Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးကို ဆုံးခန်းတိုင်အောင် ဆင်နွှဲရေး ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဖွဲ့စည်းကြောင်း ကြေညာ

တော်လှန်ရေးတိုက်ပွဲကြားမှ သွေးအလူးလူးဖြင့် ဖွားမြင်လာသည့် ဆိုရှယ်ဒီမိုကရက်တစ်ပါတီသည် ‘တိုက်ပွဲကို မကြောက်၊ ရန်သူ့ကို ဒူးမထောက်’ သော ပါတီတရပ်ဖြစ်ရမည်ဟု ပိုင်းဖြတ်ထားကြောင်း ပါတီ၏ ကြေညာစာတမ်း၌ ဖော်ပြသည်။

(ကို​ကျော်ကိုကို က အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှ ရှင်းလင်း​နေစဥ်။ဓါတ်ပုံ-PS)
(ကို​ကျော်ကိုကို က အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှ ရှင်းလင်း​နေစဥ်။ဓါတ်ပုံ-PS)

“ကျွန်တော်တို့ပါတီ တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စစ်သုံးစစ်ဆန့်ကျင်ရေးကို လုပ်ဆောင်ဖို့ တည်ထောင်ထားတဲ့ ပါတီဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်” ပါတီအထွေထွေအတွင်းရေးမှူး ကိုကျော်ကိုကို

တော်လှန်ရေးကို ဆုံးခန်းတိုင်အောင် ဆင်နွှဲရေးအတွက် ပြည်သူတရပ်လုံးပါဝင်လာအောင် လှုံ့ဆော်ရန် ဆိုရှယ်ဒီမိုကရက်တစ်ပါတီကို ဖွဲ့စည်းလိုက်ကြောင်း ယင်းပါတီက ထုတ်ပြန်ကြေညာသည်။

တော်လှန်ရေးတိုက်ပွဲကြားမှ သွေးအလူးလူးဖြင့် ဖွားမြင်လာသည့် ဆိုရှယ်ဒီမိုကရက်တစ်ပါတီသည် ‘တိုက်ပွဲကို မကြောက်၊ ရန်သူ့ကို ဒူးမထောက်’ သော ပါတီတရပ်ဖြစ်ရမည်ဟု ပိုင်းဖြတ်ထားကြောင်း ပါတီ၏ ကြေညာစာတမ်း၌ ဖော်ပြသည်။

“ကျွန်တော်တို့ပါတီက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ ပါတီဖြစ်ပါတယ်။ စစ်ကောင်စီရွေးကောက်ပွဲနဲ့ ပတ်သက်လာလို့ရှိရင် ဖက်ဆစ်စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲတွေအပါအဝင်၊ ဖက်ဆစ်စစ်တပ်က ချမှတ်ပေးထားတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းမယ့်ပါတီမျိုး မဟုတ်ပါဘူး။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ ဖက်ဒရယ်လမ်းကို ရဲရဲဆက်ဆိုတဲ့ ကြွေးကြော်သံနဲ့ ကျွန်တော်တို့ ပါတီက ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ဆောင်ရွက်နေတဲ့ ပါတီဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ပါတီ တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စစ်သုံးစစ်ဆန့်ကျင်ရေးကို လုပ်ဆောင်ဖို့ တည်ထောင်ထားတဲ့ ပါတီဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်” ဟု ယင်းပါတီအထွေထွေအတွင်းရေးမှူး ကိုကျော်ကိုကိုက ပြောသည်။

ပါတီဝင်အများစုမှာ ၂၀၂၁ နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးထဲ ပါဝင်လာသည့် လူငယ်များဖြင့် ဖွဲ့စည်းထားပြီး အများစုမှာ လူငယ်ပါတီဝင်များဖြစ်ကြောင်း ပါတီဗဟိုကော်မတီဝင်လည်းဖြစ်သူ ကိုကျော်ကိုကိုက ယနေ့(ဇွန်လ ၂၁ ရက်)တွင် ကျင်းပသော ပါတီမိတ်ဆက်သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

Public Service Announcement

Public Service Announcement

“လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တဲ့အတွက်၊ စစ်သုံးစစ်ကို တိုက်ဖျက်မယ့် ပါတီဖြစ်တဲ့အတွက် ရှေ့အနာဂတ်ကို ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တယ်။ လတ်တလော နိုင်ငံရေးမှာ ‌ကျွန်တော်တို့က တော်လှန်ရေးတာဝန်ကို ဘယ်လို ကျေပွန်အောင်လုပ်ရမလဲ၊ တော်လှန်ရေးထဲမှာ ဘယ်လိုအင်အားစုတွေနဲ့ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ အမြဲတမ်းစဉ်းစားတယ်။ အဲဒီလို စဉ်းစားတဲ့အခါမှာ မဟာမိတ်ပေါ်လစီအရ ပြောမယ်ဆိုရင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ မည်သည့်လူပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူမျိုးစုတိုင်းရင်းသား၊ မည်သည့်လူတန်းစားမဆို ကျွန်တော်တို့က မဟာမိတ်ဖွဲ့ပြီးတော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို ဆောင်ရွက်သွားမယ်ဆိုတာ သန္နိဋ္ဌာန်ချထားတဲ့ ပါတီဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အထက်ပါ ပါတီသည် အဖိနှိပ်ခံပြည်သူဘက်မှ ရပ်တည်သည့် လူတန်းစားအခြေခံပါတီဖြစ်ပြီး တန်းတူမှုနှင့် ကိုယ်ပိုင်းပြဌာန်းခွင့်အတွက် ဆိုရှယ်ဒီမိုကရက်တစ်ဖက်ဒရယ်အယူအဆကို စွဲကိုင်ကြောင်း ပါတီ၏ အခြေခံလက္ခဏာများတွင် ဖော်ပြသည်။

ထို့အပြင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးနှင့် လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်၍ တော်လှန်ရေးဆင်နွှဲမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရက်အရင်းရှင်စနစ်၊ လူမျိုးကြီးဝါဒ၊ မဟာဖိုကြီးစိုးရေးဝါဒတို့ကို ရန်သူကြီး လေးရပ်အဖြစ် သတ်မှတ်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းလူမျိုးများ နိုင်ငံရေးကို သတ္တိရှိရှိ လုပ်ဆောင်ရန် နှင့် လူငယ်များ တအာင်း ပြည်တွင်သာမက မြန်မာပြည်တခုလုံး တော်လှန်ရေးလုပ်ငန်းများ၌ ပါဝင်ရန် တအာင်းတပ်မတော်(PSLF/TNLA) ထိပ်ပိုင်းခေါင်းဆောင်များက တိုက်တွန်းပြောကြားသည်။

သတင်း

စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နိုင်ရန်အတွက် စုဖွဲ့လေ့ကျင့်မှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောကြားလိုက်ပြီး တော်လှန်ရေးကို တော်လှန်ရေးနှင့်တူအောင်၊ စစ်ကို စစ်နှင့်တူအောင် တိုက်ရန် အားလုံး၌ တာဝန်ရှိသည်ဟု သတိပေးသည်။

သတင်း

စစ်ကောင်စီပြုတ်ကျရေးအတွက် တော်လှန်ရေးအင်အားစုများဟန်ချက်ညီညီ စုပေါင်းအင်အား စုပေါင်းခေါင်းဆောင်မှုဖြင့် စုပေါင်းပြီး အလုပ်လုပ်ဆောင်ရန် လိုအပ်နေကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC) အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇာရ် က ပြောကြားသည်။

သတင်း

စစ်အာဏာရှင်များ သက်ဆိုးမရှည်ရန် တော်လှန်ရေးတိုက်ပွဲကို အောင်မြင်အောင် ကျားကုပ်ကျားခဲ ဆက်လက်တိုက်ပွဲဝင်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုစစ်ဦးစီးချုပ်မာဝီက KNDF တည်ထောင်ခြင်း (၄)နှစ်ပြည့်တွင် သတင်းစကားပါး တိုက်တွန်းသည်။