Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့နယ်တွင် စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှဗုံးကျဲ

စစ်ကောင်စီက Yak130နှစ်စီးဖြင့် ဗုံးလာကြဲခြင်းဖြစ်ပြီး ပြည်သူအများအပြားထိခိုက်နိုင်ကြောင်း ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ မှ ပြန်ကြားရေးတာဝန်ခံကလည်းပြောသည်။

(စစ်​ကောင်စီတပ်က ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိက အသုံးပြု​နေ​သော YAK 130 ​လေယာဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီတပ်က ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိက အသုံးပြု​နေ​သော YAK 130 ​လေယာဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

ကနီမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကာင်စီက ယနေ့ (မေလ ၁၇ရက်) နေ့လယ် ၂နာရီ ၅၀မိနစ်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေပြီး ​ဒေသခံပြည်သူများ ထိခိုက်နိုင်​ကြောင်း စစ်ဘေးရှောင်ပြည်သူများကပြောသည်။

“လေယာဉ်နဲ့ ဗုံးကြဲနေလို့ ပြေးနေကြရတယ်။ရွာမှာ လူတွေရှိတယ်။ လူတွေထိနိုင်တယ်” ဟု စစ်ဘေးရှောင်တစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါရွာ ၂ ရွာအနီးတွင်လွန်ခဲ့သောရက်အနည်းငယ်ကတိုက်ပွဲဖြစ်ခဲ့၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ယမန်နေ့(မေလ ၁၆ရက်)ကစစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွား၍ ဒေသခံများ ပြန်လည်ဝင်ရောက်လာစဥ် စစ်​ကောင်စီတပ်က​မေ ၁၇ တွင်ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးလာကြဲခြင်းဟု ဒေသခံများက‌ပြောသည်။

စစ်ကောင်စီက Yak130နှစ်စီးဖြင့် ဗုံးလာကြဲခြင်းဖြစ်ပြီး ပြည်သူအများအပြားထိခိုက်နိုင်ကြောင်း ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ မှ ပြန်ကြားရေးတာဝန်ခံကလည်းပြောသည်။

နောက်ဆက်တွဲသတင်းများကို People’s Spring က ဆက်လက်ဖော်ပြပါမည်။