Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့၌ အခွန်မဆောင်သည့်လုပ်ငန်းရှင်များကို အရေးယူတော့မည်ဟု မြို့နယ်(ပအဖ) သတိပေး

ကလေး(ပအဖ)အနေဖြင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးရန် နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မြို့နယ်အဆင့်အစိုးရယန္တယားလည်ပတ်နိုင်ရန် လုပ်ငန်းရှင်ကြီးများ၏ အခွန်စနစ်ဖြင့် လည်ပတ်ဆောင်ရန်လျက်ရှိသည်ဟု ဆိုသည်။

(စစ်ကိုင်းတိုင်း ကလေးမြို့ နာမည်ကျော် တာဟန်းခံတပ်ရှေ့တွင် ၂၀၂၁ မတ်လ ၁၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ−ပေးပို့)
(စစ်ကိုင်းတိုင်း ကလေးမြို့ နာမည်ကျော် တာဟန်းခံတပ်ရှေ့တွင် ၂၀၂၁ မတ်လ ၁၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ−ပေးပို့)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ အခွန်မဆောင်သည့်လုပ်ငန်းရှင်များကို အရေးယူတော့မည်ဖြစ်ကြောင်း ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ သတိပေးထုတ်ပြန်သည်။

အခွန်ရှောင်လုပ်ငန်းရှင်များ၏ ကုန်ပစ္စည်များကို ထိန်းချုပ်နယ်မြေနှင့် မဟာမိတ်နယ်မြေများ အတွင်း လုံးဝဖြန့်ဖြူးရောင်းချခွင့်ပြုမည်မဟုတ်နှင့် ပညာပေးကာလကို မေလ ၂၆ ရက်မှစ၍ ၁၀ ကြာသတ်မှတ်ပေးမည်ဖြစ်ကြောင်း ကလေး(ပအဖ)က ထုတ်ပြန်ထားသည်။

“မြိုပေါ်က အခွန်ရှောင်သူတွေကို အရေးယူတော့မယ်ဆိုတာက သတင်းစကားပါးတာဖြစ်သလို

အခွန်လုပ်ငန်းလည်ပတ်နိုင်ပြီ ဆိုတာကိုလည်းပြသတာဖြစ်ပါတယ်။”ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တာဝန်ခံက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အခွန်ဆောင်သည့်လုပ်ငန်းရှင်များ ရှိသလို ၊ မဆောင်သည့် လုပ်ငန်းရှင်များရှိနေ၍ အခွန်ရှောင်သူများကို အရေးယူမည်ဟု ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ကလေး(ပအဖ)အနေဖြင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးရန် နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မြို့နယ်အဆင့်အစိုးရယန္တယားလည်ပတ်နိုင်ရန် လုပ်ငန်းရှင်ကြီးများ၏ အခွန်စနစ်ဖြင့် လည်ပတ်ဆောင်ရန်လျက်ရှိသည်ဟု ဆိုသည်။

အခွန်ဆောင်ရမည့် ကုန်ပစ္စည်းများတွင် သပိတ်မှောက်ထားသည့် စစ်ကောင်စီထုတ်ကုန်များပါဝင်ခြင်းမရှိဟု ထပ်မံအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကျေးရွာတစ်ရွာမှာ ​သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ ဒီကနေ့ (အောက်တိုဘာ ၁၀) ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကွန်ပြူတာဆိုင်ဖွင့်ထားတဲ့ နေအိမ် မီးလောင်ပြီး ဝန်ထမ်းမိန်းကလေး ၃ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။