Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူမြို့နယ် ပြည့်အိုင်ရွာအုပ်ကြီးရုံးအား ​လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ပြည့်အိုင်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်ကလည်း စစ်အုပ်စုနှင့်ပူးပေါင်းခဲ့သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အသတ်ခံရသေးသည်။

(စစ်ကောင်စီ၏ ပြည့်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ဗုံးပေါက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီ၏ ပြည့်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ဗုံးပေါက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပြည့်အိုင်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ​PDFရဲဘော်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

​ဧပြီ ၃၀ ရက် နံနက် ၈နာရီခန့်က ပခုက္ကူမြို့နယ်၊ ပြည့်အိုင်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက သေနတ်များဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံးထုတိုက်ခိုက် သွားခြင်းဖြစ်ကြောင်း၊ လူထိခိုက်မှုရှိ၊မရှိ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ရုံးပျက်စီးသွားသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ပြည့်အိုင်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်ကလည်း စစ်အုပ်စုနှင့်ပူးပေါင်းခဲ့သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အသတ်ခံရသေးသည်။

Public Service Announcement

Public Service Announcement

ပခုက္ကူမြို့နယ်တွင် ဧပြီ၂၅ ရက် ညကလည်း တဲကုန်းရွာရှိ ပျူစောထီးများကို တော်လှန်ရေး အင်အားစုများက အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၃ ဦး သေဆုံးကာ ၈ ဦး ပခုက္ကူဆေးရုံတွင် ဆေးကုနေရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

သတင်း

ရတနာပုံခန်းမကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ မေလအတွင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။