Connect with us

Hi, what are you looking for?

သတင်း

ပဲခူး နတ်သံကွင်းမှာတိုက်ပွဲဖြစ်ပြီး စစ်တောင်းမြစ်ကူးတံတား မိုင်းထိ ကျိုးကျ

ပစ်ခတ်သံတွေကို ဒီနေ့မနက် ၄ နာရီမှာ စတင်ကြားရတာလို့ အဲဒီဒေသခံသတင်းရင်းမြစ်က ပြောပြပါတယ်။နတ်သံကွင်းနယ်မြေရဲစခန်းနဲ့ တပ်စခန်းတွေကို ဝင်တိုက်သွားတာလို့ သိရပါတယ်။

ပဲခူး နတ်သံကွင်းမှာတိုက်ပွဲဖြစ်ပြီး စစ်တောင်းမြစ်ကူးတံတား မိုင်းထိ ကျိုးကျ
ပဲခူး နတ်သံကွင်းမှာတိုက်ပွဲဖြစ်ပြီး စစ်တောင်းမြစ်ကူးတံတား မိုင်းထိ ကျိုးကျ

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် ကျောက်ကြီးမြို့နယ်ထဲက နတ်သံကွင်းဒေသမှာ ဒီနေ့မနက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တောင်းမြစ်ကူးတံတားလည်း မိုင်းထိကာ ကျိုးကျသွားတယ်လို့ နတ်သံကွင်း ဒေသခံတစ်ဦးထံကသိရပါတယ်။

ပစ်ခတ်သံတွေကို ဒီနေ့မနက် ၄ နာရီမှာ စတင်ကြားရတာလို့ အဲဒီဒေသခံသတင်းရင်းမြစ်က ပြောပြပါတယ်။နတ်သံကွင်းနယ်မြေရဲစခန်းနဲ့ တပ်စခန်းတွေကို ဝင်တိုက်သွားတာလို့ သိရပါတယ်။

ဒါအပြင် ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းဒေသကိုဆက်သွယ်ထားတဲ့ စစ်တောင်းမြစ်ကူးတံတားဟာ မိုင်းထိပြီး ကျိုးကျသွားတယ်လို့ နတ်သံကွင်းဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

အဲဒီတံတားဟာ စစ်တောင်းမြစ်ကို ဖြတ်ထိုးထားတဲ့ တံတား၉ စင်းအနက်က ၁စင်းဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

တံတားကျိုးကျသွားတဲ့အတွက် ကုန်လမ်းဆက်သွယ်ရေးပြတ်တောက်သွားတဲ့အပြင် မြစ်ကူးတံတားလှေဆိပ်ကိုလည်း စစ်ကောင်စီတပ်က ပိတ်ခိုင်းထားတယ်လို့သိရပါတယ်။

ဒီနေ့မနက်ပိုင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ နဲ့လေကြောင်းပစ်ကူပေးတာရှိတယ်လို့သိရပါတယ်။

ကျောက်ကြီးမြို့ဟာ ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်ထဲက မြို့ဖြစ်ပြီး ကရင်ပြည်နယ် ၊သံတောင်မြို့နဲ့ ထိစပ်နေတဲ့ဒေသဖြစ်ပါတယ်။

ဒါအပြင်ကျောက်ကြီးနယ်ဟာ KNU တပ်မဟာ ၃ နယ်မြေထဲမှာပါပြီး အာဏာသိမ်းစစ်တပ်နဲ့ KNU ၊PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေမကြာခဏ ဖြစ်ပွားရာဒေသလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်ဘူးလို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

Facebook