Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာအခြေစိုက် PDFစခန်းတစ်ခု စီးနင်းဖျက်ဆီးခံရ

စစ်ကောင်စီတပ်က စခန်းရှိ လက်နက်ခဲယမ်းများအပါအဝင် စခန်းတွင်းပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျပ်သိန်း၃၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

မီးရှို့ဖျက်ဆီးခံရသော Area 71PDFအဖွဲ့၏ စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Area 71 PDF
မီးရှို့ဖျက်ဆီးခံရသော Area 71PDFအဖွဲ့၏ စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Area 71 PDF

▪️စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကိုပါပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Area 71 PDFအဖွဲ့၏ စခန်းတစ်ခု စီးနင်းဖျက်ဆီးခံရပြီး ဒေသခံပြည်သူတစ်ဦးအား ပစ်သတ်သွားကြောင်း အဆိုပါအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မေလ ၃၁ရက်) နံနက် ၈ နာရီခန့်က ချောင်းဦးမြို့မှ လာသော စစ်ကောင်စီတပ်သည် Jummer ကား နှစ်စီးဖြင့်ထွက်လာခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်သည် မုံရွေးရွာနှင့် ကြေးမုံကျေးရွာဝန်းကျင်ကို အင်အား ၁၀၀ ဖြင့် စစ်ကြောင်းထိုးပြီး စခန်းအား ဝင်ရောက်စီးနင်းခဲ့ကြောင်း Area 71PDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်က စခန်းရှိ လက်နက်ခဲယမ်းများအပါအဝင် စခန်းတွင်းပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျပ်သိန်း၃၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လူသားဒိုင်းအဖြစ် လမ်းပြခေါ်ဆောင် လာသူ ဒေသခံပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ပြီး စခန်းနှင့်အတူ မီးရှို့ခဲ့ကြောင်း Area 71PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပစ်သတ်ခံရသူက အမျိုးသားပဲဗျ။အသက်အရွယ်ကတော့ ခန့်မှန်းလို့မရဘူး။ ရုပ်ကို မပီတော့ဘူး။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

မီးရှို့ဖျက်ဆီးခံရသော Area 71PDFအဖွဲ့၏ စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Area 71 PDF
မီးရှို့ဖျက်ဆီးခံရသော Area 71PDFအဖွဲ့၏ စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Area 71 PDF

သို့သော် ရဲဘော်များအထိအခိုက်မရှိခဲ့သော်လည်း စခန်းပြန်လည်တည်ဆောက်နိုင်ရန် အကူအညီများလိုအပ်နေကြောင်း Area 71PDFအဖွဲ့က ပြောသည်။

မေလ ၂၈ ရက်ကလည်း မုံရွာခရိုင်၊ အရာတော် မြို့နယ်ရှိ Danger Force LPDF၏ တပ်စခန်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး ကျပ်သိန်း၃၀၀ခန့်ဆုံးရှုံးကာ အသက်(၅၀)အရွယ် အမျိုးသမီးတော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။