Connect with us

Hi, what are you looking for?

သတင်း

မုံရွာအခြေစိုက် PDFစခန်းတစ်ခု စီးနင်းဖျက်ဆီးခံရ

စစ်ကောင်စီတပ်က စခန်းရှိ လက်နက်ခဲယမ်းများအပါအဝင် စခန်းတွင်းပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျပ်သိန်း၃၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

မီးရှို့ဖျက်ဆီးခံရသော Area 71PDFအဖွဲ့၏ စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Area 71 PDF
မီးရှို့ဖျက်ဆီးခံရသော Area 71PDFအဖွဲ့၏ စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Area 71 PDF

▪️စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကိုပါပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Area 71 PDFအဖွဲ့၏ စခန်းတစ်ခု စီးနင်းဖျက်ဆီးခံရပြီး ဒေသခံပြည်သူတစ်ဦးအား ပစ်သတ်သွားကြောင်း အဆိုပါအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မေလ ၃၁ရက်) နံနက် ၈ နာရီခန့်က ချောင်းဦးမြို့မှ လာသော စစ်ကောင်စီတပ်သည် Jummer ကား နှစ်စီးဖြင့်ထွက်လာခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်သည် မုံရွေးရွာနှင့် ကြေးမုံကျေးရွာဝန်းကျင်ကို အင်အား ၁၀၀ ဖြင့် စစ်ကြောင်းထိုးပြီး စခန်းအား ဝင်ရောက်စီးနင်းခဲ့ကြောင်း Area 71PDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်က စခန်းရှိ လက်နက်ခဲယမ်းများအပါအဝင် စခန်းတွင်းပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျပ်သိန်း၃၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လူသားဒိုင်းအဖြစ် လမ်းပြခေါ်ဆောင် လာသူ ဒေသခံပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ပြီး စခန်းနှင့်အတူ မီးရှို့ခဲ့ကြောင်း Area 71PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပစ်သတ်ခံရသူက အမျိုးသားပဲဗျ။အသက်အရွယ်ကတော့ ခန့်မှန်းလို့မရဘူး။ ရုပ်ကို မပီတော့ဘူး။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

မီးရှို့ဖျက်ဆီးခံရသော Area 71PDFအဖွဲ့၏ စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Area 71 PDF
မီးရှို့ဖျက်ဆီးခံရသော Area 71PDFအဖွဲ့၏ စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Area 71 PDF

သို့သော် ရဲဘော်များအထိအခိုက်မရှိခဲ့သော်လည်း စခန်းပြန်လည်တည်ဆောက်နိုင်ရန် အကူအညီများလိုအပ်နေကြောင်း Area 71PDFအဖွဲ့က ပြောသည်။

မေလ ၂၈ ရက်ကလည်း မုံရွာခရိုင်၊ အရာတော် မြို့နယ်ရှိ Danger Force LPDF၏ တပ်စခန်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး ကျပ်သိန်း၃၀၀ခန့်ဆုံးရှုံးကာ အသက်(၅၀)အရွယ် အမျိုးသမီးတော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ