Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့နယ်တောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ဦးသေဟုဆို

ကလေးမြို့တောင်ပိုင်းသို့ ယနေ့(မေလ ၂၇ရက်)နံနက် ၅နာရီ ၄၀ မိနစ်တွင် စစ်ကောင်စီတပ်မှ အင်အား၂၀၀ကျော်ဖြင့် စစ်ကြောင်းထွက်လာခဲ့ရာ ကလေး(ပကဖ)နှင့် မြို့ပြစီမံချက်ပြောက်ကျား(UG) အဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(CNDF/Vakokနှင့် ကလေး(ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(CNDF/Vakokနှင့် ကလေး(ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၌ ယနေ့ ဖြစ်ပွားသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားများကာကွယ်ရေးတပ်(CNDF)တပ်မှ တာဝန်ရှိသူက ပြောသည်။

မေလ ၂၇ရက် နံနက် ၅နာရီမှစ၍ ကလေးမြို့နယ် ဇင်းကလင်းရွာနှင့် ပေါက်ခုံကျေးရွာကြားတွင် ၁နာရီခွဲကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု CNDF/Vakok တပ်ရင်း၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“စစ်ကောင်စီတပ်တွေက ကလေးကနေ ကလေးတောင်ပိုင်းကို စစ်ကြောင်းထိုးဖို့လား မသိဘူး။GTC-ထိုမာမှာ အထိုင်စခန်းတစ်ခုရှိတယ်။ အဲ့နေရာသွားဖို့လား မသိဘူး။ တောင်ပိုင်းကို စစ်ကြောင်းထိုးလာတာ ကားနှစ်စီးနဲ့ ။ ကျနော်တို့ တပ်ရင်းတွေကြိုတင်သတင်းကြားတော့ ညအိပ်ပြီး သွားစောင့်တယ်။ သူတို့ တိုးလာတော့ ကလေးတောင်းပိုင်း ချင်းဆိုင်နဲ့ ဇင်းကလင်းကြားမှာ ရထားလမ်းပေါ်အကာအကွယ်ယူပြီး လက်ဦးယူပြီး တိုက်တာ ”ဟု CNDFတာဝန်ရှိသူက ပြောသည်။

ကလေးမြို့မှ ဇင်းကလင်းဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်နှင့် CNDF/Vakok၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ပူးပေါင်း အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ ပွဲချင်းပြီး ၁၅ဦး သေဆုံးပြီး အထိအခိုက်များကြောင်း CNDF/Vakok က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တိုက်ပွဲအတွင်း ပူးပေါင်းတပ်မှ ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်အခြေအနေကို လူထုနွေဦးက သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။

CNDF တပ်မဟာ(၁)ကလည်း ကလေးမြို့တောင်ပိုင်း၌ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ကလေးမြို့တောင်ပိုင်းသို့ ယနေ့(မေလ ၂၇ရက်)နံနက် ၅နာရီ ၄၀ မိနစ်တွင် စစ်ကောင်စီတပ်မှ အင်အား၂၀၀ကျော်ဖြင့် စစ်ကြောင်းထွက်လာခဲ့ရာ ကလေး(ပကဖ)နှင့် မြို့ပြစီမံချက်ပြောက်ကျား(UG) အဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အသင့်ပြင်ထားသောမိုင်းကွင်းအတွင်းသို့ နံနက် ၈နာရီ ၁၉မိနစ်တွင် စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက်လာအချိန် မိုင်ဆွဲခဲ့ရာ စစ်ကောင်စီတပ်သား ၂၈ ဦးသေဆုံးပြီး ဒဏ်ရာအများအပြားရရှိကြောင်း ကနဦး သတင်းရရှိသည်ဟု CNDF တပ်မဟာ(၁)က ဖော်ပြထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။