Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့၌ အခွန်မဆောင်သည့်လုပ်ငန်းရှင်များကို အရေးယူတော့မည်ဟု မြို့နယ်(ပအဖ) သတိပေး

ကလေး(ပအဖ)အနေဖြင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးရန် နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မြို့နယ်အဆင့်အစိုးရယန္တယားလည်ပတ်နိုင်ရန် လုပ်ငန်းရှင်ကြီးများ၏ အခွန်စနစ်ဖြင့် လည်ပတ်ဆောင်ရန်လျက်ရှိသည်ဟု ဆိုသည်။

(စစ်ကိုင်းတိုင်း ကလေးမြို့ နာမည်ကျော် တာဟန်းခံတပ်ရှေ့တွင် ၂၀၂၁ မတ်လ ၁၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ−ပေးပို့)
(စစ်ကိုင်းတိုင်း ကလေးမြို့ နာမည်ကျော် တာဟန်းခံတပ်ရှေ့တွင် ၂၀၂၁ မတ်လ ၁၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ−ပေးပို့)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ အခွန်မဆောင်သည့်လုပ်ငန်းရှင်များကို အရေးယူတော့မည်ဖြစ်ကြောင်း ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ သတိပေးထုတ်ပြန်သည်။

အခွန်ရှောင်လုပ်ငန်းရှင်များ၏ ကုန်ပစ္စည်များကို ထိန်းချုပ်နယ်မြေနှင့် မဟာမိတ်နယ်မြေများ အတွင်း လုံးဝဖြန့်ဖြူးရောင်းချခွင့်ပြုမည်မဟုတ်နှင့် ပညာပေးကာလကို မေလ ၂၆ ရက်မှစ၍ ၁၀ ကြာသတ်မှတ်ပေးမည်ဖြစ်ကြောင်း ကလေး(ပအဖ)က ထုတ်ပြန်ထားသည်။

“မြိုပေါ်က အခွန်ရှောင်သူတွေကို အရေးယူတော့မယ်ဆိုတာက သတင်းစကားပါးတာဖြစ်သလို

အခွန်လုပ်ငန်းလည်ပတ်နိုင်ပြီ ဆိုတာကိုလည်းပြသတာဖြစ်ပါတယ်။”ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တာဝန်ခံက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အခွန်ဆောင်သည့်လုပ်ငန်းရှင်များ ရှိသလို ၊ မဆောင်သည့် လုပ်ငန်းရှင်များရှိနေ၍ အခွန်ရှောင်သူများကို အရေးယူမည်ဟု ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ကလေး(ပအဖ)အနေဖြင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးရန် နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မြို့နယ်အဆင့်အစိုးရယန္တယားလည်ပတ်နိုင်ရန် လုပ်ငန်းရှင်ကြီးများ၏ အခွန်စနစ်ဖြင့် လည်ပတ်ဆောင်ရန်လျက်ရှိသည်ဟု ဆိုသည်။

အခွန်ဆောင်ရမည့် ကုန်ပစ္စည်းများတွင် သပိတ်မှောက်ထားသည့် စစ်ကောင်စီထုတ်ကုန်များပါဝင်ခြင်းမရှိဟု ထပ်မံအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်း​အောင်လှိုင် ရဲ့သားနဲ့ သမီး အပါအ၀င် စစ်တပ်နဲ့ပတ်သက်သူတွေ လက်ဝါးကြီးအုပ်ထားတဲ့လျှပ်စစ်ကား(EV ကား)တင်သွင်းတာမှာအကောက်ခွန်နှုန်းကို လျှော့ချကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ မော်တော်ယာဉ်ဈေးကွက်မှသတင်းရရှိပါတယ်။

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ချွေးမဖြစ်သူ မျိုးရတနာထိုက်ကို နိုင်ငံတကာအစိုးရတွေအနေနဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ Justice For Myanmar -JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူ​တွေအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။