Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်​ချောင်းတွင်စစ်တပ်နှင့်ပျူပူး​ပေါင်းစခန်းကိုPDFများစီးနင်းတိုက်ခိုက် စစ်သားနှင့်ပျူများမခုခံဘဲထွက်​ပြေး

စစ်ကောင်စီတပ်နှင့်ပျူစောထီး ပူးပေါင်းတပ်စွဲထားသော သရက်ချောင်းမြို့အထွက်ရှိ ကင်းစခန်းတစ်ခုကို ဇွန်လ ၁၂ရက် နံနက် ၅နာရီခန့်တွင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းမှ PDF များသိမ်းဆည်းရရှိ​​သောပစ္စည်းအချို့နှင့်စခန်းကို မီးရှို့စဥ်။ ဓါတ်ပုံ- ​ဒေါင်းမင်းစစ်ဆင်​ရေး)
(စစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းမှ PDF များသိမ်းဆည်းရရှိ​​သောပစ္စည်းအချို့နှင့်စခန်းကို မီးရှို့စဥ်။ ဓါတ်ပုံ- ​ဒေါင်းမင်းစစ်ဆင်​ရေး)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့မှ စစ်ကောင်စီတပ်နှင့် ပျူ​စောထီးတို့၏ကင်းစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကခုခံတိုက်ခိုက်ခြင်းမရှိဘဲ ထွက်ပြေးသွားကြောင်း PDF များက​ပြောသည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီး ပူးပေါင်းတပ်စွဲထားသော သရက်ချောင်းမြို့အထွက်ရှိ ကင်းစခန်းတစ်ခုကို ဇွန်လ ၁၂ရက် နံနက် ၅နာရီခန့်တွင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” စပစ်ရုံနဲ့တင်ထွက်ပြေးတာ။ ကျွန်တော်တို့လည်း ကျည်မဖြုန်းဘဲ အခြေအနေကို စောင့်ကြည့်နေတုန်း ထွက်ပြေးတာ မြင်ရတာပဲ။ စခန်းကို လွယ်လွယ်လေး သိမ်းလိုက်နိုင်တယ်” ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

(စစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းမှ PDF များသိမ်းဆည်းရရှိ​​သောပစ္စည်းအချို့နှင့်စခန်းကို မီးရှို့စဥ်။ ဓါတ်ပုံ- ​ဒေါင်းမင်းစစ်ဆင်​ရေး)
(စစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းမှ PDF များသိမ်းဆည်းရရှိ​​သောပစ္စည်းအချို့နှင့်စခန်းကို မီးရှို့စဥ်။ ဓါတ်ပုံ- ​ဒေါင်းမင်းစစ်ဆင်​ရေး)

အဆိုပါ စစ်ဆင်ရေးကို ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ထားဝယ်နဂါးတပ်ခွဲ(၂)၊ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့နှင့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့တို့ပူးပေါင်းပြုလုပ်ဆောင်ခဲ့ခြင်းဟုသိရသည်။

Public Service Announcement

Public Service Announcement

သရက်ချောင်းမြို့မှ စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းတပ်စွဲထားသော ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အလွယ်တကူသိမ်းယူနိုင်ခဲ့ခြင်းမှာဟုတ်မှန်​ကြောင်းတနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၊စစ်ဆင်ရေးတာဝန်ခံက People’s Spring သို့ အတည်ပြုသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီကင်းစခန်းကိုမီးရှို့ဖျက်ဆီးခဲ့ပြီး စကားပြောစက် နှစ်လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း သိမ်းယူဆည်းရရှိခဲ့သည်ဟု သိရသည်။

ယခုအခါ သရက်ချောင်းမြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး ပြည်သူများ စစ်ရေးသတိရှိရန်နှင့်နံနက် ၆နာရီမှည ၉နာရီအတွင်းသာ ခရီးသွားလာကြရန် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ငတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။