Connect with us

Hi, what are you looking for?

သတင်း

သရက်​ချောင်းတွင်စစ်တပ်နှင့်ပျူပူး​ပေါင်းစခန်းကိုPDFများစီးနင်းတိုက်ခိုက် စစ်သားနှင့်ပျူများမခုခံဘဲထွက်​ပြေး

စစ်ကောင်စီတပ်နှင့်ပျူစောထီး ပူးပေါင်းတပ်စွဲထားသော သရက်ချောင်းမြို့အထွက်ရှိ ကင်းစခန်းတစ်ခုကို ဇွန်လ ၁၂ရက် နံနက် ၅နာရီခန့်တွင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းမှ PDF များသိမ်းဆည်းရရှိ​​သောပစ္စည်းအချို့နှင့်စခန်းကို မီးရှို့စဥ်။ ဓါတ်ပုံ- ​ဒေါင်းမင်းစစ်ဆင်​ရေး)
(စစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းမှ PDF များသိမ်းဆည်းရရှိ​​သောပစ္စည်းအချို့နှင့်စခန်းကို မီးရှို့စဥ်။ ဓါတ်ပုံ- ​ဒေါင်းမင်းစစ်ဆင်​ရေး)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့မှ စစ်ကောင်စီတပ်နှင့် ပျူ​စောထီးတို့၏ကင်းစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကခုခံတိုက်ခိုက်ခြင်းမရှိဘဲ ထွက်ပြေးသွားကြောင်း PDF များက​ပြောသည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီး ပူးပေါင်းတပ်စွဲထားသော သရက်ချောင်းမြို့အထွက်ရှိ ကင်းစခန်းတစ်ခုကို ဇွန်လ ၁၂ရက် နံနက် ၅နာရီခန့်တွင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” စပစ်ရုံနဲ့တင်ထွက်ပြေးတာ။ ကျွန်တော်တို့လည်း ကျည်မဖြုန်းဘဲ အခြေအနေကို စောင့်ကြည့်နေတုန်း ထွက်ပြေးတာ မြင်ရတာပဲ။ စခန်းကို လွယ်လွယ်လေး သိမ်းလိုက်နိုင်တယ်” ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

(စစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းမှ PDF များသိမ်းဆည်းရရှိ​​သောပစ္စည်းအချို့နှင့်စခန်းကို မီးရှို့စဥ်။ ဓါတ်ပုံ- ​ဒေါင်းမင်းစစ်ဆင်​ရေး)
(စစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းမှ PDF များသိမ်းဆည်းရရှိ​​သောပစ္စည်းအချို့နှင့်စခန်းကို မီးရှို့စဥ်။ ဓါတ်ပုံ- ​ဒေါင်းမင်းစစ်ဆင်​ရေး)

အဆိုပါ စစ်ဆင်ရေးကို ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ထားဝယ်နဂါးတပ်ခွဲ(၂)၊ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့နှင့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့တို့ပူးပေါင်းပြုလုပ်ဆောင်ခဲ့ခြင်းဟုသိရသည်။

Public Service Announcement

Public Service Announcement

သရက်ချောင်းမြို့မှ စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းတပ်စွဲထားသော ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အလွယ်တကူသိမ်းယူနိုင်ခဲ့ခြင်းမှာဟုတ်မှန်​ကြောင်းတနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၊စစ်ဆင်ရေးတာဝန်ခံက People’s Spring သို့ အတည်ပြုသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီကင်းစခန်းကိုမီးရှို့ဖျက်ဆီးခဲ့ပြီး စကားပြောစက် နှစ်လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း သိမ်းယူဆည်းရရှိခဲ့သည်ဟု သိရသည်။

ယခုအခါ သရက်ချောင်းမြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး ပြည်သူများ စစ်ရေးသတိရှိရန်နှင့်နံနက် ၆နာရီမှည ၉နာရီအတွင်းသာ ခရီးသွားလာကြရန် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ငတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook