Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်မြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများဟု ဒေသခံပြော

DVB သတင်းဌာန၏ ရေးမြောက်ပိုင်းတိုက်ပွဲ သတင်းဖော်ပြချက်တွင် စစ်ကောင်စီတပ်မှ ၃၀ဦးခန့်သေဆုံးခဲ့ကြောင်း ရေးမြောက်ပိုင်း PDF တာဝန်ခံ ဗိုလ်ရန်နိုင်၏ ပြောကြားချက်ကို ဖော်ပြထားသည်။

(KNU နှင့် ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU၊ကျားဖြူစစ်ကြောင်း)
(KNU နှင့် ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU၊ကျားဖြူစစ်ကြောင်း)

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ကျားဖြူစစ်ကြောင်း တည်ရှိရာ ရေးမြောက်ပိုင်း ဝါဘသဲကျေးရွာအနီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ မေလ ၁၉ရက်နှင့် ၂၀ရက်တွင် တိုက်ပွဲဖြစ်ခဲ့သည်။

အဆိုပါတိုက်ပွဲ ပထမနေ့တွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများကြောင်း သတင်းများရရှိသည်ဟု နယ်မြေခံ သတင်းရင်းမြစ်က ပြောသည်။

(KNU နှင့် ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU၊ကျားဖြူစစ်ကြောင်း)
(KNU နှင့် ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU၊ကျားဖြူစစ်ကြောင်း)

“ပထမဆုံးဖြစ်တဲ့ တိုက်ပွဲထဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ပြောကြတယ်။ အတိအကျတော့မပြောနိုင်ဘူး။ အဲဒီ ရွာသူရွာသားတွေကလည်း အနီးအနားမှာ မရှိဘူးဆိုတော့ တချို့က တဆင့်စကား တဆင့်ကြားလို့ တပ်ဘက်က အထိနာတယ်လို့ ပြောကြတယ်။ စကစက စစ်ကြောင်းထိုးဝင်တယ်ဆိုတော့ သူတို့ (ပူးပေါင်းစစ်ကြောင်း)ဂွင်ထဲရောက်သွားတဲ့သဘောလို့ ပြောကြတာပေါ့။ အဲဒီလို ဖြစ်လို့ တိုက်ပွဲထဲမှာ စကစဘက်က အထိနာတယ်လို့ ပြောကြတယ်။ အရပ်သတင်းတွေပေါ့”ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွား ၍ စစ်ဘေးရှောင်များ မိမိကျေးရွာများသို့ ပြန်လည်ဝင်ရောက်လာပြီဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ပြန်သွားတဲ့သူတွေကကျတော့ သူတို့ရွာထဲ စကစတွေမရှိဘူးဆိုပြီး ပြန်လာကြတာ။ တကယ် လို့ နောက်ထပ် ပြန်ထိုးစစ်ဆင်လာမယ်ဆိုရင် တော့ သူတို့ထပ်ပြီး ပြေးဖို့ရှိမှာပေါ့။ ကားလမ်းအရှေ့ဘက်ခြမ်း ကရင်ရွာအချို့မှာ အဲဒီလိုပုံစံပဲရှိနေကြတာ”ဟု ရေးမြို့နယ် သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကို ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားသော်လည်း နှစ်ဖက်ထိခိုက် မှုရှိမရှိ အခြေအနေကို ဖော်ပြမထားပေ။

စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားသည်ဟု သတင်းများနှင့်ပတ်သက်ပြီး မေးမြန်းရန် ကျားဖြူစစ်ကြောင်းသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

DVB သတင်းဌာန၏ ရေးမြောက်ပိုင်းတိုက်ပွဲ သတင်းဖော်ပြချက်တွင် စစ်ကောင်စီတပ်မှ ၃၀ဦးခန့်သေဆုံးခဲ့ကြောင်း ရေးမြောက်ပိုင်း PDF တာဝန်ခံ ဗိုလ်ရန်နိုင်၏ ပြောကြားချက်ကို ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။