Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က မိုင်းထောင်ထား၍ ဒီးမော့ဆိုအရှေ့ခြမ်းသို့ ဝင်ရောက်ခြင်း၊ နေအိမ်ပြန်ခြင်း မပြုလုပ်ကြရန် KNDF သတိပေး

ဒေါတမကြီးကျေးရွာနှင့် ဒေါညေးခူကျေးရွာများနှင့် အနီးတစ်ဝိုက်သို့ ဒေသခံလူထုများအပြင် ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းများ ၊ ကျေးရွာများထဲသို့ ဝင်ရောက်ခြင်းများ မပြုလုပ်ရန် KNDFက မေတ္တာရပ်ခံသည်။

(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

စစ်ကောင်စီတပ်က မိုင်းထောင်ထား၍ ဒီးမော့ဆိုအရှေ့ခြမ်းရှိ ဒေါတမကြီးနှင့် ဒေါညေးခူကျေးရွာများသို့ ဝင်ရောက်ခြင်း ၊ နေအိမ်ပြန်ခြင်းများ လုံးဝမပြုလုပ်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၀က ယနေ့ ထုတ်ပြန်သည်။

ယခုနှစ် မတ်လဆန်းပိုင်းကစ၍ ဗျူဟာ နှစ်ခု တပ်ရင်း(၆)ခုဖြင့် စစ်ကောင်စီတပ်က ဒီးမော့ဆို အရှေ့ခြမ်းကို ထိုးစစ်ဆင်ခဲ့ပြီး ဧပြီ ၂၂ရက်တွင် ဒေါညေးခူကျေးရွာမှ အနောက်ဖက်တောင်ကြောသို့ ဆုတ်ခွာသွားခဲ့ကာ မေလ ၂ ရက်ကစ၍ ဒေါညေးခူကျေးရွာအတွင်းသို့ အင်အားဖြည့်တင်းပြီးနောက် ပြန်လည်စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာအတွင်း နေရာအနှံ့တပ်စွဲထားခဲ့သည်ဟု ဆိုသည်။

ဒေါညေးခူကျေးရွာအတွင်းတပ်စွဲထားစဥ်အနီးနားရှိ ဒေါဆိုဖျ ၊ဒေါတမကြီးကျေးရွာများအနီး ထိတွေ့တိုက်ပွဲများ ကြိုကြားဖြစ်ပွားခဲ့ပြီး ဇွန် ၁၄ရက်တွင် စစ်ကောင်စီတပ်ဖွဲ့များမှာ ဒေါညေးခူကျေးရွာမှ ဘောလခဲအနီးသို့ ပြန်လည်ဆုပ်ခွာသွားခဲ့ကာ ကျေးရွာအတွင်းနှင့် ရွာအနီးတစ်ဝိုက်တွင်လည်း မိုင်းများထောင်ထားခဲ့ကြောင်း KNDF က အသိပေးသည်။

Public Service Announcement
Public Service Announcement

“ဒီးမော့ဆို အရှေ့ခြမ်းတိုက်ပွဲက ဒီရက်ပိုင်း ငြိမ်နေတယ်။စစ်ရေးအရအကြောင်းအရင်းတော့ အသေး စိတ်ပြောလို့မရသေးဘူး။ဘောလခဲ ဘက်ကို စကစဘက်က ပြန်ဆုတ်နေတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့များမှာ ဒေါညေးခူကျေးရွာအတွင်းမှ တပ်ဆုတ်သွားသော်လည်း အချိန်မရွေး ပြန်လည်ဝင်ရောက်လာနိုင်ပြီး ကျေးရွာအတွင်းရှိ ၎င်းတို့တပ်စွဲနေထိုင်ခဲ့သော နေရာများအနီးနှင့် ကျေးရွာအနီးတဝိုက်တွင် မိုင်းများ ထောင်ထားခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဒေါတမကြီးက ကျေးရွာအုပ်စုကြီးတယ်။လူနေအိမ်က ထောင်ဂဏန်းနီးပါးရှိတယ်။စစ်ဘေးရှောင်ကလည်းများတာပေါ့ ။အခုက စစ်ရှောင်စခန်းတွေမှာရှိသလို ကိုယ်နဲ့အဆင်ပြေမယ်ထင်တဲ့နေရာမျိုးတွေမှာ စစ်ဘေးရှောင်နေရတုန်းပဲ။အခက်အခဲတွေကတော့ အများကြီးရှိပါတယ်”ဟု ကရင်နီစစ်ဘေးရှောင်ကူညီ စောင့်ရှောက်ပေးသူတစ်ဦးက ပြောသည်။

ဒေါတမကြီးကျေးရွာနှင့် ဒေါညေးခူကျေးရွာများနှင့် အနီးတစ်ဝိုက်သို့ ဒေသခံလူထုများအပြင် ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းများ ၊ ကျေးရွာများထဲသို့ ဝင်ရောက်ခြင်းများ မပြုလုပ်ရန် KNDFက မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁၁၀၉)တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။