Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမှာ နေအိမ်ပေါ် အုတ်တံတိုင်းပြိုကျလို့ သားအမိ ၄ ဦး သေဆုံး

ဒီနေ့မနက်အစောပိုင်း ၁ နာရီခွဲခန့်က အုတ်တံတိုင်းပြိုကျတာလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့တဲ့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။

ဓာတ်ပုံ − လားရှိုးလူငယ်များကူညီရေးအဖွဲ့
ဓာတ်ပုံ − လားရှိုးလူငယ်များကူညီရေးအဖွဲ့

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် ထဲက ဟက်ကာကျေးရွာမှာ နေအိမ်ပေါ် အုတ်တံတိုင်းပြိုကျပြီး မိသားစုဝင် ၄ ဦးသေဆုံးသွားတဲ့ဖြစ်ရပ် ဒီနေ့မနက်အစောပိုင်းကဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့မနက်အစောပိုင်း ၁ နာရီခွဲခန့်က အုတ်တံတိုင်းပြိုကျတာလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့တဲ့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။

ခြံစည်းရိုးအုတ်တံတိုင်းနား ကပ်ဆောက်ထားတဲ့. သွပ်မိုး ၊ထရံကာ တစ်ထပ်အိမ်ပေါ် အုတ်တံတိုင်းပြိုကျချိန်မှာတော့ မိသားစုဝင်တွေ အိပ်မောကျနေချိန်လည်းဖြစ်ပါတယ်။

ဓာတ်ပုံ − လားရှိုးလူငယ်များကူညီရေးအဖွဲ့
ဓာတ်ပုံ − လားရှိုးလူငယ်များကူညီရေးအဖွဲ့

အဲဒီဖြစ်စဉ်မှာ အသက် ၄၀ အရွယ် မိခင်နဲ့အတူ ၁၀ နှစ်ဝန်းကျင် ကလေး ၃ ဦး သေဆုံးသွားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“အုတ်တံတိုင်းကအတန်းလိုက်ပြိုကျတာ “လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတစ်ဦးကပြောပါတယ်။

အုတ်တံတိုင်းပြိုကျရတဲ့အကြောင်းရင်းဟာ မနေ့ ဇွန်လ ၉ ရက်ညပိုင်းက မိုးကြီးခဲ့ပြီးနောက်မြေသားပျော့ကျရာက ပြိုကျသွားတာဖြစ်နိုင်တယ်လို့ ဒေသခံအချို့က သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လုယက်သတ်ဖြတ်မှုတွေ မကြာ ခဏဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ အမျိုးသားတစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့ပေမယ့် အဆိုပါအမျိုးသား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။