Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းရှိ တံတားတစ်စီးကို မိုင်းခွဲဖျက်ဆီးခဲ့ဟု KNLA တပ်မှူးပြော

မကြာသေးမီကလည်း KNU တပ်မဟာ(၃)နယ်မြေတွင် နတ်သံကွင်းတံတားအပါအဝင် ဒေသတွင်း တံတားအချို့ကို စစ်ရေးအခြေအနေအရ ဖျက်ဆီးခဲ့ကြောင်း KNU ကအသိပေးထားသည်။

(ဘီးလင်းမြို့နယ်ရှိ တံတားတစ်စီးကို ယမန်နေ့ညပိုင်းက မိုင်းခွဲဖျက်ဆီးပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဘီးလင်းမြို့နယ်ရှိ တံတားတစ်စီးကို ယမန်နေ့ညပိုင်းက မိုင်းခွဲဖျက်ဆီးပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️မောင်လမြိုင်နှင့် ဘားအံသို့ စစ်ကောင်စီ၏ထောက်ပို့ကို ဖြတ်တောက်ခြင်းဖြစ်ဟု အသိပေးတံတားပျက်စီးမှုနှင့်အတူ ယာဉ်အချို့ထိခိုက်ခဲ့

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ တံတားတစ်စီးကို ယမန်နေ့ညပိုင်းက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေခံ တပ်မှူးတစ်ဦးက ပြောသည်။

ဘီးလင်းနှင့် သထုံမြို့နယ်ကြားရှိ အဆိုပါတံတားကို ဖျက်ဆီးလိုက်ခြင်းမှာ စစ်ရေးအခြေအနေအရ စစ်ကောင်စီထောက်ပို့ကို ဖြတ်တောက်ရန် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကနဦးအခြေအနေက ညတုန်းက ၉နာရီကျော်ကျော်လောက်မှာ ဘီးလင်းနဲ့ကျိုက်ကော်ကြားပေါ့။ ကမာစိုင် ကွက်သစ်အဝင်ထိပ်နားမှာ တံတားတစ်ချောင်းမိုင်းသွားခွဲလိုက်တယ်။ ကျနော်တို့ဘက်ကသွားပြီးတော့ အဲဒီတံတားကို သွားချိုးလိုက်တာ။ အဲဒီ တံတားကို စကစ ထောက်ပို့တွေပေါ့ မော်လမြိုင် – ဘားအံ ဒီဘက်ကိုသူတို့တွေထောက်ပို့လို့ မရအောင် အဲဒီတံတားကို သွားချိုးလိုက်တာ”ဟု နယ်မြေခံ KNLA တပ်မှူးက ပြောသည်။

(ဘီးလင်းမြို့နယ်ရှိ တံတားတစ်စီးကို ယမန်နေ့ညပိုင်းက မိုင်းခွဲဖျက်ဆီးပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဘီးလင်းမြို့နယ်ရှိ တံတားတစ်စီးကို ယမန်နေ့ညပိုင်းက မိုင်းခွဲဖျက်ဆီးပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

မိုင်းခွဲခံရ၍ တံတားတစ်ဖက်ပြုတ်ကျသွားပြီး ကားငယ် ၂ စီးပါတံတားပြုတ်ကျမှုနှင့်အတူပါသွားသည်‌ကို ဓာတ်ပုံမှတ်တမ်းများ၌ တွေ့ရပြီး ၊အခြားကားတစ်စီးမှာလည်း ပြုတိမကျ​သော်လည်း ကား​ခေါင်းပိုင်းထိခိုက်ပျက်စီး၍ရပ်ထားသည်ကို​တွေ့ရသည်။

Public Service Announcement

Public Service Announcement

“အဲဒီမှာကားတွေကတော့ အဖြူရောင်တွေ အပြာရောင်တွေ အရပ်သားကားတွေ ပြုတ်ကျတာတော့တွေ့တယ်။ချိုးတာကလည်း အဝေးထိန်းနဲ့ချိုးတဲ့အခါကျတော့ ကားဖြတ်တဲ့အခါ ထိတာဖြစ်မယ်။ ထိရင် အဲဒီကားက ပြုတ်ကျမှာပဲ။ပြုတ်ကျပြီးတော့ ကားပေါ်မှာ ကားစီးတဲ့သူတွေ ထိခိုက်ဒဏ်ရာသေဆုံးမှုရှိနိုင်တယ်။ အဲဒါ သတင်းအတိအကျမရသေးဘူး”ဟု KNLA တပ်မှူးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါတံတားသည် ရန်ကုန်-​မော်လမြိုင်ကားလမ်း​ပေါ်ရှိပြီး​နေစဥ့် ​ကားများအသုံးပြုမှုများ​​သောလမ်းဖြစ်သည်။ တံတားတစ်ခြမ်းပျက်စီးသွားပြီး​နောက်ကျန် တခြမ်းကိုအသုံးပြု၍ ကားတစ်ချို့ ဖြတ်သန်း​နေကြပြီး တံတားနှစ်ဖက်စလုံးတွင် ကားအစီး​ရေများစွာ တန်းစီ​နေ​ကြောင်း​မြေပြင်သတင်းအရသိရသည်။

အဆိုပါတံတားကို မိုင်းခွဲလိုက်ခြင်းကြောင့် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ဒေသတွင်းရှိ ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

(ဘီးလင်းမြို့နယ်ရှိ တံတားတစ်စီးကို ယမန်နေ့ညပိုင်းက မိုင်းခွဲဖျက်ဆီးပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဘီးလင်းမြို့နယ်ရှိ တံတားတစ်စီးကို ယမန်နေ့ညပိုင်းက မိုင်းခွဲဖျက်ဆီးပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

KNU တပ်မဟာ(၁)နယ်မြေ ဘီးလင်း၊ သထုံ၊ ကျိုက်ထိုစသည့် ဒေသများ၌ စစ်ကောင်စီတပ် စစ်ကြောင်းများ၊ ယာဉ်တန်းများကို KNLA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။ စစ်ရေးအရှိန်မြင့်လာခြင်းနှင့်အတူ စစ်ကောင်စီတပ်ကလည်း ကျိုက်ထို၊ သထုံမြို့နယ်တို့တွင် ရွာချင်းဆက်၊ ခရိုင်ချင်းဆက် လမ်းများကို စက်ယန္တရား အသုံးပြု ဖျက်ဆီးပြီး ခံစစ်ပြင်နေသကဲ့သို့ KNLA ပူးပေါင်းတပ်ကလည်း စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းများကို ဖျက်တောက်တိုက်ခိုက်လျက်ရှိသည်။

မကြာသေးမီကလည်း KNU တပ်မဟာ(၃)နယ်မြေတွင် နတ်သံကွင်းတံတားအပါအဝင် ဒေသတွင်း တံတားအချို့ကို စစ်ရေးအခြေအနေအရ ဖျက်ဆီးခဲ့ကြောင်း KNU ကအသိပေးထားသည်။

ယမန်နေ့ (ဇွန်လ ၂၈ရက်) ညနေပိုင်းကလည်း ကျိုက်ထိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA ပူးပေါင်းတပ်ကင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်မှူးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ပိန်းဇလုပ် - သူဌေးကုန်းကြားက မီးရထားလမ်း ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးခဲ့ပြီး လက်နက် ၅လက်သိမ်းရကြောင်း KNUက ထုတ်ပြန်ပါတယ်။