Connect with us

Hi, what are you looking for?

သတင်း

လားရှိုးရှိ တအာင်းရွာအချို့၏ ဆိုင်းဘုတ်များကို စစ်ကောင်စီတပ် ဘူဒိုဇာဖြင့်ဖျက်ဆီး

TNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံအရာရှိက စစ်ကောင်စီ၏ ယခုလုပ်ရပ်သည်ဇွန်လ ၁ရက်က မိုင်းလား၌ပြုလုပ်ခဲ့သည့် TNLAပါဝင်သော မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီအကြား ဆွေးနွေးပွဲပျက်သွားခြင်းနှင့် သက်ဆိုင်သည်ဟု ပြောသည်။

(စစ်ကောင်စီတပ်ဖျက်ဆီးခဲ့သော ရွာအဝင်ဆိုင်းဘုတ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA ပြန်ကြားရေး)
(စစ်ကောင်စီတပ်ဖျက်ဆီးခဲ့သော ရွာအဝင်ဆိုင်းဘုတ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA ပြန်ကြားရေး)

▪️မိုင်းလားဆွေးနွေးပွဲပျက်သည့်အပေါ် ဖိအားပေးခြင်းဖြစ်နိုင်ဟုTNLA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ တအာင်းကျေးရွာများ၏ ကျေးရွာအဝင် စိုက်ထူထားသည့် တအာင်းစာ၊ တအာင်းအလံ ဖြင့်ပြုလုပ်ထားသော ဆိုင်းဘုတ်များကို စစ်ကောင်စီတပ်က ဘူဒိုဇာများသုံးပြီးဖျက်ဆီးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA) သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

TNLA တပ်မဟာ(၆)နယ်မြေအတွင်းရှိ ကျေးရွာအဝင်ဆိုင်းဘုတ်(၅)ခုကို စစ်ကောင်စီက ဇွန်လ ၉ရက် နံနက်တွင် ဘူဒိုဇာဖြင့် လိုက်လံဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ဖျက်ဆီးခံရသည့်ကျေးရွာများမှာ လားရှိုးမြို့နယ် တအာင်းကျေးရွာများဖြစ်ကြသည့် တောင်တလောင်ကျေးရွာ၊ နောင်ယုံကျေးရွာ၊ ရွာသစ်ကျေးရွာ၊ တောင်နောင်ကျေးရွာနှင့် ကောင်းခါးကျေးရွာတို့ဖြစ်သည်ဟု အသိပေးထားသည်။

(စစ်ကောင်စီတပ်ဖျက်ဆီးခဲ့သော ရွာအဝင်ဆိုင်းဘုတ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA ပြန်ကြားရေး)
(စစ်ကောင်စီတပ်ဖျက်ဆီးခဲ့သော ရွာအဝင်ဆိုင်းဘုတ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – TNLA ပြန်ကြားရေး)

ထိုကဲ့သို့ လိုက်လံဖျက်ဆီးရသည့်အကြောင်းရင်းမှာ ၎င်းတို့၏ခွင့်ပြုချက်မရဘဲ ကျေးရွာအဝင်ဆိုင်းဘုတ်တွင် တအာင်းမိခင်စာပေ အသုံးပြုခြင်းနှင့် တအာင်းအမျိုးသားအလံတော်ဖြစ်သည့် စိမ်းဖြူစိမ်း အလံကို အသုံးပြုပြုလုပ်ထားခြင်းဖြစ်ကြောင်းနှင့် ခွင့်ပြုမိန့်မရရှိဘဲ ထပ်မံဆောက်လုပ်မှုမပြုတော့ရန် ခံဝန်ကတိပြုစေခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ထပ်မံဆောက်လုပ်ပါက ထိရောက်စွာအရေးပြုမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

TNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံအရာရှိက စစ်ကောင်စီ၏ ယခုလုပ်ရပ်သည်ဇွန်လ ၁ရက်က မိုင်းလား၌ပြုလုပ်ခဲ့သည့် TNLAပါဝင်သော မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီအကြား ဆွေးနွေးပွဲပျက်သွားခြင်းနှင့် သက်ဆိုင်သည်ဟု ပြောသည်။

“တွေ့ဆုံပွဲ ပျက်သွားတယ်လို့ ပြောလို့ရတယ်။ တွေ့ဆုံပွဲ အခြေအနေ မကောင်းတော့ စစ်ကောင်စီက ဒီဘက်ကိုဖိအားပေးတဲ့ သဘောမျိုးပေါ့”ဟု TNLA ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(စစ်ကောင်စီတပ်ဖျက်ဆီးခဲ့သော ရွာအဝင်ဆိုင်းဘုတ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA ပြန်ကြားရေး)
(စစ်ကောင်စီတပ်ဖျက်ဆီးခဲ့သော ရွာအဝင်ဆိုင်းဘုတ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – TNLA ပြန်ကြားရေး)

စစ်ကောင်စီ၏ ယခုလုပ်ရပ်အပေါ် TNLAအနေဖြင့် မည်သည့်လှုပ်ရှားမှုမှ မရှိသေးဘဲစောင့်ကြည့်နေသည်ဟု ဆိုသည်။

“ဘယ်အတိုင်းအတာထိ ဖိအားတွေပေးနိုင်မလဲဆိုတဲ့ အခြေအနေပေါ်မူတည်ပြီးတော့မှ တုန့်ပြန်မှုတွေလုပ်သွားမှာပေါ့”ဟု TNLA ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မိုင်းလားဆွေးနွေးပွဲ ပျက်သွားပြီးနောက် စစ်ကောင်စီတပ်သည် ကိုးကန့်တပ်မတော်(MNDAA) တပ်စခန်းများရှိရာသို့ ထိုးစစ်ဆင်၍ ဇွန်လ ပထမပတ်အတွင်းတိုက်ပွဲများပြင်းထန်ခဲ့သည်။ အလားတူ ရက္ခိုင့်တပ်တော်(AA) ရှိသည့် ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီတပ်က မုန်တိုင်းသင့် ရခိုင်ပြည်သူများ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ပိတ်ပင်ခြင်း၊ ကူညီရေးအဖွဲ့များ၏ ခရီးသွားလာခွင့်ကို ရပ်ဆိုင်းခြင်းတို့ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook