Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထံ လက်နက်တင်ပို့မှုရပ်တန့်ရေးနှင့် စစ်ခေါင်းဆောင်များကို ICC လွှဲပြောင်းရေး လုံခြုံရေးကောင်စီထံ မြန်မာသံအမတ်ကြီး တောင်းဆို

ယင်းသို့ အကြိမ်ကြိမ် ကျူးလွန်ခဲ့သော်လည်း ဒဏ်ခတ်အရေးယူခံရခြင်းမှ လွတ်မြောက်နေပြီး နိုင်ငံတကာအသိုက်အဝန်းမှ စစ်တပ်အပေါ် အရေးယူခြင်း မရှိသေးသရွေ့ စစ်တပ်သည် ပြည်သူများအား သတ်ဖြတ်မှုကို ရပ်တန့်မည် မဟုတ်ကြောင်း ဆက်ပြောသည်။

(ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး Arria-Formula အစည်းအဝေးကို ယမန်နေ့တွင် ကျင်းပပြုလုပ်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားနေစဥ်။ ဓာတ်ပုံ - Permanent Mission of Myanmar to the United Nations)
(ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး Arria-Formula အစည်းအဝေးကို ယမန်နေ့တွင် ကျင်းပပြုလုပ်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားနေစဥ်။ ဓာတ်ပုံ - Permanent Mission of Myanmar to the United Nations)

မြန်မာစစ်တပ်သို့ လက်နက်တင်ပို့မှု ရပ်တန့်ရေးနှင့် ပြစ်မှုကျူးလွန်ထားသော စစ်တပ်ခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC)ထံ လွှဲပြောင်းရေးတို့ ဆောင်ရွက်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာ့အရေး Arria-Formula အစည်းအဝေးကို ယမန်နေ့တွင် ကျင်းပပြုလုပ်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ၏ နောက်ဆက်တွဲအရေးယူမှုကို ချက်ချင်းဆောင်ရွက်ရန် လိုအပ်နေကြောင်းနှင့် လုံခြုံရေးကောင်စီအနေဖြင့် ကုလသမဂ္ဂပဋိဉာဏ်စာတမ်း၏ အခန်းခုနစ်အောက်မှ အဓိပ္ပါယ်ရှိသည့် အရေးယူဆောင်ရွက်မှုပြုလုပ်ရန်လိုကြောင်း ထောက်ပြခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် “၂၆၆၉” အတည်ပြုချမှတ်ခဲ့ပြီးနောက်တွင်ပင် စစ်တပ်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို အဖန်တလဲလဲ ကျူးလွန်လျက်ရှိပြီး ၂၀၂၃ ဧပြီ ၁၁ရက်က လူပေါင်း ၂၀၀ နီးပါးကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ကို လတ်တလော ကျူးလွန်ထားကြောင်း သံအမတ်ကြီးက ကောင်စီသို့ တင်ပြသည်။

Public Service Announcement
Public Service Announcement

ယင်းသို့ အကြိမ်ကြိမ် ကျူးလွန်ခဲ့သော်လည်း ဒဏ်ခတ်အရေးယူခံရခြင်းမှ လွတ်မြောက်နေပြီး နိုင်ငံတကာအသိုက်အဝန်းမှ စစ်တပ်အပေါ် အရေးယူခြင်း မရှိသေးသရွေ့ စစ်တပ်သည် ပြည်သူများအား သတ်ဖြတ်မှုကို ရပ်တန့်မည် မဟုတ်ကြောင်း ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်တပ်သည် လူသားချင်းစာနာမှုအကူအညီပေးရေးမူများကို လေးစားလိုက်နာမှုမရှိဘဲ မလိုအပ်သော အတားအဆီးများကို ပြုလုပ်ပြီး လူသားချင်းစာနာမှု အကူအညီများကို တကယ်လိုအပ်သည့်သူများထံ ပေးပို့ခြင်းမျိုး မဟုတ်ဘဲ၊ ၎င်းတို့လက်သင့်ရာ ပေးပို့နေကြောင်း သံအမတ်ကြီးက ကောင်စီသို့ ပြောသည်။ လူသားချင်းစာနာမှုအကူအညီပေးရေးကို လက်နက်သဖွယ်အသုံးပြု၍ စစ်တပ်တရားဝင်မှုရှိရေး ဆောင်ရွက်မှုများကြောင့် လူသားချင်းစာနာမှုအကူအညီပေးရေးတွင် စိန်ခေါ်မှုများ အကြီးအကျယ် ဖြစ်စေကြောင်းလည်း သံအမတ်ကြီးက အစီရင်ခံသည်။

တစ်ဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဘက်များသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မူဝါဒများနှင့်အညီ ပေးအပ်နေသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် အမှန်တကယ်လိုအပ်သူများထံသို့ ရောက်ရှိရေးကို နည်းမျိုးစုံဖြင့် ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သံအမတ်ကြီးက တိုက်တွန်းသည်။

ထို့အပြင် စစ်အာဏာရှင်ရှိနေသရွေ့ လုံခြုံစိတ်ချပြီး ဂုဏ်သိက္ခာရှိစွာ မိမိဆန္ဒဖြင့် ရိုဟင်ဂျာများ နေရပ်ပြန်ရေးမှာ မည်သို့မျှဖြစ်လာမည်မဟုတ်ဘဲ အကြမ်းဖက်မှုများထပ်မံကျူးလွန်ခြင်းများပင် ခံရမည်ဖြစ်ကြောင်းနှင့် ရိုဟင်ဂျာများအပေါ် စစ်တပ်၏ကျူးလွန်မှုများအတွက် ပြန်လည်တာဝန်ခံမှုရှိရန် အမျိုးသားညီညွတ်ရေးအစိုးရမှ ကြိုးပမ်းလျက်ရှိကြောင်း ကောင်စီသို့ တင်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။