Connect with us

Hi, what are you looking for?

သတင်း

ဟားခါး-ထန်တလန်ကြား တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ်အထိနာ

စစ်ကောင်စီတပ်သည် ဟားခါးနှင့်ထန်တလန်ကြားရှိသီးမြစ်ဒေသသို့ စစ်ကြောင်းစုစု​ပေါင်းအင်အား၁၅၀ ​ကျော်ဖြင့်စစ်​ကြောင်း နှစ်ကြောင်းခွဲ ထိုးစစ်ဆင်လာ၍ မေလ ၂၉ရက်မှစ၍ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

(စစ်​ကောင်စီက ချင်းပူး​ပေါင်းတပ်ကို ​လေ​ကြောင်းမှ တိုက်ခိုက်​နေစဥ်/ ထန်တလန်မြို့တွင် ချင်းပူး​ပေါင်းတပ်မှတပ်ဖွဲ့ဝင်တစ်ဦး။ဓါတ်ပုံ-The Chin Journal)
(စစ်​ကောင်စီက ချင်းပူး​ပေါင်းတပ်ကို ​လေ​ကြောင်းမှ တိုက်ခိုက်​နေစဥ်/ ထန်တလန်မြို့တွင် ချင်းပူး​ပေါင်းတပ်မှတပ်ဖွဲ့ဝင်တစ်ဦး။ဓါတ်ပုံ-The Chin Journal)

▪︎ယနေ့အနီးကပ်တိုက်ပွဲနှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၇ဦးသေဟု CNA ပြော

ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်မြို့နယ်အကြားတွင် စစ်ကောင်စီတပ်နှင့်ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်းချင်းအမျိုးသားတပ်မတော်(CNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“တိုက်ပွဲက ဒီနေ့ ၁၂နာရီလောက်မှာသူတို့ကကျနော်တို့နေတဲ့နေရာကိုသုံးကြိမ်တက်လာတာပေါ့။ မြေပြင်စစ်ဆင်ရေးလို့ပြောရမှာပေါ့။ ဒီနေ့ကတော့ တိုက်လေယာဉ်တွေမလာဘူး။ တက်လာတော့ အဲဒီမှာ သူတို့ဘက်က ၇ယောက်ကျတယ်ပေါ့။ အဓိကတော့ မြေပြင်အနီးကပ်တိုက်ပွဲနဲ့ ဒရုန်းနဲ့ ချတာပေါ့။ အဲဒီကနေ ရှေ့ဆက်တို့မလာဘူး။ ဒါက ဒီနေ့တိုက်ပွဲပေါ့။ မနေ့က တိုက်ပွဲကျတော့ လေယာဉ်နဲ့ ၈ကြိမ်လောက်ဗုံးကြဲတယ်” ဟု ၎င်းက ဆက်​ပြောသည်။

ထိုသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် ချင်းတပ်ဖွဲ့ဝင် အချို့ မစိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့ကြောင်းအသိပေးသည်။ယမန်နေ့တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်ဟုဆိုသည်။

(စစ်​ကောင်စီက ချင်းပူး​ပေါင်းတပ်ကို ​လေ​ကြောင်းမှ တိုက်ခိုက်​နေစဥ်/ ထန်တလန်မြို့တွင် ချင်းပူး​ပေါင်းတပ်မှတပ်ဖွဲ့ဝင်တစ်ဦး။ဓါတ်ပုံ-The Chin Journal)
(စစ်​ကောင်စီက ချင်းပူး​ပေါင်းတပ်ကို ​လေ​ကြောင်းမှ တိုက်ခိုက်​နေစဥ်/ ထန်တလန်မြို့တွင် ချင်းပူး​ပေါင်းတပ်မှတပ်ဖွဲ့ဝင်တစ်ဦး။ဓါတ်ပုံ-The Chin Journal)

“မနေ့က ကျနော်တို့လည်း ပြန်ပြီးတုန့်ပြန်တယ်။ အနီးကပ်ချဉ်းကပ်ပြီးတော့ တိုက်ခိုက်တယ်။ တိုက်ခိုက်တဲ့ အချိန်မှာ သူတို့ဘက်က အနည်းဆုံး ၁၀ယောက်လောက်ထိခိုက်မှုရှိတယ်လို့ မြေပြင်သတင်းအရ သိရတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဟားခါးနှင့်ထန်တလန်ကြားရှိသီးမြစ်ဒေသသို့ စစ်ကြောင်းစုစု​ပေါင်းအင်အား၁၅၀ ​ကျော်ဖြင့်စစ်​ကြောင်း နှစ်ကြောင်းခွဲ ထိုးစစ်ဆင်လာ၍ မေလ ၂၉ရက်မှစ၍ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

“စစ်ကြောင်းက နှစ်ကြောင်းနဲ့ သူတို့က ထထိုးလာတာ။ သီမြစ်ချောင်း အပေါ်ဘက်က စစ်ကြောင်းတစ်ကြောင်းက ဒီနေ့ တိုက်ပွဲမရှိဘူး။ သီးမြစ်ချောင်းရဲ့ အောက်ဘက် အဲဒီမှာပဲ တိုက်ပွဲရှိနေတယ်။ အဓိကတော့ ဟားခါးထန်တလန်ကြားဆိုပေမယ့် ဟားခါးမြို့နယ်ထဲမှာပါပဲ” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်သည် မေလ ၂၉ရက်မတိုင်ခင်ကလည်း အဆိုပါဒေသသို့ လေကြောင်း မှတိုက်ခိုက်ခဲ့သည်။ထို့နောက်မြေပြင်မှ စစ်ကြောင်းထိုး ဝင်ရောက်လာရာ ချင်းအမျိုးသားတပ်မတော်(CNA)၊ ဒေသခံချင်းကာကွယ်ရေးတပ်(CDF) တပ်များနှင့် တိုက်ပွဲပြင်းထန်လျက်ရှိသည်။ တိုက်ပွဲပထမရက်တွင်ချင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ဦး ကျဆုံးခဲ့သည်။ စစ်ကောင်စီတပ်ဘက်မှလည်း သေဆုံးထိခိုက်များပြားလျက်ရှိရာ ၅၀ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူကပြေကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။