Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့နယ် ပြည့်အိုင်ရွာအုပ်ကြီးရုံးအား ​လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ပြည့်အိုင်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်ကလည်း စစ်အုပ်စုနှင့်ပူးပေါင်းခဲ့သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အသတ်ခံရသေးသည်။

(စစ်ကောင်စီ၏ ပြည့်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ဗုံးပေါက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီ၏ ပြည့်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ဗုံးပေါက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပြည့်အိုင်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ​PDFရဲဘော်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

​ဧပြီ ၃၀ ရက် နံနက် ၈နာရီခန့်က ပခုက္ကူမြို့နယ်၊ ပြည့်အိုင်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက သေနတ်များဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံးထုတိုက်ခိုက် သွားခြင်းဖြစ်ကြောင်း၊ လူထိခိုက်မှုရှိ၊မရှိ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ရုံးပျက်စီးသွားသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ပြည့်အိုင်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်ကလည်း စစ်အုပ်စုနှင့်ပူးပေါင်းခဲ့သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အသတ်ခံရသေးသည်။

Public Service Announcement

Public Service Announcement

ပခုက္ကူမြို့နယ်တွင် ဧပြီ၂၅ ရက် ညကလည်း တဲကုန်းရွာရှိ ပျူစောထီးများကို တော်လှန်ရေး အင်အားစုများက အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၃ ဦး သေဆုံးကာ ၈ ဦး ပခုက္ကူဆေးရုံတွင် ဆေးကုနေရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊မုန်းမြို့နယ်(မူးမြို့နယ်)မှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် တရားမဝင်ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော လူဝင်မှုကြီးကြပ်‌ရေးရုံး လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army၏တာဝန်ရှိသူက ပြောသည်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးရဲဘော်များကို လက်ပစ်ဗုံးဖြင့် လက်ဦးမှုယူပစ်ခတ်သည့် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။