Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်တွင် စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှဗုံးကျဲ

စစ်ကောင်စီက Yak130နှစ်စီးဖြင့် ဗုံးလာကြဲခြင်းဖြစ်ပြီး ပြည်သူအများအပြားထိခိုက်နိုင်ကြောင်း ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ မှ ပြန်ကြားရေးတာဝန်ခံကလည်းပြောသည်။

(စစ်​ကောင်စီတပ်က ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိက အသုံးပြု​နေ​သော YAK 130 ​လေယာဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီတပ်က ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိက အသုံးပြု​နေ​သော YAK 130 ​လေယာဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

ကနီမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကာင်စီက ယနေ့ (မေလ ၁၇ရက်) နေ့လယ် ၂နာရီ ၅၀မိနစ်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေပြီး ​ဒေသခံပြည်သူများ ထိခိုက်နိုင်​ကြောင်း စစ်ဘေးရှောင်ပြည်သူများကပြောသည်။

“လေယာဉ်နဲ့ ဗုံးကြဲနေလို့ ပြေးနေကြရတယ်။ရွာမှာ လူတွေရှိတယ်။ လူတွေထိနိုင်တယ်” ဟု စစ်ဘေးရှောင်တစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါရွာ ၂ ရွာအနီးတွင်လွန်ခဲ့သောရက်အနည်းငယ်ကတိုက်ပွဲဖြစ်ခဲ့၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ယမန်နေ့(မေလ ၁၆ရက်)ကစစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွား၍ ဒေသခံများ ပြန်လည်ဝင်ရောက်လာစဥ် စစ်​ကောင်စီတပ်က​မေ ၁၇ တွင်ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးလာကြဲခြင်းဟု ဒေသခံများက‌ပြောသည်။

စစ်ကောင်စီက Yak130နှစ်စီးဖြင့် ဗုံးလာကြဲခြင်းဖြစ်ပြီး ပြည်သူအများအပြားထိခိုက်နိုင်ကြောင်း ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ မှ ပြန်ကြားရေးတာဝန်ခံကလည်းပြောသည်။

Public Service Announcement

Public Service Announcement

နောက်ဆက်တွဲသတင်းများကို People’s Spring က ဆက်လက်ဖော်ပြပါမည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook