Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်မြောက်ပိုင်း နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ် ပြန်ဆုတ်သွား

အဆိုပါ ဒေသသို့ စစ်ကောင်စီတပ်က မေလ ၇ရက်နှင့် ၈ရက်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကြောင်းထိုး ဝင်ရောက်လာ၍ မေလ ၁၉ရက်နှင့် ၂၀ရက်တွင် တိုက်ပွဲများဖြစ်ခဲ့သည်။ တိုက်ပွဲ၌နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို မသိရသေးပေ။

(ကျားဖြူတပ်ခွဲ (၁)စစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Albino Tiger Company 1)
(ကျားဖြူတပ်ခွဲ (၁)စစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Albino Tiger Company 1)

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း ဝါဘသဲရွာအနီးတွင် ကျားဖြူစစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ နှစ်ရက်ဆက်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲအချိန်မရွေးပြန်ဖြစ်နိုင်သည့် အခြေအနေဖြစ်ကြောင်း နယ်မြေခံသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဒေသသို့ စစ်ကောင်စီတပ်က မေလ ၇ရက်နှင့် ၈ရက်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကြောင်းထိုး ဝင်ရောက်လာ၍ မေလ ၁၉ရက်နှင့် ၂၀ရက်တွင် တိုက်ပွဲများဖြစ်ခဲ့သည်။ တိုက်ပွဲ၌နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို မသိရသေးပေ။

ထိုသို့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာမှ ပြန်ဆုတ်ကာ ကားလမ်းနှင့်မလှမ်းမကမ်းနေရာ၌ တပ်ချထားသည်ဟု ဆိုသည်။

“အထက်က ညွှန်ကြားချက်နဲ့ စစ်ကြောင်းတစ် ကြောင်းအနေနဲ့ ထိုးဖို့ ညွှန်ကြားတာရှိပုံရတယ်။ စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း သူတို့က နည်းနည်းပြန်ဆုတ်ပြီးတော့ အဲဒီမှာ တပ်ထိုင်ပြီးနေတာပေါ့။ ပူးပေါင်းအဖွဲ့တွေကတော့ သတင်းအရဆိုရင် ပူးပေါင်းအဖွဲ့က တပ်အင်အား တော်တော်ရှိတယ်လို့ ပြောကြတယ်။ သုံးလေးဖွဲ့ ဖွဲ့ပြီးလှုပ်ရှားတယ်လို့လည်း ပြောကြတယ်။ တိုက်ပွဲဖြစ်တဲ့အဖွဲ့နဲ့ရှိသလို တိုက်ပွဲမှာ မဟုတ်ဘဲနဲ့ တခြားနေရာမှာလည်း သူတို့တပ်ဖွဲ့တွေက ဖြန့်ပြီးနေတဲ့အနေအထားရှိတာပေါ့”ဟု နယ်မြေခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါဒေသ၌ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များဘက်ကအင်အား ကောင်းသည့် အနေအထားဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ကလည်း စစ်ကြောင်း ပြန်ရုပ်သိမ်းသည့် အခြေအနေမဟုတ်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“နည်းနည်းပြန်ဆုတ်တဲ့အနေအထား။ နောက်ထပ် အခြေအနေကြည့်ပြီး ထပ်မံပြီး ပြန်လည်ထိုးစစ်ဆင်ဖို့ ရှိသလားတော့ မပြောတက်ဘူးပေါ့။ သဘောကတော့ တိုက်ပွဲကတော့ အချိန်မရွေးဖြစ်ပေါ်လာနိုင်တဲ့အနေအထားရှိတယ်”ဟု ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ပွား၍ ဒေသတွင်းရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း၊အမျိုးသမီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများဘေးကင်းရာသို့ တိမ်းရှောင်နေကြပြီး အမျိုးသားများသာ ကျေးရွာများ၌ ကျန်ရှိသည်ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က အဆိုပါ ရေးမြို့မြောက်ပိုင်းသို့ မေလ ၇ရက်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး မေလ ၈ရက်တွင် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ ကျားဖြူစစ်ကြောင်းမှ ရဲဘော်အချို့ကျဆုံးကာ ဒဏ်ရာရသူအချို့ခဲ့သည်ဟု အဆိုပါ စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။