Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့တွင် ပန်းပန်သူနှင့် ပန်းသည်အမျိုးသမီး ၂၀ထက်မနည်းကို စစ်ကောင်စီတပ် ဖမ်းဆီး

ဖမ်းဆီးခံရသူများ ယနေ့ညနေအထိ ပြန်မလွတ် သေးကြောင်း ကလေးမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်ရဲဘော်တစ်ဦးက ပြောသည်။

(ယနေ့ ကျရောက်သည့် ဒေါ်အောက်ဆန်းစုကြည်​၏ မွေးနေ့တွင် ပန်းသပိတ်ပြုလုပ်နေသည့် အမျိုးသမီးအား တွေ့ရစဉ်)
(ယနေ့ ကျရောက်သည့် ဒေါ်အောက်ဆန်းစုကြည်​၏ မွေးနေ့တွင် ပန်းသပိတ်ပြုလုပ်နေသည့် အမျိုးသမီးအား တွေ့ရစဉ်)

ကလေးမြို့တွင် ယနေ့နံနက်ပိုင်းက ပန်းပန်သည့် အမျိုးသမီးအချို့နှင့် ပန်းရောင်းဈေးသည်အချို့အပါအဝင် အမျိုးသမီး ၂၀ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ကလေးမြို့တွင် ယနေ့နံနက်ပိုင်းက ပန်းပန်သည့် ပန်းရောင်းဈေးသည်အချို့ နှင့် ပန်းဝယ်သူအပါအဝင် အမျိုးသမီး ၃၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

“မြို့မဈေးထဲကိုဝင်လာပြီး ဖမ်းတာ။ ပန်းပန်တဲ့ သူတွေရော၊ ပန်းရောင်းသူတွေကိုရော။ ၂၀ထက် မကဘူး။ နေရာစုံက အမျိုးသမီးတွေကို ဖမ်းသွားတာ”ဟု ကလေး PDF တပ်ဖွံ့ဝင်တစ်ဦးက ပြောသည်။

ဖမ်းဆီးသူများသည် ပုံမှန် သွားလာကြသည့် အမျိုးသမီးများဖြစ်ပြီး ပန်းသပိတ်ပါဝင်သူများမဟုတ်ကြောင်းလည်း မျက်မြင်သက်သေများကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ပန်းပန်ပြီး ဈေးရောင်းတဲ့ ဈေးသည်တွေကော၊ ပန်းပန်ပြီး ဈေးလာဝယ်တဲ့ အမျိုးသမီးတွေကို ဖမ်းသွားတာ၊ အရပ်ဝတ်နဲ့လာပြီးဖမ်းသွားတာ”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

ယနေ့ (ဇွန်လ ၁၉ရက်)နံနက် ၈နာရီခန့်က ကလေးမြို့ လမ်းဆုံရှိ ကလေးမြို့မဈေးသို့ စစ်ကောင်စီတပ်သားများကအရပ်ဝတ်များဖြင့် ကားနှစ်စီးဖြင့် ရောက်ရှိလာပြီး ပန်းပန်သည့် အမျိုးသမီးအချို့နှင့် ပန်းရောင်းဈေးသည်အချို့ကိုဖမ်းဆီးသွားခြင်းဟု ယင်းဈေးအနီးနေသူများက ပြောသည်။

“ဖမ်းခေါ်သွားတာ မြင်တယ်ဗျ။ နောက်ဆက်တွဲ မသိရသေးဘူး။ ပြန်လွတ်၊ မလွတ် မသိသေးဘူး”ဟု မြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးထားသည့် အမျိုးသမီးများအနက် ပန်းရောင်းသည့် အမျိုးသမီးနှစ်ဦးကို နာရီပိုင်းအတွင်းပြန်လည်လွတ်ပေးခဲ့သော်လည်း အများစုကို ဖမ်းဆီးထားဆဲဖြစ်သည်ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူအများစုကို ယနေ့ညနေအထိ ပြန်မလွတ် သေးကြောင်း ကလေးမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်ရဲဘော်တစ်ဦးကလည်း ပြောသည်။

၎င်းကဆက်လက်ပြီး ” တော်တော် အလုပ်မဟုတ်တာလုပ်နေတာဗျ။ စစ်အုပ်စုက။ ဘာကိုကြောက်နေတာလဲ။ သူတို့ ထမင်းလုံးတစ္ဆေခြောက်သလို ဖြစ်နေတာ”ဟု ပြောသည်။

ထိုအပြင် ယ​နွေတွင် ကလေးမြို့၌ စစ်ကောင်စီတပ်သားများက အနေရာအနှံ ဖြန့်ကြန့်ပြီး စစ်ဆေးကြမ်းနေကြောင်းဒေသခံတစ်ဦးကပြောသည်။

ယနေ့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့ဖြစ်သည်။ စစ်တပ်​၏ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ်ကို ပြည်တွင်းနှင့် နိုင်ငံတကာမှ မြန်မာပြည်သူများနက နည်းမျိုးစုံဖြင့်ပြုလုပ်နေကသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။