလည်း သံအမတ်ကြီးက အစီရင်ခံသည်။

တစ်ဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဘက်များသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မူဝါဒများနှင့်အညီ ပေးအပ်နေသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် အမှန်တကယ်လိုအပ်သူများထံသို့ ရောက်ရှိရေးကို နည်းမျိုးစုံဖြင့် ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သံအမတ်ကြီးက တိုက်တွန်းသည်။

ထို့အပြင် စစ်အာဏာရှင်ရှိနေသရွေ့ လုံခြုံစိတ်ချပြီး ဂုဏ်သိက္ခာရှိစွာ မိမိဆန္ဒဖြင့် ရိုဟင်ဂျာများ နေရပ်ပြန်ရေးမှာ မည်သို့မျှဖြစ်လာမည်မဟုတ်ဘဲ အကြမ်းဖက်မှုများထပ်မံကျူးလွန်ခြင်းများပင် ခံရမည်ဖြစ်ကြောင်းနှင့် ရိုဟင်ဂျာများအပေါ် စစ်တပ်၏ကျူးလွန်မှုများအတွက် ပြန်လည်တာဝန်ခံမှုရှိရန် အမျိုးသားညီညွတ်ရေးအစိုးရမှ ကြိုးပမ်းလျက်ရှိကြောင်း ကောင်စီသို့ တင်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရတနာပုံခန်းမကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ မေလအတွင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

သတင်း

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့်လည်း စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီးကို ယခုနှစ် ဇန်နဝါရီ လလယ်တွင် ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့ပြီး လေယာဉ် အပျက်အစီးကိုလည်း ပြသခဲ့သည်။

နိုင်ငံတကာ

အစ္စရေး သတင်းဌာန တစ်ခုဖြစ်တဲ့ Haaretzကလည်း အစ်ဆာ အပါအဝင် သေဆုံးမှု အခြေအနေတွေကို အတည်ပြုနိုင်အောင် အစ္စရေး စစ်တပ်က အပူတပြင်း စုံစမ်းနေတယ်လို့ ဖော်ပြသွားပါတယ်။