Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှု စစ်ကောင်စီတပ် ဗိုလ်ကြီးတစ်ဦး၊ ဒုရဲမှူးအပါအဝင် ရှစ်ဦးသေဟု KNLA တပ်မှူးပြော

စစ်ကောင်စီတပ်ထံမှ လက်နက် ၅လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။ ရရှိခဲ့သည့် လက်နက်ခဲယမ်းများမှာ G3 ၂လက်၊ အူဇီ 9MM တစ်လက်၊ MA3 ၁လက်နှင့် ကျည်ဘောက်များ၊ ကျည်များဖြစ်သည်ဟု သိရသည်။

(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNLA)
(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNLA)

▪️ပူးပေါင်းတပ်ဖွဲ့ဘက်က နှစ်ဦးကျဆုံး ၊ တစ်ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ သထုံမြို့နယ် ဒူးရင်းဆိပ်ရွာအနီးရှိ စစ်ကောင်စီ၏ ဒုံသမိတံတားဂိတ်ကို ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့တွင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ရှစ်ဦးသေဆုံးခဲ့ကြောင်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မှူးက ပြောသည်။

ဇွန်လ ၁ရက် နံနက်တွင် အဆိုပါ စစ်ကောင်စီဂိတ်ကို KNLAနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးခဲ့ရာ ဒုရဲမှူး သီဟဇော်အပါအဝင် ရဲ ခုနစ်ဦးနှင့် စစ်ကောင်စီ၏ တပ်မ(၂၂)မှ ဗိုလ်ကြီး မိုးမင်းတို့ သေဆုံးခဲ့သည်ဟု သိရသည်။

“ကျနော်တို့ ပူးပေါင်းအဖွဲ့က နှစ်ဦး ကျဆုံးသွားတယ်။ တစ်ဦးဒဏ်ရာရတယ်”ဟု KNLA တပ်မှူးက ပြောသည်။

စစ်ကောင်စီတပ်ထံမှ လက်နက် ၅လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။ ရရှိခဲ့သည့် လက်နက်ခဲယမ်းများမှာ G3 ၂လက်၊ အူဇီ 9MM တစ်လက်၊ MA3 ၁လက်နှင့် ကျည်ဘောက်များ၊ ကျည်များဖြစ်သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်​ကောင်စီစစ်တပ်နှင့်ရဲများ​သေဆုံးသူများမှာတပ်မ ၂၂ မှဗိုလ်ကြီးမိုးမင်း ၊ ရဲတပ်ရင်း ၂၂ မှ ဒုရင်းမှူးသီဟဇော်၊ရဲတပ်ကြပ်ကြီးစိုးညွန့်ဝင်း ၊ ရဲတပ်သားကျော်ရဲအောင်၊ရဲတပ်သားဦးချစ်သူ၊ရဲတပ်ကြပ်အောင်ရဲနိုင်၊ရဲတပ်သားကျော်ရဲအောင်၊ ရဲတပ်သားခွန်ဥက္ကာစိုးတို့ဖြစ်​​ကြောင်းသိရသည်။

စစ်ကောင်စီဝါဒဖြန့်သတင်းဌာနအချို့က ဒုံသမိဂိတ်တိုက်ခိုက်ခံရမှုကို ဖော်ပြထားရာ KNU/PDF ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် ဒုရဲအုပ်အပါအဝင် ရဲသုံးဦး ဒဏ်ရာရရှိကြောင်းသာဖော်ပြခဲ့ပြီး သေဆုံးမှုအခြေအနေကို ဖော်ပြမထားပေ။

စစ်ကောင်စီဝါဒဖြန့် သတင်းဌာန၏ ဖော်ပြချက်တွင် KNU/PDFပူးပေါင်းအဖွဲ့က အင်အား ၂၀၀ ခန့်ဖြင့် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်က ဒုံသမိတံတားရှိ ဘန်ကာများ၌ နေရာယူ၍ ပြန်လည်ပစ်ခတ်နေစဉ် ဒုံသမိတံတား (မွန်ဘက်ခြမ်း)၌ မော်တော်ယာဉ် တစ်စီး အချိန်ကိုက်ရောက်ရှိလာပြီး ယာဉ်မောင်းမှာ မော်တော်ယာဉ်ကို တံတားအဝင် ဘယ်ရီဂိတ်အနီး ရပ်တန့်ထားရှိ ထွက်ပြေးသွားကြောင်း၊ အဆိုပါယာဉ်သည် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ အလားတူ ကရင်ဘက်အခြမ်းတွင်လည်း မော်တော်ယာဉ်တစ်စီး ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။