Connect with us

Hi, what are you looking for?

သတင်း

မန္တလေးရှိ ရွှေဆိုင်များ ပြည်ပသို့ ရွှေတင်ပို့၊ တင်သွင်းနေသည်ဟု ဆိုကာစစ်ကောင်စီကဖမ်းဆီးရန်ပြင်ဆင်နေ

စစ်ကောင်စီက ​ရွှေ​ဈေးဆက်တိုက်တက်လာပြီး​နောက် ရွှေလုပ်ငန်းများကို ပြသနာရှာနေခြင်းကြောင့် မေလ​နောက်ဆုံးပတ်မှ စ၍ ရွှေအရောင်းအဝယ်များကို ရပ်ဆိုင်းထားသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

မန္တလေးရှိ ရွှေဆိုင်များ ပြည်ပသို့ ရွှေတင်ပို့၊တင်သွင်းနေသည်ဟု ဆိုကာစစ်ကောင်စီကဖမ်းဆီးရန်ပြင်ဆင်နေ
မန္တလေးရှိ ရွှေဆိုင်များ ပြည်ပသို့ ရွှေတင်ပို့၊တင်သွင်းနေသည်ဟု ဆိုကာစစ်ကောင်စီကဖမ်းဆီးရန်ပြင်ဆင်နေ

မန္တလေးမြို့ ရှိ ရွှေဆိုင်များနှင့်ရွှေသန့်စင်လုပ်ငန်းများတွင် ပြည်ပမှတရားမဝင်ရွှေတင်သွင်းခြင်းနှင့်တင်ပို့ခြင်းများ ဆောင်ရွက်နေသည်ဟုဆိုကာ ဖမ်းဆီးအရေးယူရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း မန္တလေးရွှေအသိုင်အဝိုင်းမှစုံစမ်းသိရသည်။

စစ်ကောင်စီ၏ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီတွင်ပါဝင်​သောစစ်ကောင်စီဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစသည်တို့အပါအဝင် ထို​ကော်မတီအဖွဲ့ဝင်များက ဇွန် ၁ ရက်နှင့် ၂ ရက်တွင်မန္တ​လေးသို့သွားရောက်စစ်ဆေးခဲ့ပြီးထိုသို့ တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မန္တလေးရွှေဆိုင်များသည် တရားမဝင်ရွှေတင်ပို့၊တင်သွင်းရုံသာမက တရားမဝင် နိုင်ငံခြားငွေလဲလှယ်ခြင်းများကိုပါ ဆောင်ရွက်နေသည်ဟု စစ်ကောင်စီစွပ်စွဲထားသည်။

၎င်းတို့ကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ အပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေများဖြင့် အရေးယူမည်ဟု စစ်ကောင်စီကခြိမ်းခြောက်ထားသည်။

Public Service Announcement

Public Service Announcement

“စီးပွားရေးလုပ်ငန်းတွေကိုအမိန့်အာဏာနဲ့ဖိအားပေးထိန်းချုပ်တိုင်း ထွက်ပေါက်ရှာပြီး ရုန်းကန်ကြတာ ထုံးစံအတိုင်းပါပဲ။ ဒါကို ကြမ်းကြမ်းတမ်းတမ်းကိုင်ကြမယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေပျက်စီးတာပဲ အဖက်တင်လိမ့်မယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီက ​ရွှေ​ဈေးဆက်တိုက်တက်လာပြီး​နောက် ရွှေလုပ်ငန်းများကို ပြသနာရှာနေခြင်းကြောင့် မေလ​နောက်ဆုံးပတ်မှ စ၍ ရွှေအရောင်းအဝယ်များကို ရပ်ဆိုင်းထားသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

လက်ရှိတွင်ရွှေတစ်ကျပ်ကို ၃၁ သိန်းဝန်းကျင်ရှိသည်။ စစ်ကောင်စီလက်​အောက်ရှိ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၃ သိန်းဖြင့်သာရည်ညွှန်း​ဈေးသတ်မှတ်ထားသည်။

ယခုရက်ပိုင်းတွင်ရန်ကုန်မြို့ရှိရွှေဆိုင်အများစုမှာ ရွှေရောင်းပါကကျပ် ၃၁သိန်း ဖြင့်ရောင်းချပြီး၊ ဆိုင်ကပြန်ဝယ်ယူပါက ၂၉ သိန်းဝန်းကျင်ဖြင့် ပြန်လည်ရောင်းချနေသည်ဟု ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။